တင်သွင်းခွင့်မိုဒယ်တိုးမြှင့်ခြင်းနှင့်အခွန်နှုန်းထားပြောင်းလဲခြင်းကြောင့်ကားတင်သွင်းမှုလျော့နည်း


 ပြည်ပမှတင်သွင်းခွင့်ပြုသည့်တင်သွင်းခွင့်မိုဒယ်တိုးမြှင့်ခြင်းနှင့်အခွန်နှုန်းထားပြောင်းလဲကောက်ခံ လာခြင်း တို့ကြောင့်လူစီးယာဉ်တင်သွင်းမှုနည်းသကဲ့သို့ ကားတင်သင်္ဘောဆိုက်ကပ်မှုနှင့်ကမ်းချသည့် ကားအစီးရေလည်းလျော့နည်းသွားကြောင်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုယ်စားလှယ်လုပ်ငန်းဌာနမှ သိရသည်။

ပြီးခဲ့သည့်မေလအတွင်းကရန်ကုန်ဆိပ်ကမ်းများသို့ကားတင်သင်္ဘော ၁၁ စင်းဆိုက်ကပ်ခဲ့ပြီး ကားအစီးရေ သုံးထောင်ကျော်ကမ်းချခဲ့ရာတွင်လူစီးယာဉ် ၅၅၄ စီးသာပါဝင်ကြောင်းသိရသည်။

ယခင်နှစ်များကလူစီးယာဉ်များဖြစ်သည့် ဆလွန်း၊ ဗန်၊ ဝက်ဂန်ကားများကမ်းချမှုမှာလစဉ်အစီးငါးထောင် ဝန်းကျင်ရှိခဲ့သော်လည်း တင်သွင်းခွင့်မိုဒယ်တိုးမြှင့်လိုက်ခြင်းနှင့် စလစ်ကပ်ကားများကိုဝင်ငွေခွန် ကောက်ခံခဲ့ခြင်းတို့ကြောင့် ကမ်းချသည့်ကားအစီးရေသိသိသာသာနည်းသွားကြောင်းသိရသည်။

ကားတင်သွင်းမှုများကိုလအလိုက်နှိုင်းယှဉ်ကြည့်မည်ဆိုပါကယခုနှစ်ထဲတွင်တင်သွင်းမှုနည်းလာသည်ကိုတွေ့ရပါသည်။

ပြည်ပမှတင်သွင်းခွင့်မိုဒယ်တိုးမြှင့်ခြင်းနှင့် အခွန်နှုန်းထားများတိုးမြှင့်ကောက်ခံလာခြင်းတို့ကြောင့် ယခုနှစ်အတွင်းကားတင်သွင်းမှုများလျော့နည်းသွားပြီး ဇန်နဝါရီလတွင် ၅၉၂၅ စီး၊ ဖေဖော်ဝါရီလတွင် အစီး ၇၉၇၀ စီး၊ မတ်လတွင်အစီး ၄၈၇၀ စီး၊ဧပြီလတွင် ၄၄၅၄ စီးနှင့် မေလတွင် ၃၇၁၂ စီးတို့ကမ်းချခဲ့သည်။

Read 2475 times