တရုတ်မှာ တပတ်ရစ်ကား အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု အမြတ်အစွန်းများ လျော့ကျ


တရုတ်မှာ တပတ်ရစ်ကား အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု အမြတ်အစွန်းများ လျော့ကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံ၏ တစ်ပတ်ရစ် မော်တော်ယာဥ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် မော်တော်ယဉ်များ ရောင်းချရန် အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် ရောင်းအားမြှင့်တင်ရန် ကြိုးပမ်းနေကြရာ၌ စွမ်းအင်သစ်သုံး ကားဈေးကွက် ကြီးထွားနေသဖြင့် ဓာတ်ဆီအင်ဂျင် တပတ်ရစ်ကား ဈေးနှုန်းများ ကျဆင်းသောကြောင့် ရရှိသည့် အမြတ်အစွန်းများ ကျဆင်းလာသည်။

 
"နိုဝင်ဘာလဟာ ကျွန်တော် ကြုံဖူးသမျှ အဆိုးဆုံးလပါပဲ" ဟု ကျင်းစုပြည်နယ်ရှိ ကားဟောင်းအရောင်းကိုယ်စားလှယ် Feng Xiaojiang မှပြောကြားသည်။ သူသည် တပတ်ရစ်ကားရောင်းဝယ်ရေး လုပ်ငန်းကဏ္ဍတွင် ကျင်လည်နေခဲ့သည်မှာ ၁၀ နှစ် နီးပါးရှိပြီ ဖြစ်သည်။


စွမ်းအင်သစ်သုံး ကားများ ရောင်းအားမြင့်တက်ခြင်းသည် အင်ဂျင်ကားများ ရောင်းအားကို ကျဆင်းစေသည်။ သို့ဖြစ်ရာ အင်ဂျင်ကား ထုတ်လုပ်သူတို့က ဈေးချပြီး ရောင်းချကြသည်။ အင်ဂျင်ကားအသစ်များ ဈေးချ ရောင်းနေကြသဖြင့် တပတ်ရစ် အင်ဂျင်ကားများ ဈေးလျော့ကျကုန်သည်ဟု Feng က ပြောကြားသည်။


“နိုဝင်ဘာဟာ ကျွန်တော့်မှာကျန်နေတဲ့ မျှော်လင့်ချက်အားလုံး စုံးစုံးမြုပ်သွားတဲ့လပါပဲ' ဟု ဟူဘေးပြည်နယ်မှ အခြားကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

နှစ်စပိုင်းတွင် ချိုသာသော ဈေးနှုန်းများဖြင့် လူ ၁၀၀ ကျော်ထံ ကားများ ရောင်းချနိုင်ခဲ့သည်။ ဒုတိယနှစ်ဝက်တွင် အလုပ်မဖြစ်တော့ဟု သူက ပြောကြားသည်။

 တစ်ပတ်ရစ်ကား ရောင်းချကြသူများသည် ရောင်းအားတိုးလာစေရန် အွန်လိုက်းတိုက်ရိုက်ထုတ်လွှင့်မှုကို အားကိုးကြသည်။ ကားတစီး အမြတ် ယွမ် ၁,၀၀၀ (USD140) ဖြင့်သာ ရောင်းချနေကြရသည်။
 
"ပြီးခဲ့တဲ့လက ကားအစီးရေ ၂၀ နီးပါးကို စုစုပေါင်းအမြတ်ငွေ ယွမ် ၂,၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်" ဟု တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ တပတ်ရစ်ကား အရောင်းသမားတဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့လက ကားတစီးမှ ရောင်းမထွက်တဲ့သူတွေ ရှိတယ်။ သူတို့နဲ့ နှိုင်းစာရင် ကျွန်တော့အခြေအနေက တော်ပါသေးတယ်" ဟု ၎င်းက ပြောကြားသည်။

အွန်လိုင်းစဲလီများကလည်း တပတ်ရစ်ကားများ ရောင်းချပေးကြရာ သာမန် တပတ်ရစ်ကား အရောင်းသမားများ နေရာမရ ဖြစ်ကုန်ကြသည်ဟု ၎င်းက ပြောကြားသည်။

တပတ်ရစ်ကား အရောင်းကဏ္ဍတခုလုံးအနေဖြင့် နိုဝင်ဘာလတွင် အစီးရေ ၁.၇ သန်း ရောင်းချခဲ့သည်ဟု တရုတ် မော်တော်ကား ရောင်းဝယ်သူများအသင်း China Automobile Dealers Association က အချက်အလက် ထုတ်ပြန်သည်။ 
 
Source Yicai Global

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 4090 times