ရန်ကုန်မြို့က Toyota Crown နှင့် Max X မော်ဒလ်မြင့်ကားများသည် ရန်ကုန်အနှံ့ရေကြီးသော နေ့များတွင် အပြင်မထွက်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု အော်တိုမိုတစ် ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုကားအမျိုးအစားများသည် (electronic power steering system) အီလက်ထရွန်းနစ်ပါဝါ စတီယာရင် စနစ်ကားများဖြစ်ပြီး စတီယာရင်ဂန်း (steering rack & pinion assembly) ကို ကား၏ အောက်ပိုင်း ခပ်နိမ့်နိမ့်တို့တွင် တပ်ဆင်ထားပါသည်။ အီလက်ထရစ် မော်တာကိုလည်း ဂန်းထဲတွင်မြှုပ်ပြီး တည်ဆောက်ထားပါသည်။
ဂန်း၏ တစ်ဖက်စီတွင် သဲကာများ ပါရှိပါသည်။ ထိုသဲကာမာျးသည် ဖုန်၊ သဲများကိုသာ ကာနိုင်ပြီး ရေကိုတော့ မတားဆီးနိုင်ပေ။ ဂန်းက ရေထဲတွင် အချိန်ကြာကြာ မြှုပ်နေလျှင် ရေများ မော်တာထဲ စိမ့်ဝင်လာပါသည်။
ဝင်လာသော ရေများသည်လည်း နောက်ရက်ပေါင်းများစွာအထိ ပြန်မထွက်နိုင်တော့ပေ။
လောလောဆယ် ကောင်းနေသော်လည်း နောက်ရက်များတွင် ထိုရေများက ဒုက္ခပေးပါသည်။ မလွှဲသာ၍ ရေထဲဖြတ်ခဲ့သည်ဆိုလျှင် Air Pressure နှင့် လေမှုတ်သန့်စင်သင့်ပါသည်။ ထိုကဲ့သို့ မလုပ်ပါက ဝါယာရှော့ခ်မှတစ်ဆင့် ကွန်ပျူတာဘောက်ခ် (EPS Control Moduls) အထိသွားလျှင် စုစုပေါင်းကုန်ကျစရိတ် ကျပ်သိန်း ၂၀ ခန့်အထိ ကုန်ကျနိုင်ပါသည်။ အဓိက စတီယာရင် မော်တာကွိုင် (Steering motor coil) ပျက်တာ များပါသည်။ EPS control ကို တော်ရုံနှင့် မထိနိုင်ပါဘူးဟု ကျွမ်းျကျင်သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
အိုင်အမ်အေမီးလင်းခြင်း
Honda Insight IMA ဘက်ထရီသည် အဖုံးနှစ်ထပ်ပါရှိ၍ အပေါ်ကမဝင်လျှင် အောက်ကြမ်းခင်းအနားအပေါက်မရှိလျှင် တော်ရုံရေထဲ ဖြတ်မောင်းသည်နှင့် ရေမဝင်နိုင်ပေ။ IMA မီးလင်းလာရခြင်းသည် ဖလိုင်းဝှီး (flywheel) နေရာက IMA motor သည် အောက်တွင် ဒရိန်းပေါက် (drain) ပါပါသည်။ အင်ဂျင်ဝိုင် စီဗီတီဝိုင်များ shaft seal ပေါက်သွား၍ ရောက်လာသည်များကို drain လုပ်ရန်ဖြစ်ပါသည်။ ကားရေထဲမြှုပ်လိုက်လျှင် မော်တာထဲအထိ အနည်းနှင့်အများဝင်နိုင်ပါသည်။ ထိုသည်မှာ High Voltage Line Low Insulation Code နှင့် IMA မီးလင်းပါသည်။
IMA မီးလင်းလျှင် အင်ဂျင်ချက်မီး (Check Engine Light) ပါ တွဲလင်းတက်ပါသည်။ အိတ်ဇောတွင်တပ်ဆင်ထားသော အောက်ဆီဂျင်ဆင်ဆာ (Oxygen/ AFR sensor) များ ရေမြှုပ်ပြီး သူတို့နှင့် ပတ်သတ်သော (code) ကုတ်များတက်လာခြင်းဖြစ်ပါသည်။
ကားကို ရေထဲ ဖြတ်မောင်းစဉ်တွင် S သို့မဟုတ် L နှင့် တစ်လိမ့်ချင်းဖြတ်ပါ။ ကြောက်လန့်ပြီး လီဘာကိုဖိမနင်းလိုက်ပါစေနှင့်၊ အရမ်းနင်းလိုက်၍ အင်းလက် (Inlet) ထဲ ရေဝင်မှ အင်ဂျင်ထိမည်ဖြစ်ပါသည်။
ထိုကဲသို့ ရေထဲဖြတ်သွားပြီး၍ အိမ်ရောက်လျှင် တစ်နာရီခန့်စက်မသတ်ဘဲ စက်နှိုးထားလိုက်ပါ။ ဝင်သောရေ အားလုံးခြောက်သွားလျှင် စက်နှိုးလိုက် ရပ်လိုက် သုံးခါခန့်လုပ်လိုက်ပါက ချက်မီးအားလုံး ပျောက်သွားပါမည်။
ထိုကဲ့သို့လုပ်ပြီးချက်မီးလင်းနေသေးပါက ဝပ်ရှော့သို့ ပို့ပေးရမည်ဖြစ်ပါသည်။