ကားအဲကွန်း ဖွင့်ထားလည်း ကားထဲမှာ ပူနေဆဲဆိုရင်


အပူချိန်မြင့်နေစဉ် ကားထဲမှာ အဲ ကွန်းဖွင့်ထားပေမယ့် အပူဒဏ်ကို ခံစားနေရတယ်ဆိုရင် ယာဉ် မောင်းအတွက်ရော ခရီးသည်အ တွက်ပါ စိတ်အနှောင့်အယှက်ဖြစ် ရပါတယ်။ 

အဲဒီလိုအခြေအနေမျိုးတွေ မဖြစ်စေဖို့အတွက် ကိုယ်တိုင်ပြင် ဆင်စစ်ဆေးသင့်နိုင်တဲ့ လွယ်ကူ တဲ့နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

၁။ ကားတွင်းခန်းလုံရဲ့လား လေငြိမ်တဲ့နေရာ (သို့ မဟုတ်) ကားဂိုဒေါင်အတွင်းမှာ ကားကိုရပ်ထားပြီး အတွင်းခန်းအဲ ကွန်းနဲ့ ပန်ကာကို အရှိန်မြင့်ဖွင့် ထားပါ။ ကားတံခါးအားလုံးကို ပိတ်ပြီး စမ်းသပ်မယ့်သူက ကား ရဲ့အပြင်မှာ ရှိနေပါရပါမယ်။ ကားရဲ့ပတ်ပတ်လည်ကို လှည့်ပြီး ကားအတွင်းက လေစိမ့် ထွက်နေတဲ့နေရာတွေကို ရှာရမှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းဖြင့် ကားအတွင်းခန်း အဲကွန်းအအေး လျော့ကျနေတာ လေစိမ့်ထွက်နေ တာတွေကို သိရှိနိုင်မှာ ဖြစ်ပါ တယ်။

၂။ အဲကွန်းလေဖိအားနဲ့ ဓာတ် ငွေ့ပမာဏ အဲကွန်းရဲ့ ကွန်ပရက်ဆာ အတွင်း လေဖိအားနဲ့ ဓာတ်ငွေ့ ပမာဏကို တိုင်းထွာရပါမယ်။ ဒီ နည်းလမ်းကတော့ ကျွမ်းကျင်သူ တစ်ယောက်ကသာ လုပ်ဆောင် နိုင်မှာဖြစ်ပြီး အထောက်အကူပြု ပစ္စည်းတွေကိုလည်း လိုအပ်မှာ ဖြစ်ပါတယ်။

၃။ စနစ်အတွင်းမှ ယိုစိမ့်မှုများအဲကွန်းစနစ်တစ်ခုလုံးရဲ့ ယို စိမ့်မှုတွေကိုလည်း စစ်ဆေးရပါ မယ်။ ကားအဲကွန်းစနစ်အတွက် ချိတ်ဆက်လုပ်ဆောင်နေတဲ့ ပိုက် လိုင်းတွေ၊ လေအိုးတွေ၊ ဆက် ကြောင်းတွေမှာ ယိုစိမ့်မှု ရှိ၊ မရှိ ကို စစ်ဆေးရပါမယ်။ ဒါကလည်း ကားအဲကွန်းအတွက် အရေးကြီး တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

၄။ စနစ်တစ်ခုလုံး လဲလှယ်သင့်ပြီ လား ကားအဲကွန်းတစ်ခုကို ထုတ် လုပ်စဉ်တည်းက ကားအင်ဂျင်ရဲ့ သက်တမ်းနဲ့ ချိန်ကိုက်ပြီးထုတ် လုပ်တာ ဖြစ်ပါတယ်။ ကားအင် ဂျင်နဲ့ ဂီယာတွေကိုသာ အမြဲတမ်း အလေးပေးပြုပြင်နေကြပေမယ့် ကားအဲကွန်းစနစ်ကိုတော့ အ တွင်းခန်းမအေးတော့မှ စစ်ဆေး ပြုပြင်ကြပါတယ်။ တကယ်တော့ ကားအဲကွန်း ရဲ့ သက်တမ်းလည်း ကုန်ဆုံးချိန် တစ်ခုတော့ ရှိပါတယ်။ အင်ဂျင် အရွယ်အစားနဲ့ ကားအမျိုးအစား အလိုက် အဲကွန်းသက်တမ်းတွေ မတူညီကြပါဘူး။ ဒါပေမဲ့ ကား အဲကွန်းစနစ်တစ်ခုလုံးကို လဲလှယ် ပြုပြင်ပေးသင့်တဲ့အချိန်တစ်ခု ရောက်ရင်တော့ လဲကို လဲပေးရ ပါမယ်။

၅။ ဆက်စပ်စနစ်တွေငြိနေလား ကားအဲကွန်းပါဝါမကျခင် အချိန်မှာ ကားအင်ဂျင်တွေ အရင် ဆုံးကျဆင်းတတ်ပါတယ်။ တစ် ခါတလေမှာတော့ အင်ဂျင်ကျချိန် နဲ့ အဲကွန်းကျချိန်လည်း တူညီနေ တတ်ပါတယ်။ အင်ဂျင်တစ်ခုလုံး ကိုသာ လဲလှယ်တတ်ကြပေမယ့် အဲကွန်းစနစ်ကိုတော့ အသေးစား ပြုပြင်တာလောက်သာ လုပ်တတ် ကြပါတယ်။ အဲကွန်းစနစ်နဲ့ ဆက်စပ်နေ တဲ့ အင်ဂျင်၊ မော်တာ၊ အဲကွန်း မီးပေးစနစ် စတာတွေ ချို့ယွင်း လာတယ်ဆိုရင်လည်း အဲကွန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကျဆင်းပြီး အ တွင်းခန်းအပူချိန်ကို မထိန်းနိုင် တာတွေဖြစ်လာစေပါတယ်။

၆။ ကွန်ပရက်ဆာလည်း အရေး ပါတယ်ကားအဲကွန်း၊ ကွန်ပရက် ဆာနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ် ဆေးရပါမယ်။ ကားအဲကွန်း၊ ကွန် ပရက်ဆာရဲ့ သားရေဘတ်ကြိုး (Motor Belt)တွေ လျော့နေရင် လည်း ကားအဲကွန်းစွမ်းရည်ကျ ဆင်းပါတယ်။ အဲဒါကြောင့် သားရေ ဘတ်ကြိုးလို အစိတ်အပိုင်းတွေ လည်း စစ်ဆေးလဲလှယ်ပေးသင့် ပါတယ်။

ဖော်ပြပါနည်းလမ်းတွေထဲ မှာ ကိုယ်တိုင်လုပ်ဆောင်နိုင်တာ တွေရှိနေသလို ကားနဲ့ပတ်သက် တဲ့ ကျွမ်းကျင်သူတွေမှသာ လုပ် ဆောင်နိုင်တာတွေလည်း ရှိပါ တယ်။ ဒီအချက်တွေကို သိရှိထား ရင်တော့ ကျွမ်းကျင်သူက ရှင်းမပြလည်း သိထားရင် ကားအဲကွန်း မအေးတာ ဘာကြောင့်လဲ၊ ရာသီ ဥတုပူချိန်မှာ ကားအဲကွန်း ဘယ် အစိတ်အပိုင်းတွေကို စစ်ဆေး သင့်လဲဆိုတာတွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

Source:7daycars

Brand New ကားများ သီးသန့်ပြသရောင်းချမည့် Yangon Internaitonal Motor Show လာမည့် ဇန်နဝါရီလတွင်း ကျင်းပမည်
 

Read 3697 times