ကားအင်ဂျင်တစ်လုံး အကောင်းဆုံးလည်ပတ်နိုင်ရန်အတွက် အရေးပါဆုံး လိုအပ်သောပစ္စည်းမှာ စက်သုံးဆီဖြစ်ပါသည်။
ကမ္ဘာမြေ၏ မည်သည့်နေရာတွင်မဆို လေထုရှိနေသောကြောင့် ဆီနှင့်ရောပြီး ပေါက်ကွဲစေမည့် လေအတွက် ထွေထွေထူးထူးရှာဖွေထည့်နေစရာမလိုပေ။
စက်သုံးဆီရှိနေ၍ ကားမောင်း၍ ရမည်လားဆိုသည်မှာတော့ မိမိမောင်းမည့်ကား၏ အင်ဂျင်ထဲသို့ လိုအပ်သလို ဆီသွင်းပေးရန် လိုအပ်နေသေးပါသည်။
အင်ဂျင်အပေါက်ထဲ ဆီများ လောင်းထည့်လိုက်သည်နှင့် အင်ဂျင်မှာ လည်ပတ်လာမည်မဟုတ်ဘဲ ပထမအဆင့် အနေဖြင့် ဆီတိုင်ကီထဲတွင် ဆီကို ဆံ့သလောက် ထည့်ထားနိုင်မည်ဖြစ်ပါသည်။
ထိုမှတစ်ဆင့် လိုအပ်သော ဆီပမာဏကိုသာ အင်ဂျင်ထဲသို့ ဝင်စေမည်ဖြစ်ပါသည်။
ထိုလိုအပ်သော ပမာဏကို သိစေရန် ထိန်းပြီးဝင်စေရန်အတွက် တာဝန်ယူလုပ်ဆောင်မှုများကို ဖော်ပြပေးပါမည်။
ဆီပို့စနစ်သည် ဆီတိုင်ကီထဲမှ ဆီကို အင်ဂျင်အတွင်းခန်းကို ပို့ပေးပြီး Fuel Pump ဟု ခေါ်သော အစိတ်အပိုင်းက တာဝန်ယူလုပ်ဆောင်ပေးရပါသည်။
အဆိုပါ Pump တစ်လျှောက်တွင် ဆီစစ်ဘူးရှိပြီး ထိုဘူးတွင် ချေးများပိတ်နေပါက ဆီအလိုက်မမှန်၍ အင်ဂျင်ထဲသို့ဆီမရောက်ဘဲ ဆီပျောက်သွားနိုင်ပါသည်။
ဆီထဲတွင် ရေ၊ ချေး၊ အမှိုက်များ ပါနေပါက တစ်နေရာမဟုတ် တစ်နေရာတွင် ဆီပိတ်ပြီး ဆီပျောက်နိုင်ပါသည်။
Fuel Pump အနေဖြင့် ဖိအားတစ်ခု ယူပြီး တိုင်ကီထဲမှ ဆီကို အင်ဂျင်အတွင်းခန်းကို ပေးပို့ခြင်း ဖြစ်ပါသည်။
EFI စနစ်သုံးကားများတွင် ဖိအားအနေဖြင့် 13 psi မှ 17 psi အတွင်းရှိပြီး Direct စနစ်ဖြင့်သွားသော GDI ကားများတွင် ဖိအားမှာ 40psi မှ 55psi အထိအောင် ဖိအားပိုသုံးသည်ကို တွေ့ရပါသည်။
တိုင်ကီထဲတွင် ဆီများနေသည်ဖြစ်စေ၊ နည်းနေသည်ဖြစ်စေ၊ ဖိအားငြိမ်အောင် Pressure Regulator ဆိုသော အပိုင်းက ထိန်းထားပေးပါသည်။
Injector ပါရှိသော မိုဒယ်များတွင် ECU ဟု ခေါ်သော လျှပ်စစ်ထိန်းချုပ်စနစ်က ထိန်းထားပေးပါသည်။
လီဗာနင်းသလောက် လိုအပ်သော ဆီပိုပေး၊ လျော့ပေးရန်ကိုလည်း ECU မှ ထိန်းပေးထားပါသည်။
Injector များ မကောင်းပါက ECU မှ စစ်ဆေးသိရှိနိုင်ပါသည်။
သို့သော်လည်း လျှပ်စစ်စနစ်နှင့် ထိန်းချုပ်သောစနစ်ဖြစ်သည့်အတွက် ရှေ့ထွက် ကာဘရိုက်သုံး မိုဒယ်ကဲ့သို့ ရုတ်တရက်ကားရပ်ခြင်းမျိုး၊ ဆက်လက်မောင်းနှင်း၍ မရခြင်းမျိုး စက်သေသွားခြင်းမျိုး အဖြစ်နည်းပါသည်။
EFI နှင့် GDI ကားများတွင် ဆီပျောက်မှုအဖြစ်ဆုံးမှာ ဆီမသန့်မှုနှင့် ဆီစစ်ဘူးအပိုင်း အားနည်းချက်များ ဖြစ်တက်ပြီး Fuel Pump တွင်လည်း ပြစ်ချက်တစ်ခုခုကြောင့် ဆီပျောက်ခြင်းမျိုး ဖြစ်တက်ပါသည်။