အခြေခံ သိထားသင့်တဲ့ ကား ပြဿဿ နာဖြေရှင်းနည်း


ကား တစ်စီးမှာ ပျက်နိုင်ချေ၊ ဖြစ်နိုင်ချေတွေက အများကြီးပါ။ သို့ပေမယ့် အချို့ ပျက်ဆီးမှု များက ဝပ်ရှော့ ပို့စရာ မလိုပဲ ကိုယ်တိုင် ပြင်လို့ ရတာ ရှိပါတယ်။

အချို့ကျတော့လည်း ကိုယ်တိုင်ပြင်လို့ မရပေမယ့် သိထားတော့ ဝပ်ရှော့ ပို့တဲ့အခါ ကိုယ်က အညာမခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေခံ အားဖြင့် ကား ပိုင်ဆိုင်သူ အားလုံး သိထားသင့်တဲ့ အခြေခံ ကား ဗဟုသုတ လေးကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။


မီးခိုး အထွက် လွန်နေရင်

သေချာပါတယ်။ ဆီယိုနေပါပြီ။ ဒီမှာ မီးခိုး အရောင်ကို ထပ်ခွဲရပါ အုံးမယ်။ မီးခိုး အမည်းရောင် ဆိုရင် အင်ဂျင်ဆီယိုနေခြင်း ဖြစ်ပါတယ်။ မီးခိုး အဖြူ ဘက် နည်းနည်း လိုက်ရင်ရေယိုနေခြင်းဖြစ်ပါတယ်။ ရေယို ဆိုတာ အင်ဂျင်အအေးခံဖို့အတွက် ပေးထားတဲ့ရေလမ်းကြောင်းကနေ ပေါက်ထွက်ပြီး ဆလင်ဒါထဲ ဝင်ရောလို့ ဖြစ်ပါတယ်။ မီးခိုအပြာရောင် သို့မဟုတ် အခြားသော 
ရောင်စုံ ဆိုရင် ဒါချောစီ (ကားချောစီ) ယိုနေခြင်း ဖြစ်ပါတယ်။


ဘယ်လိုပြင်မယ်

ဆိုင်သာပို့ပါ။ ဒါက လက်တည့်စမ်းပြီး လျှောက်ပြင်ရမယ့် ပြဿဿ နာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေကတော့ အင်ဂျင်ပေါက်ကွဲခြင်း ဖြစ်ပါတယ်။ ဆလင်ဒါရဲ့ လုပ်ဆောင်ချက်က ပုံမှန် မဟုတ်တော့ပဲ မီးလောင်မယ့် အနေအထားထိကို ရောက်စေပါတယ်။


ပါဝါမှန် ပူနေရင်

ပူနေရင် ဒီတိုင်းကြည့်မနေပါနဲ့။ ရှော့ရှိပါတယ်။ ဒါ အတွင်းမှာ ထည့်ထားတဲ့ အမဲဆီတစ်မျိုး က တော်တော်လေး အပူဒဏ်ခံနေရခြင်း ဖြစ်ပါတယ်။ ကိုယ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မှန်က အပေါ်တက်သွားတာ မှန်ပေမယ့် နောက်ကွယ်မှာ သူအလုပ်လုပ်လိုက်ရတဲ့ ဖက်ရှင်တွေ တော်တော်လေး စုံပါတယ်။ အီလက်ထရောနစ်နဲ့ ဟိုက်ဒရော လစ် စနစ် ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစ်ခုပျက်ရင် နှစ်ခုလုံးကိုအလုပ် မလုပ်စေတော့ပါဘူး။


ဒီလိုပြင်မယ်

ဆီအစားထိုးပေးရမှာ ဖြစ်ပါတယ်။ ဆီဆိုလု့ိ တွေ့ကရာ ဆီ မဟုတ်ပါဘူး။ သူ့အမျိုးအစားနဲ့သူ သတ်မှတ်ထားတာ ရှိပါတယ်။ ကိုယ်တိုင် ဖွင့်ကြည့်နိုင်တယ်ဆိုရင်ကြည့်နိုင်ပါတယ်။ အတွင်းမှာ အသုံးပြုတဲ့ ဆီတစ်မျိုးကို စနစ်တကျ ပြန်အစားထိုးပေးဖို့တော့လိုပါတယ်။ ဝပ်ရှော့ပိုတာ ပိုအန္တာရယ်ကင်းပါတယ်။ ဝပ်ရှော့ပို့ပေမယ့် သူတို့ ပြန်ထည့်ပေးမယ့် ဆီကို သေချာစစ်ဆေးစေချင်ပါတယ်။ မှန်အတင်အချ စနစ်မှာ သုံးတဲ့ Grease oil က တော်ရုံဆီများနဲ့ မတူပါဘူး။ တလွဲထည့်ရင် ခဏတာ ကောင်းပေမယ့် ရေရှည်မှာ အန္တာရယ် ရှိပါတယ်။


