မိမိကားမောင်းသွားသည့်အချိန်တွင်ဖြစ်တတ်သည့် ယိုစိမ့်မှု အကြောင်းအရာများနှင့်ပတ်သက်ပြီးသိရှိသင့်သည့်အချက် အလက်များကိုအောက်တွင်ဖော်ပြထားပါသည်။
အနီရောင်
သင့်၏ကားမှအနီရောင်အရည်များယိုစိမ့်လာခြင်းမှာကား၏ဂီယာပိုင်းနှင့်ပါဝါပိုင်းတွင်ချို့ယွင်းချက်ရှိနေသည့် လက္ခဏာပဲဖြစ်ပါသည်။
ဂီယာအုံနှင့်ဆက်စပ်ပစ္စည်းများတွင်တပ်ဆင်ထားသည့်အလုံပိတ်ဆီးလ်များပျက်စီးခြင်း သို့မဟုတ် ပိုက်လိုင်းများပေါက်နေသောကြောင့်ဖြစ်နိုင်ပါသည်။
Transmission System ကိုပြန်လည်ပြုပြင်ခြင်းဖြင့်ထိန်းသိမ်းနိုင်ပါသည်။
လိမ္မော်ရောင်
ကားတွင်လိမ္မော်ရောင်အရည်များယိုစိမ့်နေပါကအကြောင်းရင်းများစွာရှိနိုင်ပါသည်။
သင့်ကားရေတိုင်ကီအတွင်းတွင်သံချေးတက်ပြီး antifreeze ယိုစိမ့်မှုကြောင့်လိမ္မော်ရောင်အရည်များ စိမ့်ထွက်လာခြင်းဖြစ်နိုင်ပါသည်။
ထို့ပြင်အင်ဂျင်ပိုင်းနှင့်ဆိုင်သည့်အရည်များယိုစိမ့်မှုကြောင့်လည်းလိမ္မော်ရောင်များဖြစ်လာနိုင်ပါသည်။
ယင်းပြဿနာကိုကားအအေးပေးစနစ်ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့်ဖြေရှင်းနိုင်ပါသည်။
အဝါရောင်
သင့်ကားမှအဝါရောင်အရည်များစိမ့်ထွက်နေပါကအဓိကတရားခံမှာရေတိုင်ကီထဲမှ Coolant များကြောင့်ဖြစ်နိုင်ပါသည်။
ဟို့စ်ခေါင်းများချောင်နေခြင်း၊အိုရင်း(O ring) များထိခိုက်ပျက်စီးနေခြင်းများကြောင့်ဖြစ်နိုင်ပါသည်။
အစိမ်းရောင်
အစိမ်းရောင်ယိုစိမ့်မှုများဖြစ်နေပါကကားအအေးပေးစနစ်ထဲမှ antifreeze များယိုစိမ့်နေခြင်းမှာဖြစ်နိုင်ချေအများဖြစ်ပါသည်။
ကား၏ရေတိုင်ကီ၊ဟို့စ်ခေါင်းများ၊ရေပိုက်များကိုတပ်ဆင်ရာတွင်စနစ်တကျမရှိသည့်အတွက်ထိခိုက်ပျက်စီး မှုကြောင့်သော်လည်းကောင်း၊ သေချာမစွဲမြဲသည့်အတွက်ကြောင့်သော်လည်းကောင်း antifreeze များယိုစိမ့်တတ်ပါသည်။
ထို့ပြင်သတ်မှတ်ချက်နှင့်ကိုက်ညီသည့် antifreeze မသုံးပါကလည်းဖြစ်တတ်ပါသည်။