အင်ဂျင်အအေးခံစနစ်


မော်တော်ယာဉ် အင်ဂျင်များ သည် အတွင်းမီးလောင် ပေါက်ကွဲ သော အင်ဂျင် (I.C Engine) များ ဖြစ်၍ အင်ဂျင်၏ အပူချိန်ကို ထိန်း သိမ်းရန် အအေးခံစနစ်လိုအပ်သည်။

အင်ဂျင်များသည် အပူစွမ်းအင်မှ စက်မှုစွမ်းအင်သို့ ကူးပြောင်းေ ပးရာ တွင် လောင်စာဆီ မီးလောင်ပေါက်ကွဲ ရာမှ ထွက်ပေါ်လာသော အပူ စုစုပေါင်း ပမာဏ၏ (၂၅) ရာခိုင်နှုန်း သာ စက်မှုစွမ်းအင်သို့ ကူးပြောင်း သည်။ ကျန်ရှိသော အပူစွမ်းအင်များ သည် အိတ်ဇောအငွေ့မှလည်းကောင်း၊ ပွတ်တိုက် ဆုံးရှုံးမှုဖြင့်လည်းကောင်း၊ အင်ဂျင်မှ အပူစွန့်ထုတ်ခြင်းဖြင့် လည်းကောင်း လေလွင့်ဆုံးရှုံးသည်။အင်ဂျင်တစ်လုံးတွင် အအေးခံ စနစ် မပါရှိပါက အပူချိန်အလွန်မြင့် တက်လာပြီး အင်ဂျင်အတွင်းမှ ပစ္စည်းများ ထိခိုက်ပျက်စီးသွားနိုင် သည်။ အင်ဂျင်အအေးခံ စနစ် (၂) မျိုးရှိသည်။ (Air Cooling) လေ အအေးခံစနစ်နှင့် (Water Cooling) ရေဖြင့် အအေး ခံစ နစ်တို့ဖြစ် သည်။

လေအအေးခံစနစ် (Air Cooling System) ကိုမော်တော်ဆိုင် ကယ်များ၊ မီးစက်အင်ဂျင်အသေး များ၊ဂျာမနီလုပ် ဘောက် စ်ဂွန်ကား များနှင့် လေယာဉ်အင်ဂျင်များတွင် အသုံးပြုသည်။ မော်တော်ယာဉ်များတွင် (Water Cooling System) ရေ အအေးခံစနစ်ကို အများဆုံးအသုံးပြု သည်။ လေဖြင့် အအေး ခံစနစ်သည် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာ သည်။သို့သော်စွမ်းအားကြီးမားသောအင်ဂျင်ကြီးများတွင် ရေဖြင့် အအေးခံ ခြင်းကသာ ပိုမိုထိရောက်သည်။

Water Cooling System တွင် အဓိကပါဝင်သော အစိတ်အပိုင်း များမှာ အင်ဂျင်ဘလောက်၊ အင်ဂျင် ဟတ်အတွင်းမှ ရေ လိုင်း Water Jacket များ၊ ရေလည်အုံ (Water Pump)၊ ရေတိုင်ကီ (Radiator)၊ လေပန်ကာ (Cooling Fan)၊ သာမို စ တတ်၊ ဝါးတားပိုက် (Rubber Hose)၊ ရေလျှံဘူး (Over Flow Tank) နှင့် ရေတိုင်ကီအဖုံး (Radi-ator Cap)တို့ဖြစ်သည်။ အဆိုပါ ပစ္စည်း အစိတ်အပိုင်းများသည် အင် ဂျင်အအေးခံစနစ်တစ်ခုလုံး ပုံမှန်အ လုပ် လုပ်စေရန် စုပေါင်းပြီး တာဝန် ကိုယ်စီထမ်းဆောင်ကြရသည်။

အင်ဂျင်ဘလောက်ရေလိုင်း (Water Jacket)

