တချို့က ကားမောင်းပြီး ခရီးသွားရတာ သက်သာတယ်၊ ဇိမ်ကျတယ် ထင်တတ်ကြပါသည်။
သို့သော် ကားမောင်းရတာလည်း ထင်သလောက်မကောင်း၊ ဇိမ်မကျပါဘူး။
အထူးသဖြင့် ့ ပြည်တွင်းUsed ကား စီးနင်းမှုများသည့် နေရာများတွင် ဖြစ်ပါသည်။
တဖက်နိုင်ငံမှာ အနည်းနှင့် အများ သုံး ပြီးသား၊ သဘောမကျလို့ရောက်လာသည့် ကားများကို အများစု သုံးနေကြရသည်။
အထူးသဖြင့် ခရီးဝေးမောင်းနှင်မှုများတွင် ယာဉ်မောင်းသူအနေဖြင့် လက်မောင်း နာကျင်မှုများကို ခံစားရလေ့ရှိပါသည်။
ပြည်တွင်း ကားအစီးရေ များလာပြီ၊ ကားနဲ့ ခရီးသွားမှု များလာပြီး အခုလို လက်မောင်း နာကျင်မှုလည်း ခံစားရသူနှုန်းက အရင်ကထက် ပိုလာဖို့ပဲ ရှိမည်ဖြစ်သည်။
ထို့ကြောင့် ကားမောင်းနှင်မှုကြောင့် လက်မောင်း နာကျင်မှု မဖြစ်အောင် နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါသည်။
(၁) မမောင်းခင် လက်များကို ဆန့်တန်းမှု လုပ်ပါ။
အကယ်၍ မောင်းနှင်နေရင်း မီးပွိုင့်မိနေချိန်မျိုး ဘရိတ်နင်းထားချိန်တွင်လည်း လက်ကိုင်ဘီးကို ကိုင်ပြီး ထိန်းကျောင်းမောင်းနှင်ရသည့် လက်နှစ်ဖက်ကို အတတ်နိုင်ဆုံး ဆန့်တန်းပေးပါ။
လက်မောင်း နာကျင်ရခြင်းနှင့် ထုံကျင်ခြင်း၏ အဓိက အရင်းမြစ်မှာ သွေးလည်ပတ်မှု ကောင်းစွာ မရှိခြင်းကြောင့်ပါပဲ။
ထို့ကြောင့် မမောင်းနှင်ခင်မှာလည်း လေ့ကျင့်ခန်းပုံစံ လက်ကို ဆန့်တန်းခြင်းမျိုး လုပ်ပေးပါ။
အကောင်းဆုံးအနေဖြင့် မိမိ ရှေ့တည့်တည့်ကို လက်နှစ်ဖက်လုံး ဆန့်ထုတ်ခြင်း၊ ကွေးခြင်းပုံစံ၊ လက်နှစ်ဖက်ကို ဘေးဆန့်တန်းပြီး ရင်ဘတ် ရှေ့တည့်တည့်မှာ လက်အုပ်ချီပုံစံ ပြန်သိမ်းခြင်း ပုံစံ၊ မတ်တပ်ရပ် အနေအထားကနေ ခါးကို အတတ်နိုင်ဆုံး ကိုင်းပြီး လက်နှစ်ဖက်နှင့် ခြေမထိပ်ဖျားထိအောင် ထိစေပြီး အကြောလျှော့သည့် ပုံစံမျိုးများကို မမောင်းခင်မှာ ၁၀ ကြိမ်စီ ဖြစ်စေ၊ အချိန် ၃ မိနစ်ကနေ ၅ မိနစ် ခန့်ဖြစ်စေ ပေးပြီး လုပ်ပါ။
ကားမောင်းနေရင်း အချိန်မှာတော့ မီးပွိုင့်မိနေချိန်မျိုး ထိန်းချုပ်မှု မလိုအပ်ချိန်တွေမှာ လက်ကို အတတ်နိုင်ဆုံး နေရာလွတ် တွေဆီကို ဆန့်တန်းပေးပါ။
(၂) ဒုတိယတချက် ပြောချင်တာကတော့ မောင်းနှင်မှု ပုံစံပါ၊ တချို့က ပုံစံထုတ်ပြီး လက်ကိုင်ဘီးကို ကိုင်မှုအပိုင်းမှာ လက်မောင်း နှစ်ဖက်ကို ဆန့်တန်းထားပြီး ထိန်းချုပ် မောင်းနှင်မှု ပြုကြပါသည်။
ထို့အတွက် လက်မောင်း ကြွက်သားများ မောင်းနှင်နေချိန်တခုလုံးတွင် လက်မောင်းအရင်းကနေ အဆုံးထိအောင် မတင်ပေးထားရပါတယ်။
အမှန်ကတော့ ကားမောင်းနှင်မ၏ လက်ကိုင်ဘီး ထိန်းချုပ် ကိုင်တွယ်မှုအနေဖြင့် လက်ဖျား နှစ်ဖက်နှင့် သာလက်ကိုင်ဘီးကို ကိုင်ထားပါ။
လက်မောင်းနှင့် လက်ဖျံများကို လျော့ထားပေးပါ။
လက်ချောင်းများမှ လက်ကိုင်ဘီးကို ကိုင်တွယ်ထားတာကြောင့် ထိန်းချုပ်မှု မြဲနေမှာ ဖြစ်သကဲ့သို့ သင့်၏ လက်မောင်းနှင့် လက်ဖျံ ကြွက်သားများလည်း အလုပ်အလုပ်စရာ မလိုဘဲ အနားရနေစေမှာ ဖြစ်ပါသည်။
(၃) အထက်မှာ မြို့တွင်း မောင်းနှင်မှုတွေအတွက် မီးပွိုင့်မိနေတာမျိုး နားချိန်များမှာ လက်ကို အတတ်နိုင်ဆုံး ဆန့်တန်း ပေးရန် ပြောခဲ့ပါသည်။
အများစုသော ခရီးဝေး မောင်းနှင်မှုများမှာ ယာဉ်မောင်း တယောက်တည်းကပဲ တာဝန်ယူ မောင်းနှင်လေ့ရှိသလို ခရီးဝေးဆိုတာ အနည်းဆုံး မိုင် ၁၀၀နဲ့ အထက် အနေအထားပါ။