ကားတစ်စီး၏ လေစစ်ဆိုတာသည်မှာ စျေးလည်း သိပ်ပြီးမကြီးသလို ထိန်းသိမ်းပြုပြင် ရသည့်အပိုင်း မှာလည်း လွယ်ကူပါသည်။
ဒါပေမယ့်ကားအတွက်တော့ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။
လေစစ် မရှိရင် ကားအတွင်းကို ရှိုက်သွင်းလိုက်သည့် လေများကတဆင့် အင်ဂျင်ထဲကို လေနဲ့အတူ အမှိုက်များ ၀င်ရောက်သွား စေနိုင်ပါသည်။
လေစစ်တွင် ဖုန်မှုန့်နဲ့အမှိုက်များ ပိတ်နေရင်လည်း အင်ဂျင်ထဲကို လေဝင်ရောက်မှု နည်းစေပြီး အင်ဂျင်အရုန်းအစွဲကျ စေပါသည်။
ထို့ကြောင့် ကားတစ်စီး၏ လေစစ် ဆေးကြော၊ လဲလှယ်တာတွေ လုပ်ရန်အတွက် ကားဆားဗစ် မကြာခဏ သွားစရာမလိုဘဲ ကိုယ်တိုင်ပြုပြင် ဆေးကြောနိုင်မည့် နည်းလမ်းများကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါသည်။
အဆင့်(၁)
မိမိကားနဲ့ကိုက်ညီတဲ့ လေစစ်၊ ကား ထုတ်လုပ်သူက ညွှန်ပြပေးထားတဲ့ လေစစ် အသစ်တစ်ခုကို ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရွေးချယ် ၀ယ်ယူပါ။ အဲဒါဆိုရင်တော့ ကား လေစစ်ရဲ့မူလ အနေအထားကို မြင်တွေ့နိုင်ပြီဖြစ်ပါ တယ်။
အဆင့်(၂)
ဒုတိယအဆင့်မှာတော့ မြေပြင်ညီနေရာမှာ ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး အော်တိုဂီယာဆို P မှာထားပါ၊ မန်နူရယ်ဂီယာဆိုရင် ပထမဆုံးဂီယာမှာထားပါ။
အဆင့်(၃)
တတိယအဆင့်မှာတော့ ကား ဘောနက်ဖုံး ကိုဖွင့်ပြီး သေချာအောင် ဒေါက်ထောက်ပါ။ လေစစ်ဗူး ကိုရှာပါ။ လေစစ်ဗူးအဖုံး ကလစ် တွေကို ဖြုတ်ထုတ်ပြီး အဖုံးကိုဖယ်ထုတ်ပါ။
လေစစ်ကိုထုတ်ယူပါ။
အဆင့်(၄)
လေစစ်အသစ်နဲ့ကားထဲက လေစစ်ကို နှိုင်းယှဉ်ကြည့်ရင် လေစစ် အဟောင်း ကပ်နေသည့် အမှိုက်များနှင့် နဲ့ ဖုန်မှုန့်တွေ ဘယ်လောက်များနေလဲ သိနိုင်ပါသည်။
ဆေးကြောလို့ရနိုင်မလား၊ အသစ်လဲလှယ်လို့ ရ၊ မရ ဆိုတာတွေကို အမြင် ဖြင့် အရင်ဆုံးဖြတ်ပါ။
အသစ်လဲသင့်ရင် လဲလှယ်ပါ။
အဆင့်(၅)
ဆေးကြောလို့ရမည့် အခြေအနေ ဆိုရင်တော့ ဖွင့်ထားသည့် လေစစ် ထည့် ထားသည့်ဗူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကားနှင့် ဝေးသည့်နေရာကို ယူသွားပါ။
အဆင့်(၆)
လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သားပြီးနောက် လေမှုတ်စက်မှ အားအသင့်တင့် ရှိသည့် လေမှုတ်အားဖြင့် ရှေ့၊ နောက် တစ်ဖက်ချင်း ကို မှုတ်ထုတ်ပါ။
လေစစ်က ဖုန်မှုန်နှင့်အမှိုက်များ ကင်းစင်သွားရင် မူလ အရောင်နီးပါး ပြန်ဖြစ်လာနိုင် ပါသည်။
အဆင့်(၇)
သန့်စင်ပြီး လေစစ်ကို ကားအနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်သည့် ပုံစံအတိုင်း လေစစ်ကို ပြန်လည်တပ်ဆင် ပေးပါ။
လေစစ်ဗူးအဖုံး ကလစ်များကိုလည်း သေချာအောင် ချိတ်ပြီးမှ ပြန်ပိတ်လိုက်ပါ။
ဘောနက်ကိုလည်း သေချာပြန် ဖုံး အုပ်ပြီး ပိတ်ပေးပါ။
လေစစ်တစ်ခုကို လဲလှယ်တာ၊ ဆေးကြောတာတွေ လုပ်ဆောင်ဖို့ အတွက် သတ်မှတ်ထားတဲ့ ခရီးမိုင် အကွာအဝေး သတ်မှတ်ချက်တွေ လည်းရှိနေပါသည်။
ကားထုတ်လုပ်သူများကလည်း ကားအမျိုးအစား အလိုက်သတ်မှတ်ပေး ထားတာတွေလည်း ရှိပါသည်။
ယေဘုယျအနေနဲ့တော့ ကား လေစစ်ကို စစ်ဆေးပြီး လဲလှယ်တာ၊ ဆေးကြောတာ တွေလုပ်ပေးသင့်ခြင်းမှာ
အနည်းဆုံး ကီလိုမီတာ ငါးသောင်း (မိုင်သုံးသောင်းခန့်) အသုံးပြုပြီးတိုင်း စစ်ဆေး ပေးသင့်ပါသည်။