နည်းပညာကမ္ဘာတွင် မော်တော်ကားမောင်းနှင်နည်း


Volkswagen မှ ခြေနင်းများ နှင့် စတီယာရင်များမပါရှိပဲ အလိုအလျောက်မောင်းနှင်နိုင်ပြီး မျက်နှာ Scan ဖတ်ရုံဖြင့် တံခါးဖွင့်၍ အသုံးပြုနိုင်သော ကားကို ထုတ်ဖော်မိတ်ဆက်နိုင်ရန် ပြုလုပ်နေကြောင်းသိရပါသည်။

ထိုကားသည် မောင်းနှင်ရန် စတီယာရင်၊ မောင်းနှင်သူထိုင်ရန် ထိုင်ခုံ၊ Dash Board နှင့် လီဘာခြေနင်းများ စသည်တို့ လုံး၀ မပါဝင်ဘဲ အလိုအလျောက် မောင်းနှင်နိုင်ပါသည်။

ထိုကားသည် မိမိသွားလိုသည့် နေရာကို အသံ ၊ လက်ဟန်ခြေဟန်ဖြင့် ပြုလုပ်ရုံဖြင့် လိုရာခရီးကို လွယ်ကူစွာမောင်းနှင်နိုင်ပါသည်။

ထိုကားသည် ၎င်းပိုင်ရှင်၏ ခွင့်ပြုချက်ရှိမှသာ တံခါးဖွင့်၍ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ဤကားတွင် ပါဝင်သော Feature များဖြစ်သည့် သီချင်းနားထောင်ခြင်း ၊ အပူချိန်နှင့် အလင်းရောင်ကို လိုအပ်သလို ညှိနှိုင်းခြင်းတို့ကို ပြုလုပ်နိင်မည်ဖြစ်ပါသည်။

ကားများ၏ အတွင်းပိုင်းသည် ကျယ်ဝန်းပြီး သက်သောင့်သက်သာ ဖြစ်မှုကို ဦးစားပေး ရည်ရွယ်ထားကြောင်း သိရပါသည်။

Volkswagen သည် ထိုကားကို မိဘကိုယ်တိုင် ကျောင်းလိုက်မပို့နိုင်သော ကျောင်းသားများအတွက် လုံခြုံမှုရရှိပြီး သက်သောင့်သက်သာဖြစ်စေသော ကျောင်းကားအဖြစ် အသုံးပြုရန် ရည်ရွယ်ထားပါသည်။

အဆိုပါ ကားကို ဒီဇယ် သို့မဟုတ် ဓာတ်ဆီစွမ်းအင်ကို အသုံးပြုထားသောကားများနှင့် နှိုင်းယှဉ်လျှင် သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှုနည်းသော လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားသော ကားအမျိုးအစားဖြစ်သောကြောင့် ရေရှည်တွင် အကျိုးရှိမည်ဟုလည်း မျှော်မှန်းထားကြောင်း သိရပါသည်။

၎င်း၏ မောင်းနှင်နိုင်မှုစွမ်းအားသည် မြင်းကောင်ရေ ၃၀၀ နှင့်အတူ ၄၁၃ မိုင် (၆၆၅ ကီလိုမီတာ) အထိ ရှိပါသည်။

ထိုကားသည် ကင်မရာ၊ လေဆာ Scanner ၊ အာရုံခံကိရိယာများကို အသုံးပြု၍ မောင်းနှင်နိင်ပြီး ပတ်ဝန်းကျင်ကို သတိကောင်းကောင်းပြု၍ မောင်းနှင်နိုင်အောင် ထုတ်လုပ်မည်ဖြစ်ကြောင်းသိရပါသည်။

လေအေးပေးစက်ကို ထိန်းညှိနိုင်ရန်အတွက် ခရီးသည်၏ အပူချိန်ကို စောင့်ကြည့်ရန် Fitness Trackers ၏ အာရုံခံစနစ်ကို အသုံးပြုမည်ဖြစ်ကြောင်းသိရပါသည်။

ဤပရောဂျက်သည်လက်ရှိအချိန်တွင်သဘောမျှသာအကောင်အထည်ပေါ်သေးပြီးလက်တွေ့ဖြစ်လာရန်အတွက်မူနှစ်ပေါင်းများစွာအချိန်ယူရဦးမည်ဖြစ်ကြောင်းသိရပါသည်။

 

Read 2133 times