မိုဒယ်အမြင့်ခုန် ရုပ်ပြောင်းကားများ ပြောင်းလဲထားသည့် မိုဒယ်အတိုင်း အခွန်သတ်မှတ် ကောက်ခံသွားရန်ရှိ


မီးလုံး၊ မီးခွက်၊ ရှဲလ် မိုဒယ်အမြင့်ခုန်ထားသော ရုပ်ပြောင်းကားများသည် မူလစက်ရုံထုတ်အတိုင်းဖြစ်ရမည်ဖြစ်ရာ အကယ်၍ပြောင်းလဲထားပါက ပြောင်းလဲထားသည့် မိုဒယ်အတိုင်း အခွန်သတ်မှတ်ကောက်ခံသွားရန်ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။

၂၀၀၈ မိုဒယ်မှ ၂၀၁၆ မိုဒယ်အထိ မိုဒယ်အမြင့်ခုန် ရုပ်ပြောင်းကားများဖြစ်ကြသော Land Cruiser ကားများ၊ Vanguard ကားများ၊ Mark X ကားများမှာ အကောက်ခွန်ဦးစီးဌာနတွင် သတ်မှတ်ထားသော CIF တန်ဖိုးအတိုင်း မိုဒယ်အနိမ့်နှုန်းထားဖြင့်သာ ပေးဆောင်၍ တင်သွင်းထားပြီး နောက်ပိုင်းမှတ်ပုံတင်ပြုလုပ်ရာတွင် မူလရုပ်ပုံစံနှင့်ကွဲပြားနေ၍ ပြောင်းလဲထားသော မိုဒယ်အတိုင်းအခွန်ပြန်လည်ကောက်ခံသွားရန်ရှိသည်ဟု သိရပါသည်။

"မိုဒယ် အမြင့်ခုန်ထားတဲ့ ရုပ်ပြောင်းကားတွေကတော့ ပြောင်းလဲထားတဲ့ မိုဒယ်အတိုင်း အခွန်ပြန်လည်ကောက်ခံသွားဖို့တော့ရှိတယ်။ ၂၀၀၈ မိုဒယ်ကနေ၂၀၁၆ မိုဒယ်ကို ခုန်ပြီး မိုဒယ်အမြင့်ခုန် ရုပ်ပြောင်းထားတဲ့ Land Cruiser ၊ Vanguard ကားတွေက ကားအရောင်းအဝယ်လုပ်ရင်၊ မှတ်ပုံတင်ရင် အမြင့်ရုပ်တွေဖြစ်နေလို့ပါ။ မူလစက်ရုံထုတ် အတိုင်းတော့ ဖြစ်ရမယ်လို့ အသိပေးသတ်မှတ်ထားပြီးသားပါ" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

Read 972 times