ရာသီဥတု ပူပြင်းချိန်မှာ ကားဘက်ထရီ သတိပြုပါ


နေ့စဉ်ပူပြင်းနေတဲ့ အပူချိန် ကြောင့် ကားရဲ့ဘက်ထရီကို မီး လောင်ပေါက်ကွဲစေတဲ့အထိ ဖြစ် ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် Auto Mobile ပရိသတ်ကို ရာသီ ဥတုပူနေချိန်မှာ ဘက်ထရီနဲ့ပတ် သက်ပြီး သတိထားသင့်တာတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

(၁)ပုံမှန် လျှပ်စီးပတ်လမ်းကြောင်း နဲ့ ပုံမှန်အားသွင်းနှုန်း ဖြစ်၊ မဖြစ် ကို အမြဲစောင့်ကြည့် လေ့လာနေဖို့ လိုအပ်ပါတယ်။ လျှပ်စစ်ပတ်လမ်းကြောင်း ချို့ယွင်းချက် ကြောင့် ဘက်ထရီအားသွင်းနှုန်း မြန်နေတာ၊ များနေတာ တွေဖြစ်နေရင် ကားဘက်ထရီအားသွင်း နှုန်းလွန်ကဲမှုကို ဖြစ်စေပါတယ်။

အားသွင်းနှုန်းလွန်ကဲမှု(Over Charging) ဖြစ်မယ်ဆိုရင် ကားဘက်ထရီ ပျက်စီးနိုင်ပြီး သက်တမ်းကိုလည်း တိုစေပါတယ်။ အဆိုးဆုံးကတော့ အားသွင်းနှုန်းလွန်ကဲမှုကြောင့် ဘက်ထရီအပူလွန်ကဲပေါက်ကွဲခြင်းပဲ ဖြစ်ပါတယ်။

(၂) ရာသီဥတု ပူပြင်းချိန်မှာ အ သုံးပြုနေတဲ့ ကားဘက်ထရီကို လို အပ်တဲ့ အက်စစ်၊ မိုးရေတို့ကိုလည်း အမြဲစစ်ဆေးပေးနေဖို့ လိုအပ်ပါတယ်။ မိုးရေနဲ့ အက်စစ်တွေက တခြားရာသီတွေထက် ပူပြင်းတဲ့ ရာသီဥတုတွေမှာ ခန်းခြောက်နှုန်း ပိုမြန်ပါတယ်။ အဲဒါကြောင့် အမြဲစစ်ဆေးပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။

မိုးရေနဲ့ အက်စစ်ခန်းခြောက် ရာကနေ ဘက်ထရီအပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်စေနိုင်ပါ တယ်။

(၃) ဘက်ထရီကို လဲလှယ်သင့်တဲ့အချိန်မှာ လဲလှယ်ပေးရပါမယ်။ ဘက်ထရီတွေကို သက်တမ်းတစ် ခု သတ်မှတ်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီက ထုတ်လုပ်ကြပါတယ်။ သက်တမ်းကာလပြည့်တဲ့ ဘက် ထရီတွေကတော့ အသုံးပြုဖို့ လုံးဝမသင့်တော်တဲ့ ဘက်ထရီတွေဖြစ် ပါတယ်။

သက်တမ်းလွန် ဘက်ထရီ ကို ပြန်လည်ပြင်ဆင်သုံးစွဲတာ၊ အဟောင်းအတိုင်း ဆက်သုံးနေ တာတွေကြောင့် ကားဘက်ထရီ မီးလောင်ကျွမ်းတာကိုလည်း ဖြစ် စေနိုင်ပါတယ်။။

(၄) ဘက်ထရီအပေါ်ကအဖုံးကိုလည်း အမြဲသန့်စင်ပေးထားရပါမယ်။ ကားဘက်ထရီ အပေါင်း၊ အနုတ်ငုတ်တွေကို တပ်ဆင်ထုတ်လုပ်ကြပါတယ်။ ဘက်ထရီရဲ့ အပေါ်ပိုင်းမျက်နှာပြင်ပေါ်မှာ အညစ်အကြေးတွေများလာပြီး ဘက်ငုတ်နှစ်ခုကို လျှပ်ကူးစေနိုင် တဲ့အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘက်ထရီငုတ်နှစ်ခု လျှပ် ကူးရာကနေ ကားဘက်ထရီအပူ လွန်ကျပြီး ရုတ်တရက်မီးလောင် ကျွမ်းနိုင်ပါတယ်။
 

Read 2876 times