လက်တွေ့ကားသွားဝယ်မည့်သူများအတွက်သိသင့်သည့်အချက်များ


၁။ နေ့လည်ခင်း နေပူအောက်ကြည့်ရှု့ခြင်း ရှောင်ပါ။

အပူဒဏ်ပြင်းထန်လွန်းသဖြင့် ကားကြည့်သောအခါတွင် သက်သောင့်သက်သာ မဖြစ်သောကြောင့် စစ်ရမှာများ ကျန်နေခဲ့တတ်ပါသည်။

အပူဒဏ်သက်သာစေရန် ညနေဘက်နှင့် မိုးချုပ်ပိုင်း ကားကြည့်ရန် ရှောင်ကြည်သင့်ပါသည်။

၂။ကားကိုတွေ့သည်နှင့် ကားထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ။

ခါးပါတ်ခေါင်းများတွင် ထုတ်သည့် ခုနှစ်များကို အတိအကျရေးထားပါသည်။

ဖြဲထားခြင်း၊ ကတ်ကြေးဖြင့် ဖြတ်ထားခြင်းမျိုး မဖြစ်ရပဲ ကြည့်သည်နှင့် တွေ့ရပါမည်။

၃။ကားကိုစက်နှိုးပြီးသည်နှင့် အဲကွန်းဖွင့်လိုက်ပါ။

စက်သံဆူညံ ကျယ်လောင်ခြင်းမျိုးကိုတော့ ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေးမအေးစစ်ပါ။

၄။ကားအစီးတိုင်းတွင် Wheel Tax ပါပြီး ယင်း Wheel Tax ဖရိန်နံပါတ်နှင့် ကား၏ တကယ်ပါသော နံပါတ် တူညီမှု ရှိမရှိအရင်စစ်ပါ။

ကားတွင် တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်းသပ်ရပ် နေရပါမည်။

ဖြတ်ဆက်ဆိုလျှင် ကားဝယ်ပြီးသည်နှင့် ဆုံးသွားလိမ့်မည်ဖြစ်ပြီး ကညနက သိမ်းပါလိမ့် မည်။

၅။ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာ များပါ စစ်ပါ။

မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာအထိုင် မူလီများ မူလီရောင်ဘဲရှိရမည်ဖြစ်ပြီး ကားဆေး ကူးနေခြင်း လုံး၀ မရှိစေရ မူလီက မူလီလိုသာ ညစ်ပတ်လို့ရသော်လည်း ကားဘော်ဒီ ဆေးမကူးစေရ။

၆။ကားဘီးသဲကာများသည်လည်း နဂို သဲကာအတိုင်းသာ ဖြစ်ရမည်ဖြစ်ပြီး ညစ်ပတ်နေသော်လည်း သပ်သပ် ရပ်ရပ် ရှိနေရပါမည်။

၇။အရေးကြီးဆုံးကကား၏အောက်ပိုင်းနှင့် အင်ဂျင်ခန်းက ဖရိန်တွေသည် သန့်ရှင်းနေရပါမည်။

အများစု သည် ပုံမှန်အရောင် ပုံမှန်ကာလာဖြစ်ရမည် ဖြစ်ပြီး ပြန်မှုတ်ထားပါက သူတစ်နေရာတည်းကွက် ဖြူနေတတ်ပါသည်။

ကွက်နေတိုင်း လည်းယူလို့ ရတာတွေရှိပါသည်။

သို့သော် ကားကောင်းရင် ကောင်းတဲ့ဈေး မကောင်းရင် လည်း မကောင်းနဲ့ဈေးဘဲ ပေးနိုင်ဖို့ စစ်ခိုင်းတာပါ

၈။ လူတွေသတိမထားဘဲ ကျော်ကျော်သွားသည့် အရေးကြီးတဲ့ ကားအစိတ်အပိုင်းတွေကတော့

ကားခြေနင်းပြားအောက် ကိုလှန်ကြည့်ဖို့ နောက်ဖုံး အခင်းပြားအောက် ခွာကြည့်ဖို့ လုံးဝအားမနာပါနဲ့ အားနာလို့ သံချေးလိုက်နေရင် ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်ပြီသာ မှတ်လိုက်ပါတော့ သံချေးရှိတဲ့ကား အလွန်ဆုံး ၁ နှစ်လောက်ဘဲ ကောင်းမှာပါ