အင်ဂျင်အတွင်းပိုင်းမှ အပူများ ကို ရေကစုတ်ယူ အအေးခံနိုင်ရန်အ တွက် အင်ဂျင်ဘလောက်နှင့် အင်ဂျင် ဟတ်တွင် ရေ လိုင်းများ ထည့်သွင်း တည်ဆောက်ထားသည်။ ဒီဇယ်အင် ဂျင်များသည် အပူစွန့်ထုတ်မှု ပိုမိုများ သဖြင့် ရေလိုင်းများကို အထူးတည် ဆောက်ထားသည်။ Water Cooling System တွင် လည်ပတ်နေသော ရေ များသည် အင်ဂျင်ဘလောက်နှင့် အင် ဂျင်ဟတ်မှ အပူများကို သယ်ဆောင် သွားပြီး ရေတိုင်ကီမှ တစ်ဆင့် လေ ဖြင့် အအေးခံ၍ ပြင်ပသို့စွန့်ထုတ်ပစ် သည်။ အင်ဂျင်လည်ပတ်နေစဉ် ရေ လည်အုံ (Water Pump) ၏ မောင်း နှင်ပေးမှုကြောင့် အဆက်မပြတ်လည် ပတ်နေသော ရေများသည် ရေတိုင် အပေါ်ဝင်ပေါက်မှဝင်၍ အောက်ဘက် ရှိ အထွက်ပေါက်မှ တစ်ဆင့်အင်ဂျင် ဘလောက်သို့ ပြန် ဝင်သည်။

ရေလည်အုံ (Water Pump)
အင်ဂျင်အအေးခံစနစ်တွင် အတွင်းရှိ ရေများလည်ပတ်နေစေရန် အတွက်ရေလည်အုံက မောင်းနှင်ပေး သည်။ ရေလည် အုံကို အင်ဂျင်၏ အ ရှေ့ပိုင်းတွင် များသောအားဖြင့် တပ်ဆင်ထားသည်။ ရေလည်အုံသည် ခရုပတ် ပန့် (Centrifugal Pump) ဖြစ် ပြီး Impeller ကို ဝင်ရိုးပေါ်တွင် တပ်ဆင်ထားသည်။ ရေလည်အုံဘောလ်၊ ဝိုင်းဆီးနှင့် ဂတ်စကတ်များသည် ရေ လည်အုံအတွင်းမှ ရေများလုံနေစေရန် စီမံထားသည်။ ရေလည်အုံဘောလ် ဝင်ရိုးထိပ်တွင် ပူလီတပ်ဆင်ထားပြီး ပန်ကာကြိုးနှင့် ချိတ်ဆက်ကာ အင် ဂျင်က မောင်းနှင်လည်ပတ်စေသည်။တချို့အင်ဂျင်များတွင် ရေ လည်အုံကို Timing Belt ကြိုးနှင့် ချိတ်ဆက်၍လည်းကောင်း၊ ကရိုင်း ရှပ် ဂီယာဖြင့်လည်းကောင်း ချိတ် ဆက်မောင်းနှင်သည်။ ရေလည်အုံ အကြီးအသေး အ ရွယ်ပမာဏသည် အင်ဂျင်ဒီဇိုင်း အ ပေါ်တွင်မူတည်သည်။ Water Pump တစ်လုံးသည် ရေလည်ပတ် ပေးနိုင်သော ပမာဏမှာ (၁) နာရီ လျှင် ရေဂါလန် (၅၀၀၀) မှ (၇၅၀၀) အထိ အမျိုးမျိုးရှိသည်။

