မော်တော်ယာဉ်အရောင်းစင်တာမှ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားသူများသိရှိရန်
အရောင်းစင်တာများအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်အား ပြင်ဆင်ချက်များ လျှောက်ထားရာတွင် စာလုံးပေါင်းမှာယွင်း၍ ပြင်ဆင်ခြင်းကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး ၊ ဈေးနှုန်းပြောင်းလဲပြင်ဆင်ခြင်း ၊ မော်တော်ယာဉ်အမျိုးအစား ပြောင်းလဲပြင်ဆင်ခြင်းနှင့် Model Year ပြောင်းလဲပြင်ဆင်ခြင်းတို့အတွက် သွင်းကုန်လိုင်စင်အပ်နှံ၍ နှစ်အလိုက် သတ်မှတ်ထားသည့် Model Year အတိုင်းလျှောက်ထားခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