ယာဉ်မောင်းသူများယာဉ်တိုက်မှုလျော့ကျစေရန် လိုက်နာရမည့်အချက်များ


ယာဉ်တိုက်မှုများကိုခြုံငုံကြည့်ရာတွင်အမြန်လမ်းတွင်ဖြစ်စေ၊မြို့တွင်းတွင်မောင်းနှင်သည်ဖြစ်စေဖြစ်ပွားရသေအကြောင်းရင်းများမှာ-

ယာဉ်မောင်းသူ၏ကျွမ်းကျင်မှုနည်းပါးခြင်း၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုမလိုက်နာ ခြင်း၊ ပြိုင်ဆိုင်မောင်းနှင်ခြင်း၊ ယာဉ်မောင်းသူအိပ်ငိုက်ခြင်း၊ ရာသီဥတုမကောင်းခြင်း၊ ကားချို့ယွင်းခြင်း၊ လမ်းချို့ ယွင်းခြင်းနှင့် လမ်းပေါ်တွင်မဆင်မခြင်သွားလာအသုံးပြုသူများကြောင့်ဖြစ်သည်။

မည့်သို့ပင်ဆိုစေယာဉ်မတော်တဆဖြစ်သည်နှင့်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်ခန္ဓာချို့ယွင်းမှုများနှင့် ငွေကြေးကုန်ကျမှုများစသည့်အကျိုးဆက်များဖြစ်ပေါ်လာမည်ဖြစ်သည်။

ထို့သို့မဖြစ်ပွားစေရန်အတွက်အောက်ပါအချက်များကိုခရီးသွားလာသူများအနေဖြင့်ပြင်ဆင်လိုက်နာပေးသင့်ပါသည်။

ခရီးစတင်မထွက်ခွာမီ ဆီလုံလောက်မှုရှိမရှိ၊ဘရိတ်ဆီနှင့်ကလပ်ဆီရှိမရှိ၊တာယာပေါင်ချိန်နှင့်ရှေ့လေကာမှန်အမြဲကြည်လင်နေစေရန်နှင့်မှန်ရေဆေးကန်တွင် ရေရှိမရှိတို့ကိုစစ်ဆေးပါ။

ကားတာယာများ စိတ်မချရပါကအသစ်လဲပါ။

ကားမောင်းနှင်နေစဉ် ထိုင်ခုံခါးပတ်ဝတ်ဆင်မောင်းနှင်ပါ။

အရှေ့ကားနှင့်အကွာအဝေးကို၂စက္ကန့်စည်းမျဉ်းအတိုင်းလုံလောက်သောအကွာအဝေးတွင်ထိန်းသိမ်းမောင်း နှင်ပါ။

အရှိန်လျှော့သင့်သောနေရာများသို့မရောက်မီအနည်းဆုံး ၄ စက္ကန့်ခန့်တွင်အရှိန်လျှော့သင့်သောနေရာများသို့ မရောက်မီအနည်းဆုံး ၄ စက္ကန့်ခန့်တွင် အရှိန်လျှော့နိုင်အောင်သတိထားမောင်းနှင်ပါ။

ကားအရှိန်ကိုသတ်မှတ်ထားသောပုံမှန်အရှိန်တွင်သာမောင်းနှင်ပါ။

လမ်းကြောပြောင်းလဲမည်ဟုကြံလိုက်တိုင်းအချက်ပြမီးကိုအမြဲသုံးပါ။

နောက်ကြည့်မှန်မှလည်းနောက်ကားများအခြေအနေကိုမကြာခဏကြည့်ရှုပါ။

ရှေ့တွင်ရောက်မည့်လမ်းကြောအနေအထားကိုအမြဲကြည့်ရှု့မောင်းနှင်ပါ။

လမ်းတွင်ကားပျက်လျှင် အတတ်နိုင်ဆုံးလမ်းမနှင့်ဝေးရာလမ်းဘေးတွင်ရပ်၍သာပြင်ဆင်ပါ။

အချက်ပြမီးထွန်းထားပါ။

လမ်းမပေါ်တွင်တက်၍ လမ်းလျှောက်အနားယူခြင်းမပြုပါနှင့်။

Read 2051 times