ကားဝယ်ခါနီးထိမိခိုက်မိထားသည့်ကားဟုတ်၊မဟုတ်သိနိုင်သည့်အချက်များအား စစ်ဆေးနိုင်သည့်အခါမှဈေးနှုန်းမှန်ကိုဆုံးဖြတ်နိုင်မှာဖြစ်သလိုထပ်ကြုံရလာနိုင်တဲ့အခက်အခဲတွေကိုသိနိုင်မှာဖြစ်သည့်အတွက်အက်ဆီးဒင့်ကြောင့်ထိခိုက်ဒဏ်ရာရထားဖူးသလားစစ်ဆေးနိုင်မယ့်နည်းလမ်းများကိုဖော်ပြပေးလိုက်ပါသည်။
ယာဉ်မှတ်တမ်းစာအုပ်တောင်းယူပါ
တချို့သောကားများတွင်အရင်ကားပိုင်ရှင်စာရင်းများ၊အာမခံဆိုင်ရာအချက်အလက်များ၊မတော်တဆထိခိုက်မှု မှတ်တမ်းများရှိနိုင်သည့်အတွက်အပြင်ပန်းမစစ်ဆေးခင်ယာဉ်မှတ်တမ်းကြည့်ခြင်းဖြင့် လည်းသိနိုင်ပါသည်။
ရွှံ့ကာနဲ့ဘန်ပါကိုစစ်ဆေးပါ
ထိုနေရာမှာအလွယ်တကူတိုက်မိဆောင့်မိတတ်တာမို့ကွဲအက်နေသလား၊ထိခိုက်ထားတာရှိနေသလား၊ဆေး တွေ ညီရဲ့လားဆိုတာ စစ်ဆေးကြည့်နိုင်ပါသည်။
လေကာမှန်ကိုစစ်ဆေးပါ
ကားပြတင်းပေါက်တွေအကုန်လုံးနှင့်အရှေ့အနောက်ကားလေကာမှန်တွေအကုန်လုံးမှာထိခိုက်မိထားတာရှိသလား စစ် ဆေးပါ။ ပဲ့နေတာ၊ အက်နေတာ၊ အသစ်လဲဖို့လိုနေတဲ့ အနေအ ထား ရှိ၊ မရှိ စစ်ဆေးပါ။
ကားဘော်ဒီလိုင်းများကိုစစ်ပါ
ကားဘော်ဒီလိုင်းတွေ ညီ ညာမှု ရှိ၊ မရှိ၊ ဆေးသားတွေ ညီ၊ မညီ စစ်ဆေးပါ။ လိုင်းမရှိတာတို့၊ လိုင်းရွဲ့နေပါကကားဘော်ဒီထိခိုက်မိထားလို့ ပြန်ထုထားတာတို့၊ လဲထားတာတို့ဖြစ်နိုင်ပါသည်။
ကားတံခါးရွက်နဲ့တံခါးကြားအကွာအဝေးကိုစစ်ဆေးပါ
ကားတံခါးပိတ်ထားချိန်မှာကားတံခါးတစ်ချပ်နဲ့တစ်ချပ်လိုအပ်တာထက်ပိုကွာနေသလား၊ အပေါ်အောက်၊ ဘေးဘယ်ညာညီညီညာညာ ပိပိရိရိရှိနေရဲ့လားဆိုတာစစ်ဆေးပါ။
တံခါးထိခိုက်ထားပါကအလိုင်းမန့်မညီတာမျိုးရှိနေတတ်သလိုအသစ်လဲထားရင်လည်း ဟာကွက်လေးတွေကျန် နေတတ်လို့သောကြောင့်ဖြစ်ပါသည်။
ကားဘီးချုပ်အမှတ်အသားများကိုစစ်ပါ
ကားဘီးအပေါ်ဘက်နားကဖရိန်အနားစွန်းတွေ၊ ဘီးချုပ်နေ ရာတွေကို စစ်ဆေးပါ။
ကားဘော်ဒီအကြီးအကျယ်ထိခိုက်ခံထားရပါကဖရိန်စက်ပေါ်တင်ပြီးပြင်ရတာမို့အဲဒီနေရာတွေမှာအနာအဆာ တစ်ခုခုရှိနေတတ်လို့ပါ။
ဆေးပြန်တင်ထားသလား စစ်ပါ
ကားဘော်ဒီအောက်နားတွေ၊ တံခါးထောင့်စတဲ့နေရာတွေကအစင်းခြစ်ရာတွေ၊ ဆေး ကွာနေတဲ့နေရာတွေကို စစ်ဆေး ကြည့်ပါ။
ထိုနေရာမှအရောင်နဲ့ဘော်ဒီကိုဆေးပြန်တင်တဲ့အရောင်နဲ့ တစ်ထပ်တည်းမကျတာ မျိုးတွေရှိနိုင်တဲ့အတွက် မူလဆေး သားလား၊ ထိခိုက်မိထားလို့ ပြန် လုပ်ထားသလား သိနိုင်ပါသည်။