၉။ ကီလို မှန်မမှန် စစ်နိုင်ဖို့ကတော့ အကြမ်းအားဖြင့် မှတ်သားရမှာကတော့ ကားကီလိုတွေရဲ့ အသက်က ဖင်ထိုင်ခုံနဲ့ စီယာရင် ထိုင်ခုံခါးပါတ်လို့ အကြမ်းဖြင်းမှတ်ပါ ၊ ကီလိုများရင် အားလုံးနွမ်းတတ်ပါသည်။

သို့သော် တချို့ ဂျပန်ကားတွေ ကလည်း ဂျပန်ကနောက်ဆုံးပိုင်ရှင် အကိုင်အတွယ်ကြမ်းတမ်းရင် ကီလို သုံးသောင်းနဲ့လည်း စုတ်ပြတ်သတ်နေတာကို မြင်ဖူးပါသည်။

၁၀။ တချို့ကလည်း တိုက်ကား ဘယ်လိုခွဲမလဲ မေးကြပါလိမ့်မယ် ဂျပန်မှာ တိုက်ကားအားလုံးကို Recondition လုပ်ပြီးရင် ဒီအတိုင်း စစ်လို့ မရတော့ပါ ဘာလို့ ဆိုတော့ တိုက်မိသမျှ ပျက်စီးသမျှ အကုန်အသစ်လဲ လိုက်သောကြောင့်ပါ ဒါကြောင့် ကန်ဆယ်လေးရှင်း အမှန်ဆိုရင် ကားဝယ်ယူသူတွေက တန်ဖိုးထားကြရတာပါ။

၁၁။ ဘာကြောင့် ကန်ဆယ်လေးရှင်း အမှန်တွေ ရောင်းကားထဲမှာ မရှိတာလဲ အများစုမေးပါလိမ့်မယ် ဘယ်ရှိမလဲဗျာ ကားတစ်စီးကို ဈေးနှုန်း နှိုင်းယှဉ်ပြီးဝယ်တဲ့ တိုင်းပြည်မှာ ကန်ဆယ်လေးရှင်း အမှန်ဈေးနဲ့ အစုတ်အပြတ်ဈေး ဂျပန်မှာ တချို့ဆို သိန်း လေးငါးဆယ် ကွာနေတာမို့ ဘယ်သူမှ ကားကောင်းကို သွင်းမရောင်း နိုင်တော့တာပါ ... ဒါကြောင့် ကားကောင်းဆို စီးမယ့်ဆိုပြီးသွင်းတဲ့ လူတွေ ပြန်ရောင်းမှသာ ရှိတော့တာပါ တကယ်စီးမယ့်သူတွေက သူတို့ကားကီလိုများရင်တောင် မကြိုက်ကြပါဘူး ကျန်တာဆို စဉ်းစားမနေပါနဲ့...

၁၂။ ကားအရောင်တန်းမှာ မြန်မာပြည်အကြိုက်က အပေါ်ဆုံး အမြင့်ဆုံးဈေးက အဖြူ အမည်းပါ ပြီးရင် ကြားအရောင်လို့ ခေါ်သည့် မိုးပြာတို့ ရွှေအိုတို့ လာပါသည်။

ထို့ပြင် အရောင်ပျက်လို့ ခေါ်သည့် ဓါတ်တိုင်ရောင်တို့ အပြာတောက်တောက် အနီတောက်တောက် အရောင်တွေကိုတော့ သခင်ချစ်ကား ချစ်လွန်းလို့ကိုယ့်နားက တော်တော်နဲ့ မသွားဘူး လို့ မှတ်သားထားပါသည်။

အရောင်သတ်မှတ်ချက်ကတော့ ကားတိုင်းအတွက်တော့ မတူနိုင်ပေမယ့် အကြမ်းဖျင်းကတော့ အရောင်တွေကို လိုက်ပြီး ဈေးနှုန်းက ၁၀ သိန်းလောက် ကနေ ပိုကွာတာမျိုးတွေလည်းရှိပါသည်။

