ဥရောပအတွက် ဟန်ဂေရီမှာ BYD ကားစက်ရုံ ထူထောင်မည်


ဥရောပအတွက် ဟန်ဂေရီမှာ BYD ကားစက်ရုံ ထူထောင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဥရောပမှ ဟန်ဂေရီနိုင်ငံတွင် BYD ၏ လျှပ်စစ်ဘတ်စ်ကားစက်ရုံ တရုံ ရှိထားပြီးသားဖြစ်ပြီး ယခုအခါ အိမ်စီး လျှပ်စစ်ကားများ ထုတ်လုပ်ရန် စက်ရုံ အသစ်တရုံ ဆောက်လုပ်မည် ဖြစ်သည်။ 


ဟန်ဂေရီနိုင်ငံ တောင်ပိုင်းမြို့  Szeged ရှိစက်ရုံသည် "ဥရောပတွင် စိမ်းလန်းရွေ့လျားသွားလာမှုဆီသို့ သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်လာလိမ့်မည်" ဟု BYD Europe က လူမှုကွန်ရက် X (ယခင် Twitter) တွင် ပို့စ်တင်ထားသည်။ 

အဆိုပါစက်ရုံသည် ဟန်ဂေရီ စီးပွားရေးသမိုင်းတလျှောက် အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။


BYD သည် ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် ပါရီ ကားပြပွဲ Paris Motor Show တွင် ပါဝင်ပြသခဲ့ပြီး အိမ်စီးလျှပ်စစ်ကား Atto 3 အငယ်စား SUV နှင့် Dolphin hatchback  မော်ဒယ် ၂ မျိုးဖြင့် ဥရောပတွင် အရောင်းမြှင့်တင်မည် ဖြစ်သည်။

Source FMT 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 339 times