အရောင်းစင်တာ ကားတင်သွင်းခွင့် လျှောက်ထားခြင်း ဇန်နဝါရီလဆန်း ပြန်လည်လက်ခံမည်


အရောင်းစင်တာ ကားတင်သွင်းခွင့် လျှောက်ထားခြင်း ဇန်နဝါရီလဆန်း ပြန်လည်လက်ခံမည်
အရောင်းစင်တာ၊အရောင်းပြခန်းများမှမော်တော်ယာဉ်တင်သွင်းခွင့် လျှောက် ထားမှုများအတွက် အသိပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ထုတ်ပြန်ထားပါသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အရောင်းစင်တာ၊ အရောင်းပြခန်းများမှမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားမှုများကိုစိစစ်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ပြက္ခဒိန် နှစ်မကုန်မီ နှစ်ချုပ်စာရင်းရှင်းလင်းခြင်းနှင့် လိုအပ်သောပြင်ဆင်မှုများဆောင်ရွက်ရမည်ဖြစ်၍ အရောင်းစင်တာ၊အရောင်းပြခန်းများမှ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားမှုများကို ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ(၁၇)ရက်နေ့အထိလက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး၂၀၂၂ ခုနှစ်အတွက်တင်သွင်း ခွင့်လျှောက်ထားခြင်းအား ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့မှ စ၍ ပြန်လည်ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။

 

 

 

 

Read 5302 times