ကားဝယ်တော့မည်ဆိုပါက မိမိပေးချေမှုနှင့် ထိုက်တန်စေရန်အတွက် သတိပြုစစ်ဆေးသင့်သည့် အချက်(၅)ချက်ကို ဖော်ပြပေးချင်ပါသည်။
(၁) ကားအောက်ပိုင်း
ကားတစ်စီးကို ကြည့်လိုက်သည်နှင့် အပေါ်ယံအနာအဆာများဆိုသည်မှာ ဖုံးကွယ်ရန် အလွန်လွယ်ကူနိုင်ပါသည်။သို့သော် ကား၏အောက်ပိုင်းကို သေချာစစ်ဆေးခြင်းအားဖြင့် ကားတစ်စီး၏ အခြေအနေကို
အကြမ်းဖျင်း လေ့လာသုံးသပ်နိုင်ပါသည်။ ထို့ကြောင့် အဆင်ပြေမည်ဆိုလျှင် ကားအောက်ပိုင်းကို စစ်ဆေးပေးခြင်အားဖြင့် ကားအောက်ပိုင်းထိခိုက်မှုနှင့် အခြား အနာအဆာများပါ သိမြင်နိုင်ပါသည်။
(၂) ကားကြမ်းခင်း
ကားအတွင်းပိုင်းနှင့်ပတ်သက်ပြီး အခြားအရာများစစ်ဆေးပြီးဖြစ်သော်လည်း မေ့ကျန်နေတက်သည့် အရာမှာ ခြေနင်းအခင်းများအောက်ကို စစ်ဆေးခြင်းဖြစ်ပါသည်။ ခြေနင်း အခင်းများအောက်တွင်
စိုစွတ်နေခြင်းများ ကားကိုယ်ထည်အောက်ပိုင်း ပေါက်နေခြင်းမျိုးများက နောက်ပိုင်းဆိုးကျိုးများရှိလာစေနိုင်သဖြင့် သတိပြုစစ်ဆေးသင့်ပါသည်။
(၃) ခြေနင်းတံ
ကားတစ်စီး၏ သက်တမ်းရင့်မှုက မော်ဒယ်၊ အသုံးပြုထားသောမိုင်များနှင့်သာ ဆုံးဖြတ်နိုင်သည်မဟုတ်ဘဲ ကားဂီယာ၊လီဘာ၊ ဘရိတ် ခြေနင်းတံများကို စစ်ဆေးခြင်းအားဖြင့်လည်း သိနိုင်ပါသည်။
ထို့ကြောင့် အတွင်းပိုင်းကိုစစ်ဆေးမည်ဆိုရင် ကားထိုင်ခုံနှင့် တခြားအရာများသာမက ခြေနင်းတံများကိုပါ စစ်ဆေးပေးသင့်ပါသည်။
(၄) အင်ဂျင်
အင်ဂျင်ပိုင်းစစ်ဆေးမှုအတွက်က ကားကို စမ်းမောင်းကြည့်ရုံက မလုံလောက်ဘဲ သေချာရန်အတွက် Mechanic တစ်ယောက်ခေါ်ပြီး စစ်ဆေးသည်က အကောင်းဆုံးဖြစ်ပါသည်။
(၅) စာရွက်စာတမ်း
စာရွက်စာတမ်း ဆိုသည်မှာ စစ်ဆေးရန် ပြောစရာလိုလောက်အောင် သိနေပြီးသားဖြစ်ပါသည်။ သို့သော် တချို့မှာ ကားရောင်းချသူ၏ ဖိအားပေးမှုကို သိပ်မခံနိုင်သဖြင့် လိုအပ်သောသေချာ စစ်ဆေးမှုများကို
မလုပ်တော့ဘဲ အမှားအယွင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မိမိဝယ်ယူမည့် ကားနှင့် ပတ်သက်သော စာရွက်စာတမ်း အားလုံးကိုစစ်ဆေး သင့်ပါသည်။