ရာသီဥတုပူပြင်းလာသည့်အချိန်တွင် ကားအတွင်းအပူချိန်မတက်စေရန် လိုက်နာသင့်သည့်အချက်များ


အချို့သောနေရာများတွင် ကားရပ်နားသည့်အခါ အရိပ်ရသည့်နေရာမှာ ကားပါကင် မရနိုင်သည့်အတွက် အဆင်ပြေရာ၊ကြုံရာနေရာ နေပူထဲတွင် ရပ်နားလိုက်မိသည့်အချိန်မျိုးတွင် ကားထဲသို့ ချက်ချင်းပြန်မဝင်နို်င်လောက်သည်အထိပူလောင်နေသည့်အခါတွင် ပြုလုပ်နိုင်သည့်အချက်များကိုဖော်ပြပေးလိုက်ပါသည်။

(၁)အရိပ်ရမည့်နေရာရှာခြင်း

ကားရပ်နားစရာရှားပါးသည့်နေရာမျိုးတွင် အရိပ်ရှိသည့်နေရာကိုတတ်နိုင်သလောက်ရှာပြီးမှရပ်ပါ။

လွင်တီးခေါင်ပြင်နေပူကြီးထဲတွင်ရပ်ထားရမည်ဆိုပါကကားမှန်ကိုအနည်းငယ်ဖွင့်ထားခြင်း(သို့မဟုတ်) ကားမှန်ချထားသည်ကိုရုတ်တရက်မမြင်နိုင်သည့်ကားမှန်တံခါးအပေါ်ဘက်တွင်ကာဗာတပ်ထားခြင်းတို့ကိုပြုလုပ်ထားနိုင်ပါသည်။

(၂) နေကာသုံးခြင်း

နေကာသုံးခြင်းသည်ကားထဲမပူအောင်မကာကွယ်နိုင်သော်လည်းခရမ်းလွန်ရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့စေရန် ကာကွယ်ပေးနိုင်ပါသည်။

ကားမှန်အပြင်ကိုမအုပ်ထားချင်ပါက ကားမှန်အတွင်းပိုင်းမှကာထားနိုင်သည်ကိုတွေ့ရပါသည်။

(၃) ကားမှန်စတစ်ကာကပ်ခြင်း

ကားမှန်စတစ်ကာမှာကားထဲကိုအပူတိုက်ရိုက်မထိအောင်ကာကွယ်ပေးသော်လည်းသတိထားရမည့်မှာစတစ် ကာအရောင်သတ်မှတ်ချက်အတိုင်းကပ်ရမည်ဖြစ်သည်။

(၄) ကားအောက်ပိုင်းကိုလေမှုတ်ထုတ်စေခြင်း

နေပူထဲတွင်ကားရပ်ထားပြီးနောက် ကားမှန်ပေါက်အကုန်ဖွင့်ပြီးသည်နှင့် အများစုကကားအတွင်းပိုင်းပန်ကာကို အပေါ်ဘက်တွင်ထားပြီးခန္ဓာကိုယ်အေးအောင်လုပ်လေ့ရှိသော်လည်းတကယ်တမ်းပန်ကာလေကိုအမြင့်ဆုံးနှုန်းတင်ပြီး ကားအတွင်းဘက်အောက်ခြေပိုင်းကိုအရင်ဆုံးလွှတ်ပေးပြီး အပူထွက်အောင်လုပ်ရမည်ဖြစ်သည်။

(၅) အဲကွန်းစနစ်တကျသုံးခြင်း

ကားထဲအရမ်းပူနေချိန်တွင်အဲကွန်းကိုလူဆိသို့တိုက်ရိုက်အေးစေမည့်အစားအရင်ဆုံးFreshairခလုတ်မှာထားရန်လိုပါသည်။

အချိန်အနည်းငယ်ကြာမှကားတစ်စီးလုံးဖြန့်ကျက်အေးမြအောင်Recirculationလုပ်ခြင်းကပိုပြီးသင့်လျော် ပါသည်။

၁၀ မိနစ်ခန့်ဖွင့်ထားပြီး အပူချိန်လျော့သွားသည့်အချိန်မှ မိမိစိတ်ကြိုက်အအေးလွှတ်ခြင်းပြုလုပ်ရပါသည်။

 

Read 4129 times