ရေတိုင်ကီ (Radiator)
ရေတိုင်ကီသည် အအေးခံစနစ် တွင် အဓိကကျသော အစိတ်အပိုင်း ဖြစ်သည်။ ရေတိုင်ကီ၏ အပေါ်ပိုင်း Tankနှင့် အောက်ပိုင်း Tank ကို အ အေးခံနိုင်သော Core ကြေးပိုက် အ ပြားကလေးများဖြင့် တည်ဆောက် ထားသည်။ ကြေး နီပိုက်ပြားကလေး များ တစ်ခုနှင့်တစ်ခုကြားတွင် ပျား အုံကဲ့သို့ အကွက်ဖော်ထားသော ဆူး တောင်များက ဝင် တိုးသောလေအေး ကြောင့် အေးစေပြီး ရေတိုင်ကီမှ အ ပူများကို စွန့်ထုတ်ပစ်သည်။ရေတိုင်ကီမှ ကြေးနီပိုက်ပြား ကလေး များအတွင်း၌ ရေချိုးများ အ နည်ထိုင်လာပါက ရေတိုင်ကီကို ဖြုတ်ဆေးရသည်။ လေဝင်သည့် ပျား အုံပုံ ဆူးတောင် များကြားတွင်လည်း အမှိုက် အညစ်အကြေးများ ပိတ်နေ တတ်သည်။ ကွန်ပရက်ဆာ လေပြင်း ပြင်းနှင့် မှုတ်ပေးခြ င်းဖြင့် လည်း ကောင်း၊ ရေထိုးဆေး၍လည်းကောင်း သန့်ရှင်းစေနိုင်သည်။ ရေတိုင်ကီ အောက်ခြေတွင် ရေဖောက်ချနိုင်ရန် ပလပ် အပေါက်ပါသည်။ ရေတိုင်ကီ ဂျီးဆေးနိုင်သော ဆေးရည်ထည့်၍ အနည်၊ အနှစ် ရေချိုးများကိုဆေး ကြောနိုင်သည်။

လေပန်ကာ (Cooling Fan)
ဘက်ထရီလျှပ်စစ်အားဖြင့် မောင်းသော Electric Motor Fan နှင့် အင်ဂျင်ကရိုင်းရှပ် ပူလီလည်အား ဖြင့်မောင်းသော လေပန်ကာ စနစ် (၂) မျိုးရှိသည်။ ကားကြီးများတွင် အင်ဂျင်လှည့်အားဖြင့် လေပန်ကာ လည်စေပြီး လူစီးကားငယ်များတွင် Electric Fanဖြင့်အအေးခံသည်။အဲယားကွန်းသုံးသော ကား တွင် Fan (၂) လုံးတပ်သည်။ အဲယား ကွန်းတိုင်ကီအတွက် Fan (၁) လုံး တပ်ဆင်သည်။ Electric Fanများ သည် လိုအပ်သောအပူချိန်ရောက်မှ ပန်ကာလည်စေရန် ထိန်းချုပ်ထား သည်။

သာမိုစတတ် (Thermostat)
အင်ဂျင်တစ်လုံး၏ အကောင်း ဆုံး အလုပ်လုပ်နိုင်သော အပူချိန်မှာ 80ºC မှ 90ºC ကြားတွင်ရှိသည်။ အင်ဂျင်စတင်နှိုးလျှင် အင်ဂျင်မပူသေး သဖြင့် ရေလည်စရာမလိုသေးပေ။ သာမိုစတတ်သည် အပူချိန်ကို လိုက် ၍ အဖွင့်အပိတ်လုပ်ပေးနိုင်သော ဗား ဖြစ်သည်။ သာမိုစတတ်အတွင်း၌ အ လုံပိတ်ထားသော ဖယောင်းက အပူ ချိန်ပြောင်းလဲမူကိုလိုက်၍ ဆလင်ဒါ ကစားစေခြင်းဖြင့် ဗားအဖွင့်အပိတ် ကို ဆောင်ရွက်ပေးသည်။

