ယာဉ်မောင်းသူများအနေဖြင့် မိမိကား၏ ဘရိတ်စနစ်တွင် ဖြစ်တက်သော ပြဿနာများကို သိရှိထားသင့်ပါသည်။
(၁) ဘရိတ်နင်းသည့်အခါ တစ်ဖက်သို့ဆွဲသွားခြင်း
ကားကို တစ်နာရီ ၂၀ မိုင်နှုန်းအထက် မောင်းနှင်ရင်း ရပ်တန့်ရန် ဘရိတ်နင်းလိုက်သည့်အခါ ကားဘီများက အခြားဦးတည်ရာဘက်ကိုဆွဲသွားခြင်းမျိုးဖြစ်ပါသည်။
ဘရိတ်၏ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်သို့ ဆွဲသွားခြင်းမျိုးဖြစ်သည့်အခါ ဘရိတ်၏ ဟိုက်ဒရောလစ်စနစ်တွင် ပြဿနာရှိနေခြင်းဖြစ်ပါသည်။
(၂) ဘရိတ်လိုင်းများ၏ ပြဿနာ
ရပ်တန့်နိုင်ရန်အတွက် ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းနေရပါက ဘရိတ်လိုင်း (brake line) များ ပိတ်ဆို့နေခြင်းကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် ဘရိတ်လိုင်းများကို စစ်ဆေးပြီး ပျက်စီးခြင်း၊ ကျိုးပဲ့ခြင်းများကို ချက်ချင်း အသစ်လဲလှယ်ရပါမည်။
(၃) ပါကင်ဘရိတ်ပြဿနာ
ပါကင်ဘရိတ်ကို လက်နှင့် ဆွဲသော်လည်း ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမည်ဆိုလျှင် ပါကင်ဘရိတ်ချို့ယွင်းနေခြင်းဖြစ်ပါသည်။
ဘရိတ်စနစ်၏ ချိတ်ဆက်ထားသောကြိုး (Cable) ပြတ်တောက်သွားခြင်း သို့မဟုတ် ဒရမ် (Drum)၊ ဒစ်(Disk) ဘရိတ်စနစ်များက မှန်မှန်ကန်ကန် အလုပ်မလုပ်ဘဲ ဘရိတ်စနစ်နှင့်
ချိတ်ဆက်မှု အပိုင်းများ ပြဿနာရှိနေခြင်းဖြစ်ပါသည်။
မာစတာဆလင်ဒါ (master cylinder) က ဘရိတ်စနစ်နှင့် ဟိုက်ဒရောလစ် အရည်ဖိအားကို ထောက်ပ့ံပေးပါသည်။
ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စသော အစိတ်အပိုင်းများကို မာစတာ ဆလင်ဒါနှင့် စနစ်တစ်ခုအနေဖြင့် ချိတ်ဆက်လှုပ်ရှားစေပါသည်။
ဘရိတ်စနစ်အတွင်းတွင် လည်ပတ်နေသော ဘရိတ်ဆီ အနေအထား ကိုလည်း စစ်ဆေးရန် လိုအပ်ပါသည်။
အထူးသဖြင့် မာစတာဆလင်ဒါ၏ ပတ်လည်ဧရိယာဝန်းကျင်တွင် ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရ ပါမည်။
ယိုစိမ့်မှုများက ဘရိတ်ဆီထိန်းသိမ်းသောစနစ်ချွတ်ယွင်းခြင်း၊ ဆီလ် (seals) များပျက်စီးခြင်းကြောင့်ဖြစ်ပြီး မာစတာ ဆလင်ဒါ၏ ပံ့ပိုးပေးသောဖိအားကို လျော့ကျစေခြင်းကြောင့်
ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်ခြင်း ဖြစ်ပါသည်။
(၄) ဘရိတ်ပက်ဒ်ပြဿနာ
ဘရိတ်နင်းသည့်အခါ တုန်ခါခြင်းကလည်း ဘရိတ်ပက်ဒ် ချို့ယွင်းခြင်းကြောင့်ဖြစ်ပြီး ဘရိတ်နင်းလိုက်သည့်အခါ တကျွီကျွီ မြည်သံ ကြားရပါက ကား၏ဘရိတ်ပက်ဒ် (brake pads)
အသစ်လဲရန် လိုအပ်နေခြင်းဖြစ်ပါသည်။
(၅) ဘရိတ်အသုံးပြုသည့်အခါ အသံမြည်ခြင်း
မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်သည့်အခါ ပုံမှန်အတိုင်း ရပ်တန့်ခြင်းမျိုး ရှိမရှိ ဂရုပြု စစ်ဆေးခြင်းမျိုး ပြုလုပ်သင့်ပါသည်။
ထိုအချိန်တွင် ဘရိတ်စနစ်များမှ ပြင်းထန်သော တဂျစ်ဂျစ် မြည်သံ သို့မဟုတ် တကျွီကျွီမြည်သံများ ကြားပါက ဘရိတ်စနစ်တွင် ပြဿနာရှိနေသည်ကို ညွှန်ပြခြင်းဖြစ်ပါသည်။
(၆) ဘရိတ်ဆီ လျှော့နည်းခြင်း
ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်သည့်အခါ ပစ္စတင် (piston) ၏ တွန်းအားနှင့် ရော့တာ (rotor) ကို တစ်ဖန်ပုံမှန် လှုပ်ရှားနိုင်ရန် ဘရိတ်ဆီကို ပိုမို ဆွဲယူရပါသည်။
ဘရိတ်ဆီ လိုအပ်သည်ထက် လျော့နည်းနေခြင်းက ဘရိတ်စနစ်တွင် ပြဿနာတစ်ခုဖြစ်ပြီး ဘရိတ်ဆီက သတ်မှတ်သောပမာဏ ပြည့်မီရန် လိုအပ်သကဲ့သို့ သတ်မှတ်သော
အရည်အသွေး ပြည့်ဝရန်လည်း လိုအပ်ပါသည်။
(၇) Brake Power Boost Unit ပြဿနာ
ကား၏ brake power boost unit ချွတ်ယွင်းခြင်းမှာလည်း ဘရိတ်ကို ပုံမှန်ထက်ပိုပြီး ဖိနင်း ရခြင်းဖြစ်သောကြောင့် brake power boost unit ကို စစ်ဆေးရန်လည်း လိုအပ်ပါသည်။
(၈) ဘရိတ်ဆီများ ညစ်ညမ်းခြင်း
ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆိုလျှင် ဘရိတ်ဆီ ညစ်ညမ်းမှု များလာခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
(၉) Vacuum System ပြဿနာ
Vacuum System မှာတွင် ပြဿနာ ရှိနေပါကလည်း ဘရိတ်စနစ် ချွတ်ယွင်းတက်သောကြောင့် ရပ်တန့်သည့်အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါသည်။
(၁၀) ကား၏ ဘရိတ်ဒစ်ချွတ်ယွင်းခြင်း
ဘရိတ်ကို အသုံးပြုသည့်အခါ တစ်ဖက် ဆွဲသွားခြင်း၊ တုန်ခါခြင်းများက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းခြင်း ဖြစ်နိုင်သောကြောင့် ဒစ်ဘရိတ်များကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊
အားလုံးဖြစ်စေ ပျက်စီးမှု အလိုက် အသစ် လဲလှယ်ရပါမည်။