ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကားတင်သင်္ဘောသုံးစင်း ဆိုက် ကပ်ခဲ့ပြီး ကားအစီးခြောက်ရာကျော် ကမ်းချခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
ယခုနှစ်မှစ၍ ဂျပန်ညာမောင်း ကားများ တင်သွင်းခွင့်မရှိတော့သလို ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူ အသုံးပြုခွင့် မူဝါဒလည်း ထွက်ပေါ် မလာသေးသည့်အတွက် ပြည်ပမှ ကားတင်သွင်းမှုများမှာ ယခင်နှစ် များထက် သိသိသာသာလျော့နည်း သွားခဲ့သည်။
ဒီနှစ်ကစပြီး ဘယ်မောင်းကားတွေကိုပဲ တင်သွင်းခွင့်ပေးတဲ့ အတွက် ပြည်ပကနေ ကားတင်သွင်း မှုက သိသိသာသာလျော့နည်းသွား ပါတယ်။ နောက်ပြီး မိုဒယ်မြင့်ကားတွေကိုပဲ တင်သွင်းခွင့်ပေးတဲ့အ တွက်လည်း ကားတင်သွင်းတဲ့သူ တွေ နည်းသွားပါတယ်။
ဒီလထဲမှာ ဆိုရင် ကားတင်သင်္ဘောသုံးစင်း ဆိုက်ကပ်ခဲ့ပြီး လူစီးကား ၄၅၂ စီး၊ အရပ်နဲ့ဘတ်စ်က ၁၃၃ စီး၊ ယန္တရား ခုနစ်စီးကမ်းချခဲ့ပါတယ်''ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ကိုယ်စား လှယ်လုပ်ငန်းဌာန) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ကားတင် သင်္ဘော ၅၁ စင်း ဆိုက်ကပ်ခဲ့ပြီးကား ၂၉,၅၆ရ စီးကမ်းချခဲ့ရာတွင် ဇန်နဝါရီလ၌ သင်္ဘော ခုနစ်စင်းမှကား ၅,၁၄ရ စီး၊ ဖေဖော်ဝါရီလ၌ သင်္ဘော ရှစ်စင်းမှ ကား ၆,၂၀ရ စီး၊ မတ်လ၌ သင်္ဘောရှစ်စင်းမှ ကား ၅,၅၈၄ စီး၊ ဧပြီလ၌ သင်္ဘော လေးစင်းမှ ကား ၃,၃၅၃ စီး မေလ၌ သင်္ဘောလေးစင်းမှ ကား ၂,၀၀ရ စီး၊ ဇွန်လ၌ သင်္ဘောငါးစင်းမှကား ၃, ၄၁၈ စီး၊ ဇူလိုင်လ၌ သင်္ဘော သုံးစင်းမှ ကားအစီး ၅၀ ဩတ်လ၌ သင်္ဘောလေးစင်းမှ ကား ရ၄၂ စီး၊ စက်တင်ဘာလ၌ သင်္ဘော သုံးစင်းမှ ကားအစီး ၁၃၁၀၊ အောက် တိုဘာလ၌ သဘော နှစ်စင်းမှကား ၅၁၃ စီး၊ နိုဝင်ဘာလ၌ သင်္ဘောသုံးစင်းမှ ကား ၆၅၆ စီး တို့ ကမ်းချခဲ့ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ သိရသည်။