ဝါးတားပိုက်

အင်ဂျင်ဘလောက်၊ ရေလည် အုံနှင့် ရေတိုင်ကီ အဝင် /အထွက် ပေါက်များကို ဆက်သွယ်ထားသော ရာဘာပိုက်ဖြစ် သည်။ ဝါးတားပိုက် သည် အပူဒဏ်ခံနိုင်ရမည်။ ပိုက်က လစ်များဖြင့် တင်းကြပ်စွာ ဖမ်းထား ပြီး ရေပိုက်လိုင်းများမှ ရေ ယိုခြင်းမရှိ စေရန် စီမံထားသည်။

အချု့ိကားဟောင်းများတွင် အ ရည်အသွေး ညံ့သော ပြည်တွင်းဖြစ် ဝါးတား ပိုက် သုံးထားသဖြင့် ရေပိုက်ပေါက်ပြီး အင် ဂျင် ရေဆူတတ်သည်။ အင်ဂျင် အအေးခံစနစ် တစ်ခုလုံးတွင် ရှိသင့် သော ရေမရှိပါက အပူ ချိန်တက်လာပြီး ရေဆူ တတ် သည်။ ရေဆူလျှင် နောက်ဆက်တွဲ ပြဿနာ ဖြစ်သော ဂတ်စ်ကတ်ပြတ်ခြင်း၊ အင်ဂျင်ဟတ်ကွဲခြင်းများ ဖြစ်တတ် သည်။

ရေလျှံဘူး (Over Flow Tank)

ရေတိုင်ကီ၌ ရေအပြည့်အမြဲ တမ်းရှိနေစေရန် ရေလျှံဘူးက ဆောင် ရွက်ပေးသည်။ ရေလျှံဘူးထဲတွင် အ အေးခံရည် (Coolant)များ သို လှောင်ထားပြီး ရေတိုင်ကီတွင် ရေပို ပါက လက်ခံ၍ ရေလိုပါကပြန်ဖြည့် ပေးသည်။ အင်ဂျင်အအေးခံ စနစ်၌ ရိုးရိုးရေအစား ဓာတုအအေးခံရည် (Coolant)ကို သုံးပါကပို၍ကောင်း သည်။

ရေတိုင်ကီအဖုံး (Cap)

ရေတိုင်ကီတွင် ရေအမြဲတမ်းရှိ နေစေရန် ရေတိုင်ကီအဖုံး (Cap) က ဆောင်ရွက်ပေးသည်။ ရေတိုင်ကီမှ ရေများ အငွေ့ပျံ ဆုံးရှုံးခြင်းမှ ကာ ကွယ်ပေးသည်။ အအေးခံစနစ်အ တွင်းဖိအားမြင့်တက်စေခြင်းဖြင့် ရေ တိုင်ကီ၏ ရေဆူအမှတ်ကို မြင့်စေ သည်။ ရေတိုင်ကီတွင် Pressure ကို လေထုဖိအားထက် 15 psi ပိုမြှင့် လိုက်ပါက ရေဆူအမှတ်သည် 127ºC သို့ တက် သွားမည်။ (သာမန် ရေဆူအမှတ်မှာ 100ºC ဖြစ်သည်။)ရေတိုင်ကီအဖုံးတွင် Pressure Relief Valve ပါရှိသဖြင့် ဖိအား မြင့်တက်ခြင်းကို ကာကွယ်ပေးသည်။ ရေတိုင်ကီအေးသွားပြီး လေဟာနယ် (Vaccum) ဖြစ်ခြင်းကိုလည်း ကာ ကွယ်ေ ပးသည်။  အင်ဂျင်အေးသွားမှရေတိုင်ကီအဖုံးကိုဖွင့်ပါ။ရေလျှံဘူးတွင်ရေအမြဲရှိနေပါကရေတိုင်ကီအဖုံး(Cap)၏ဆောင်ရွက်ချက်ကြောင့် ရေတိုင် ကီတွင် ရေအမြဲရှိမည်။ရေခဲသောဒေသများတွင် ရေ တိုင်ကီ၌ Antifreeze Coolant ကို သုံးပါ။ ရေသည် 0ºC ၌ခဲသည်။ Antifreeze Coolant အရည်ကိုသုံး ပါက ရေတိုင်ကီမှရေများ မအေးခဲနိုင် ပါ။

