တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ တံတားပေါ် ကား အစီး ၂၀၀ ကျော် ယာဉ်တိုက်မှု ဖြစ်ပွား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၈)တွင် တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ တံတားတစ်ခုပေါ်မှာ မြူခိုးများ ထူထပ်နေခြင်းကြောင့် ယာဉ်အစီးရေ ၂၀၀ ကျော် တိုက်မိပြီး စုပုံမိရာမှ ဗုဒ္ဓဟူးနေ့တွင် လူတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမားများနှင့် CCTV နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရသူအများစုသည် ၎င်းတို့၏ယာဉ်များအတွင်း ပိတ်မိနေပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ၁၁ စီးနှင့် မီးသတ်ကယ်ဆယ်ရေးဝန်ထမ်း ၆၆ ဦးတို့ကို စေလွှတ်ကူညီခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဗုဒ္ဓဟူးနေ့နံနက်တွင် နေရာအများအပြားမှာ မီတာ ၅၀၀ အောက်အထိသာ လှမ်းမြင်နိုင်ပြီး တစ်ခါ၌ မီတာ ၂၀၀ အထိ ကျဆင်းခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
မြစ်ဝါမြစ်ကို ဖြတ်ကူးရန် အသုံးများသည့် ၎င်းတံတားပေါ် ယာဉ်များ မောင်းနှင်ကြရာ၌
ယာဉ်တိုက်မှု အများအပြား ဖြစ်ပွားကြောင်း CCTV က သတင်းဖော်ပြပါသည်။
နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က တံတားကို ယာယီပိတ်ထားလိုက်ပါသည်။