အရောင်းစင်တာ အထောက်အထားပြနိုင်မှ လုပ်ငန်းသုံးကား တင်သွင်းခွင့်ပြုတော့မည်


အရောင်းစင်တာ ဖွင့်ထားကြောင်း အထောက်အထားပြနိုင်မှ လုပ်ငန်းသုံးကား တင်သွင်းခွင့်ပြုတော့မည်

● ကားအရောင်းစင်တာလိုင်စင်ဖွင့်မှသာ ပြည်ပမှ လုပ်ငန်းသုံးယာဉ်တင်သွင်းခြင်းကို တင်သွင်းရောင်းချခွင့်ပြုမည်။

● ပုံမှန်ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးကားများ တင်သွင်းနေသည်ကို ကားအရာင်းစင်တာလိုင်စင်လျှောက်ပြီး တင်သွင်းရန် သတ်မှတ်ပြဌာန်းထားပြီး ဖြစ်သည်။

● အရောင်းစင်တာ ဖွင့်ထားကြောင်း အထောက်အထားပြနိုင်မှ လုပ်ငန်းသုံးကား တင်သွင်းခြင်းကို လျှောက်ထားရန် ခွင့်ပြုတော့မည်။

● နယ်စပ်ကုန်သွယ်ရေးမှ ကားတင်သွင်းလျှင် အသစ်ကျပ်ချွတ် Brand New ကိုသာ ခွင့်ပြုမည်။

● ရေကြောင်းဖြင့် ဆိပ်ကမ်းမှ တင်သွင်းလျှင် တစ်ပတ်ရစ် နှင့် အသစ်ကျပ်ချွတ် နှစ်မျိုးစလုံး ခွင့်ပြုမည်။

● ကုန်တင်ယာဉ်များ၊ Mini bus / City bus / Express bus ဘယ်မောင်း ခရီးသည်တင်ယာဉ်များ တင်သွင်းရာတွင် ၂၀၁၆ မော်ဒယ်မှ ၂၀၂၀ မော်ဒယ်အတွင်းကို ခွင့်ပြုမည်။

● မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များ တင်သွင်းရာတွင် ၂၀၁၆ မော်ဒယ်မှ ၂၀၂၀ မော်ဒယ်အတွင်း ဘယ်မောင်း ညာမောင်း နှစ်မျိုးစလုံး ခွင့်ပြုမည်။









 

Read 2484 times