အင်ဂျင်အပူချိန်ပြ ကိရိယာ

အင်ဂျင်တစ်လုံး ပုံမှန်အပူချိန် အတိုင်းအလုပ်လုပ်နေကြောင်း စစ် ဆေးရန် Temperature Gauge ကို ကြည့်ရသည်။ ကားဒတ်ရှ်ဘုတ်တွင် မီတာဒိုင်ခွက်၌ အပူချိန် ဒီဂရီကိုပြ သည်။ သင့်ကား အင်ဂျင်အပူချိန် တက်နေပါက အကြောင်းရင်းနှင့် ပြ ဿနာဇစ်မြစ်ကိုရှာပါ။ တချို့အမြင့် ကားများတွင် အပူချိန်ကို ဒီဂျစ်တယ် ဂိတ်ဖြင့် ဖော်ပြသည်။

Cooling System အတွက် Safety
-Electric Fan တပ်ထားသော ကားတွင် သော့ဖွင့်ထားပါက Fan အချိန်မရွေး ထလည်နိုင်သည်ကို သတိ ပြုပါ။ သင့်အင် ဂျင်ခန်းတွင် လက်နှိုက် နေပါက ပန်ကာရွက်နှင့် ထိခိုက်မိနိုင်သည်။

- ပန်ကာရွက်များ ချို့ယွင်း ပျက်စီးမှု ရှိ /မရှိ စစ်ဆေးပါ။ ပန်ကာ ရွက်များ ပြတ်ထွက်ပါက လူကိုထိ ခိုက်နိုင်သည်။

- အင်ဂျင်ရေဆူ၍ အပူမြင့် တက်နေလျှင် ရေတိုင်ကီ Cap ဖုံးကို ချက်ချင်းမဖွင့်ရ။ ရေနွေးငွေ့များပန်း ထွက်၍ ရေနွေးပူလောင်တတ်သည်။ မျက်နှာနှင့် မျက်လုံးများ အပူလောင် တတ်သည်ကို အထူးသတိထားပါ။

- ပန်ကာကြိုးများ ပုံမှန်စစ် ဆေးပါ။ ပန်ကာကြိုးအစများဖွာလန် နေပါက ချက်ချင်းအသစ်လဲပါ။

- ရေလည်အုံဘောလ်များ ဝိုင်းဆီးမကောင်းပါက အအေးခံစနစ် ကို ထိခိုက်နိုင်သည်။ ပုံမှန်စစ်ဆေး၍ လိုအပ်လျှင် ပြုပြင်ပါ။

- Water Pipe အဆက်နေရာ များကို ဂရုပြုစစ်ဆေးပါ။ ရေယို မယို စစ်ပါ။

- စက်မနိုးမီ ရေတိုင်ကီတွင် ရေရှိ /မရှိ စစ်ဆေးပါ။

- Antifreeze Coolant သည် အဆိပ်အတောက်ဖြစ်စေတတ်၍ ကိုယ်ခန္ဓာအသားအရေနှင့် ထိတွေ့မှု မဖြစ်မိစေရန် ဂရုစိုက်ပါ။

- ဖုန်ထူသော ဒေသ၊ အင်း ဆက်ပိုးမွှား အများအပြားရှိသော ဒေ သများတွင် ညအချိန်ခရီးသွားပြီးပါက ရေတိုင်ကီ လေဝင်ပေါက်များကို စစ်ဆေး သန့်ရှင်းပါ။ ပိုးကောင်နှင့် ဖုန်မှုန့်များ ရေတိုင်ကီတွင် ပိတ်နေ တတ်သည်။

Read 1557 times