ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ်တင်သွင်းခြင်းကိုတစ်လလျှင်တစ်စီးသာကန့်သတ်


ကုမ္ပဏီလိုင်စင်ဖြင့်လုပ်ငန်းသုံးယာဉ်တင်သွင်းခြင်းကိုတစ်လလျှင်တစ်စီးသာခွင့်ပြုပေးမည်ဟု ကန့်သတ်လိုက်သော်လည်းတစ်တန်အထက်ယာဉ်များမပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

ယခင်ကကုမ္ပဏီလိုင်စင်ဖြင့်လုပ်ငန်းသုံးယာဉ်များဖြစ်သည့်ပစ်ကပ်နှင့်လိုက်ထရပ်များတင်သွင်းခြင်းကို ထိန်းချုပ်မထားပဲပါမစ်တစ်စောင်လျှင် တစ်စီးနှုန်းဖြင့်တင်သွင်းခွင့်ပေးခဲ့သည်။

သို့သော်ကုမ္ပဏီများမှတစ်တန်နှင့်အောက်လုပ်ငန်းသုံးယာဉ်များကိုတင်သွင်းမှုများပြားလာခြင်းကြောင့် ကန့်သတ်လိုက်သည့်အနေဖြင့် တစ်လလျှင်တစ်စီးသာတင်သွင်းခွင့်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

ယင်းတွင်တစ်တန်အထက်ယာဉ်များကိုမူယခင်အတိုင်းပါမစ်တစ်စောင်လျှင်တစ်စီးနှုန်းဖြင့် ကန့်သတ်ချက်မရှိဘဲတင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

ကုမ္ပဏီလိုင်စင်နှင့်တင်သွင်းသည့်လုပ်ငန်းသုံးယာဉ်များသည့်အတွက်ဇွန်လဒုတိယအပတ်မှစပြီး တစ်တန်အောက်ယာဉ်များကိုတစ်လတစ်စီးခွင့်ပြုပေးတော့မည်ဖြစ်ပါသည်။

တစ်တန်အထက်ယာဉ်များကိုပါမစ်တစ်စောင်ကိုတစ်စီးနှုန်းဖြင့်ခွင့်ပြုပေးမည်ဖြစ်ပြီး တစ်စီးတင်သွင်းပြီးသည့် အခါတိုင်းနောက်တစ်ကြိမ်ပါမစ်လျှောက်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုမ္ပဏီလိုင်စင်ဖြင့်တင်သွင်းသောတစ်တန်အောက်ယာဉ် များကိုတစ်လတစ်စီးနှုန်းဖြင့်ကန့်သတ်လိုက်ရာတွင်အဓိအားဖြင့်အင်ဂျင်ပါဝါ ၆၆၀ စီစီမီနီထရပ်များမှာရုတ်တရက်ဈေးမြင့်တက်သွားခဲ့သည်။

ယင်းကားများဈေးနှုန်းမြင့်တက်သွားကြောင့် CKD စနစ်ဖြင့်ထုတ်လုပ်ရောင်းချနေသော ၂၀၁၇ မိုဒယ် Suzuki Carry Truck နှင့် Brand New Showroom များမှတင်သွင်းထားသည့်အင်ဂျင်ပါဝါ ၁၀၀၀ စီစီနှင့်အောက်ပစ်ကပ်ကားလေးများဈေးကွက်အားကောင်းလာနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

Read 2230 times