ဓါတ်တိုင် Silver အရောင်ပျက် ဆိုပြီး 99 Surf တို့ 99 Prado တို့ကိုတော့ သွားမလုပ်နဲ့နော် သူတို့ ုပုံစံ နဲ့ ငွေရောင်ဆို ကောင်းတာမို့ အဲ့လိုကားများတွင် အရောင်ပျက်လို့ မခေါ်နိုင်ပြန်ပါဘူး။

၁၃။ ကားဝယ်ယူမည့်လူတွေကို လွယ်လွယ်နဲ့ တွန်းရောင်းတတ်တာလေး တစ်ခုကတော့ 2WD / 4 WD ကိစ္စပါ လိုအပ်တဲ့လူအတွက် လေးဘီးယက်ဆိုတာ လိုသော်လည်း လူ များစု နဲ့ ဆီစားနှုန်းသက်သာဖို့ အတွက် လေးဘီးယက်တွေဟာ ဖြုတ်မရဘဲ ၂၀ ကီလို နင်းမှ ပြုတ်တဲ့ဟာ ဆိုရင်တော့ ဆီစားမယ် ၊ ပြန်ရောင်းရင် ခက်မယ်ဆိုတာကိုပါ လုံးဝတွက်ထားပါ ကြမ်းတမ်းတဲ့ တောင်တန်း မြေသားလမ်းတွေအတွက် ( ကတ္တရာလမ်းမပါ ) လေးဘီးယက်ကားအသုံးဝင်ပေမယ့် မြေပြန်လမ်းတွေအတွက်ကတော့ မလိုအပ်တာမို့ ဒီတစ်ချက်ကိုလည်း ချင့်ချိန်ပါ 2WD / 4 WD နှစ်မျိုးရွှေးချယ်ခွင့်ရှိတဲ့ ပုံမှန် အိမ်စီး ကားအများစုမှာ 4WD ကားတွေက လေလံ မှာကိုဘဲ သိန်း 20 ကနေ သိန်း 40 လောက်ထိ သက်သာ နေတတ်တာကိုတွေ့ရပါသည်။

၁၄။ ကားကိုစစ်ရင် နောက်ခန်းလည်း ကျန်ခဲ့တတ်ပါသည်။

နောက်ခန်းကိုလည်း သေချာစစ်ပါ ကား မှာပါတာ Orginal ဟုတ်မဟုတ် သန့််ရှင်းမှု ရှိမရှိ အသုံးပြုထားသေးလား ဘီး ဂျိုက် ဂွ တွေ ပါခြင်း တို့ဖြစ်ပါသည်။

အများအားဖြင့်တော့ ဂျပန်ကလာရင် အသုံးမပြုရသေးတာ များပါသည်။

၁၅။ ကားကိုလည်း စစ်ပြီးပြီ စိတ်တိုင်းကျပြီဆိုရင်တော့ အမောင်းစမ်းရမည် ဖြစ်သည်။

၁၆။ နည်းမျိုးစုံ စစ်လို့မှ ကိုယ်ကြိုက်နေပြီ ဝယ်ချင်တယ်ဆိုရင် ရောင်းသူ အိမ်ကိုလိုက်ပြီး စရံ ဒါမှမဟုတ် အကြေ ချေလို့ရပါသည်။

စာရွက်စာတမ်းကို မသင်္ကာသေးဘူး ဆိုရင် မြင်သာရုံး ဒါမှမဟုတ် သက်ဆိုင်ရာ ရုံးဝန်ထမ်းတွေဆီမှာ ကားစသွင်းတဲ့ ငယ်ရုပ် စစ်ပြီးမှသာ ငွေ ချေပါ။
အောက်တန်းဈေး တစ်ခုနဲ့ အထက်တန်းစား ကားတစ်စီးကို ယေဘူယျ အားဖြင့် တော့ မရနိုင်ကြပါဘူး။

ပေါချောင်ကောင်းလိုချင်တဲ့လူတွေနဲ့ လောလော လောလော အလုပ်လုပ်တတ်တဲ့ ကားဝယ်ယူသူတွေဟာ ကားတစ်စီးကို ဈေးတန်းမှန်မှန် ကားမှန်မှန်မရတတ်ပါဘူး။

Read 2763 times