စက်ကောင်းကောင်း မနိုးရင်

အရင်ကဆို သော့တစ်ချက်လှည့်ရုံနဲ့ စက်နိုးပေမယ့် နောက်ပိုင်းကျ အဲ့လိုမဟုတ်တော့ဘူး ဆိုတာမျိုးလည်း ဖြစ်ပါတယ်။ မြင်းဟီးသလိုပဲ တစ်ဟီးဟီးနဲ့ထမြည်လို့ ရပ်သွားပါတယ်။ တစ်ခါခါတော့ အဲ့လိုမြည်ပြီး စက်နိုးသွားပါတယ်။ Engine Starting မှာ ဒါတွေ ဖြစ်တာ အဓိကက ဘက်ထရီပါပဲ။ ဘက်ထရီကောင်းရင် ဒါမျိုး ဖြစ်စရာ အကြောင်းမရှိပါဘူး။ ဓာတ်ဆီကားမှာဆို Spark ရိုက်ဖို့အတွက် ဘက်ထရီက လုပ်ပေးပြီး ဒီဇယ်မှာကျတော့ ကားအင်ဂျင်လည်ဖို့အတွက် ဘက်ထရီက စမောင်းပေးရပါတယ်။


ဒီလိုပြင်မယ်

ကားစစချင်းမှာ မနိုးဘူးဆိုရင် ဘက်ထရီကြိုးလွတ်နေလားဆိုတာ စက်ဖုံးမှာ အကြမ်းဖျင်းကိုယ်တိုင်ဝင်စစ်နိုင် ပါတယ်။ ဒါလည်း မလွတ်ဘူးဆို ဘက်ထရီမကောင်းလို့ဆိုတာ ပထမဦးဆုံး ကောက်ချက်ချနိုင်ပါတယ်။ ဒါလည်း မဟုတ်သေးဘူးဆိုရင် အခြား အပြစ်တင်စရာများလည်းရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်လိုမှ မရနိုင်တော့ဘူးဆိုရင်း ကား ဘီးအူတိုင် ကို လည်စေဖို့အတွက် နောက်ကနေ အကူအညီနဲ့တွန်းခိုင်းပြီး စက်နိုးရတဲ့ အဆင့်အထိကို လုပ်ရပါတော့မယ်။ ပြီးတော့မှာ Engine Starting System ပြဿနာကို ဝပ်ရှော့ဆရာများနဲ့ ပူးပေါင်းဖြေရှင်းနိုင်ပါတယ်။

ကားမောင်းနေရင်းနဲ့ ရပ်ရင်

မောင်းနေရင်းနဲ့ ရပ်တာ အဓိက အကြောင်းအရင်းက အင်ဂျင်လည်တာ ရပ်ခြင်းပါပဲ။ ဒါဆို အင်ဂျင်က ဘာလို့ လည်နေရင်းနဲ့ ရပ်ရလည်းဆိုတာက ရှင်းပါတယ်။ အင်ဂျင် ဆီလမ်းကြောင်းပိတ်တယ်ဆိုတာ အကြမ်းဖျင်း သိရှိ နိုင်ပါတယ်။ ဒါက အဖြစ်နိုင်ဆုံး အခြေအနေ တစ်ခုကို ပြောတာပါ။ နောက်ထပ် ဖြစ်နိုင်ချေတွေလည်း ရှိနေတတ်ပါသေးတယ်။

ဘယ်လိုပြင်မလဲ

ဆီပိုက်ကို ပြန်စစ်ရမှာပါ။ ပြီးတော့ ဆီဗုံးမှာ ဆီကျန်မကျန်လည်း စစ်ရပါအုံးမယ်။ တစ်ခါခါကျ ဒိုင်ခွက်က အမှားပြနေတာမျိုးတို့ကလည်း ရှားရှားပါးပါး ကြုံတွေ့ ရတတ်ပါတယ်။ အင်ဂျင် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ လမ်းကြောင်း စနစ်တစ်ခုလုံး အမှားအယွင်း ရှိမရှိ ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ ဓာတ်ဆီကားမှာ ဆိုရင် ကာပရိုက်တာကို ပါ စစ်ဆေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်စီးတဲ့ မြင်းက အထီးလားအမလားဆိုတာကို သိအောင်လုပ်ရသလိုပဲ ကိုယ်စီးတဲ့ ကားရဲ့ အကြမ်းဖျင်း ဖွဲ့စည်းတည်ဆောက်ပုံ၊ အတွင်းခန်း တည်ဆောက်ပုံတို့ကို သေချာ လေ့လာထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 
အထက်ဖော်ပြပါ အချက်များက အကြမ်းဖျင်း သိထားသင့်တဲ့ ကား ဗဟုသုတ အချို့သာ ဖြစ်ပါတယ်။

 

Read 3058 times