ကုန်းအဆင်းတွေမှာ ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျခြင်းမဖြစ်အောင်


ကားတွေ တော်တော်များများ ကုန်းအဆင်းတွေမှာ ဘရိတ်ပေါက်လို့ဆိုပြီး ချောက်တွေထဲ ထိုးကျနေတာကို စိတ်မကောင်းစွာနဲ့ မကြာခဏ မြင်နေရပါတယ်။

တကယ်ဆို ဘရိတ်ဆိုတာ အဲ့လောက် အပေါက်မလွယ်ပါဘူး။ ကုန်းအဆင်းကရှည်တာကို ဂီယာကြီးနဲ့ မဆင်းဘဲ ၂ ၊ ၃ ဂီယာလောက်နဲ့ဆင်းပြီး ဘရိတ်ကို အကြာကြီးမှေးထားတော့ ဘရိတ်ရှုးတွေ ဘရိတ်ဒစ်တွေ အရမ်းပူလာတဲ့ အချိန်ကျတော့ ဘရိတ်က ဘယ်လိုမှ မမိတော့ဘဲ ခြေနင်းအောက်အထိကျပြီး ဘရိတ်ပေါက်သွားတတ်တာပါ။

အဲ့လိုမဖြစ်အောင်လို့ ကုန်းဆင်းရှည်ရင် ဂီယာကြီး ၁,၂,L,2,B,S စတဲ့ ဂီယာတွေနဲ့သာ ထိန်းဆင်းပါ။ အဆင်းရှည်တာကို Manual ရော Auto Gear ရောပါ ဘရိတ်ကိုအကြာကြီးထိန်းဆင်းရင် ဘရိတ်ပေါက်ပြီး ဘရိတ်မမိတော့ပါ။

ဆင်းနေရင်း ခြေနင်းဘရိတ်ပျော့ပြီး ဘရိတ်ပေါက်သွားရင် ၁, L, B ဂီယာရအောင်ထည့်၍ ထိန်းဆင်းကာ ရပ်လို့ရတဲ့နေရာရောက်ရင် နာရီဝက် လေးဆယ့်ငါးမိနစ်လောက် ခဏနားထားရင် ဘရိတ်နဂိုအတိုင်း အပေါ်ပြန်တက်လာပြီးဘရိတ်ပြန်မိပါလိမ့်မယ်။

အတက် မတက်နိုင်တာ ရပ်ထားလို့ရပေမယ့် အဆင်း ဘရိတ်မနိုင်ရင် ရပ်ထားလို့မရတာကြောင့် မိတ်ဆွေကားမောင်းသူများ အဆင်းတွေမှာ ဖြေးဖြေးသာ စိတ်ရှည်ရှည်ထားဆင်းဖို့ အကြံပေးချင်ပါတယ်။

Credit; ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Read 6194 times