ဗီယက်နမ်တွင် ကားဝယ်ယူသူ ၄၀ ရာခိုင်နှုန်း ချေးငွေအားကိုး


ဗီယက်နမ်တွင် ကားဝယ်ယူသူ ၄၀ ရာခိုင်နှုန်း ချေးငွေအားကိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကားဝယ်ယူသူ ၈၀% ဝန်းကျင်သည် ဘဏ်ချေးငွေကို အားကိုးကြသည်။
 ဗီယက်နမ်ကားဝယ်သူများ၏ ၃၀-၄၀% ကသာ ဘဏ်ချေးငွေကို အားကိုးကြသည်။

ကားဝယ်ရန် ဘဏ်ချေးငွေကို အားကိုးသူ အနည်းအများသည် ဒေသအလိုက် ကွာခြားသည်။
မြောက်ပိုင်းမှာထက် တောင်ပိုင်းတွင် ကားဝယ်ဖို့ ဘဏ်ချေးငွေ အားကိုးသူ ပိုများသည်ဟု  မော်တော်ကားကုမ္ပဏီများက ပြောကြားသည်။
Binh Duong ပြည်နယ်ရှိ Mercedes အရောင်းကိုယ်စားလှယ် Vietnam Star ၏ အရောင်းမန်နေဂျာ Vinh Nam က ယေဘုယျအားဖြင့် တောင်ပိုင်းသားတို့သည် အသုံးအဖြုန်း ပိုကြီးကြသည်ဟု ပြောကြားသည်။

တောင်ပိုင်းတွင် ကားဝယ်သူ အများအပြားသည် စီးပွားရေးသမားများ ဖြစ်ကြသည်။ လုပ်ငန်းအတွက် ကားဝယ်ကြသည်။ ကားဝယ်ဖို့ ဆုံးဖြတ်သည်မှာ မြန်ဆန်ပြတ်သားကြသည်။

အရောင်းသမားများ၏ အဆိုအရ ကားတစ်စီးဝယ်ရန် ချေးငှားခြင်းနှင့် အတိုးပေးချေမှု လွယ်ကူခြင်းသည် ဝယ်ယူရန် ဆုံးဖြတ်ချက်အပေါ် သက်ရောက်သည့်  အဓိကအချက်ဖြစ်သည်။

ကားချေးငွေအတွက် အတိုးနှုန်းသည် မတည်ငြိမ်ချေ။ လက်ရှိတွင် ၈.၅% ဝန်းကျင်တွင် စတင်ပါသည်။

ဘဏ်များက ကားတန်ဖိုး၏ ၇၀-၈၀% မှ ၁၀၀% အထိ ချေးငွေ စီစဉ်ပေးကြသည်။
 ငွေချေးသူတော်တော်များများက အချိန်မီ ပြန်မဆပ်နိုင်ကြချေ။ ထိုအချက်သည် ချေးငွေ ရယူဖို့ ချီတုံချတုံ ဖြစ်စေသည်ဟု ဘဏ်အရာရှိများနှင့် ကားအရောင်းသမားများက ပြောကြားကြသည်။
ယခုနှစ်တွင် ချေးငွေအတွက် စည်းကမ်းများ တင်းကျပ်ထားခြင်း၊ ဘဏ်အတိုးနှုန်း မြင့်မားခြင်းတို့ကြောင့်  ကားဝယ်ရန် ချေးငွေရယူခြင်းလျော့နည်းမည်ဟု လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။
ဝယ်လိုအားကို လှုံ့ဆော်ရန်အတွက် မော်တော်ကားကုမ္ပဏီများသည် လျှော့စျေးများနှင့် ပရိုမိုးရှင်းများကို ပေးဆောင်နေပြီး ဘဏ်တိုးကိုပင်လျှင် ထောက်ပံ့ကြေး ပေးအပ်သည်။

ပြီးခဲ့သည့်လတွင် Volkswagen သည် ပထမခြောက်လအတွက် အတိုးပေးစရာ မလိုသည့် အရောင်းမြှင်တင်ရေး အစီအစဉ်ကို ကြော်ငြာခဲ့သည်။

.“အရောင်းက အရမ်းနှေးတဲ့အတွက် ကျွန်တော်တို့ ချိန်ညှိပေးရမှာပါ” ဟု Volkswagen Vietnam မှ စျေးကွက်ရှာဖွေရေး အကြီးအကဲ Thao Van က ပြောကြားခဲ့သည်။
အကဲခတ်သူတွေက ယခုနှစ် ရောင်းအားသည် ယမန်နှစ်က ရောင်းအားဖြစ်သည့် စီးရေ ငါးသိန်းကို မီမည်မဟုတ်ဟု ယူဆကြသည်။

ဗီယက်နမ် မော်တော်ယဉ် ထုတ်လုပ်သူများ အသင်းက ၎င်း၏ အဖွဲ့ဝင်များသည် ပြီးခဲ့သော အောက်တိုဘာလမှ စတင်ကာ လေးလဆက်တိုက် ရောင်းအား ကျဆင်းသွားကြောင်း အစီရင်ခံတင်ပြခဲ့သည်။

ဇန်နဝါရီလတွင် ကားအစီးရေ ၁၇,၃၁၄ စီးသာ ရောင်းချခဲ့ရပြီး ဒီဇင်ဘာလထက် ၅၁% ကျဆင်းသည်။
.
ကားထုတ်လုပ်သူများသည်  ဝယ်လိုအားကို မြှင့်တင်ရန်အတွက် အခကြေးငွေပေးဆောင်ရာတွင် ကူညီပေးသည်။

ကားထုတ်လုပ်သူများသည် အရောင်းအေးနေသော ကားစျေးကွက်တွင် ဝယ်လိုအားကိုလှုံ့ဆော်ရန်အတွက် မတ်လဆန်းမှ စ၍ ၎င်းတို့ခံမှ ဝယ်ယူသည့်မော်တော်ယာဉ်များအတွက် မှတ်ပုံတင်ကြေးကို တစ်ဝက် သို့မဟုတ် အပြည့်ကို စိုက်ထုတ်ပေးဆောင်လျက်ရှိသည်။
အကောက်ခွန်ကြောင့် ဗီယက်နမ်မှာ ကားဈေးက ထိုင်းထက် ပိုများသည်။
ဗီယက်နမ်တွင် ကားရောင်းဈေးသည် ထိုင်းနှင့် အင်ဒိုနီးရှားတို့ထက် နှစ်ဆနီးပါး မြင့်တက်နေကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားသည်။
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 208 times