ကားအိပ်ဇောမီးခိုးအရောင်ကပြတဲ့ ကားပျက်တဲ့ လက္ခဏာ


ကားအိတ်ဇောကထွက်လာတဲ့ မီးခိုးငွေ့အရောက်ကိုကြည့်ပြီး ကားရဲ့ချို့ယွင်းနေတဲ့ အစိတ်အပိုင်းနဲ့ ပြုပြင် ရမယ့် နည်းလမ်းတွေကိုသိနိုင်ပါတယ်။

အဲဒါကြောင့် ကားမီးခိုးငွေ့တွေကနေတဆင့် သိရှိနိုင်တဲ့ ကားတစ်စီး ရဲ့ချို့ယွင်းတတ်တဲ့ အစိတ်အပိုင်းတွေကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ကားတစ်စီးရဲ့အိတ်ဇောကမီးခိုးထွက်တာများနေရင်ကားအင်ဂျင်နဲ့အိတ်ဇောပိုင်းမှာချို့ယွင်း ချက်ရှိနေပြီဖြစ် ပါတယ်။ မီးခိုးအထွက်များနေတဲ့ ကားတစ်စီးဟာလောင်စာဆီယိုစိမ့်မှုဖြစ်နေတာသေချာပါတယ်။ ထွက်တဲ့မီးခိုး ကို ကြည့်ပြီးတော့လည်း ချို့ယွင်းမှုဖြစ်ရတဲ့ အကြောင်းအရင်းကိုခန့်မှန်းလို ရနိူင်ပါတယ်။

ကားအိတ်ဇောကထွက်လာတဲ့မီးခိုးက အမည်းရောင်မီးခိုးတွေဖြစ်နေမယ်ဆိုရင်တော့အင်ဂျင် ဆီတစ်မျိုးယိုဆိမ့် မှုကြောင့် ဆိုတာသေချာပါတယ်။တကယ်လို့ မီးခိုးကအဖြူ၊ရေငွေ့လိုမီးခိုးထွက်မယ်ဆိုရင်တော့ရေယိုဆိမ့်တာ လို့သိနိူင်ပါတယ်။ ရေယိုဆိမ့်တယ်ဆိုရင်ကားရဲ့အိတ်ဇောအဝမှာရေစက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ထွက်လာတဲ့ မီးခိုးတွေက အပြာရောင်မီးခိုးတွေဖြစ်မယ်ဆိုရင်တော့ စက်ဆီချောဆီယိုဆိမ့်မှု ကြောင့် ဖြစ်ပါ တယ်။ လောင်စာဆီနဲ့ချောဆီယိုဆိမ့်မှုတွေဆိုရင်တော့အင်ဂျင်ပေါက်ကွဲမှုနဲ့မီးလောင်ကျွမ်းမှုတွေ အထိဖြစ် နိူင်ပါတယ်။ကားမီးခိုးထွက်တာဆိုရင်တော့ကိုယ်တိုင်ပြင်ဆင်မယ့်အစားကျွမ်းကျင်သူတွေကိုပြသပြီးအမြန်ဆုံးပြုပြင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ပြုပြင်တဲ့အပိုင်းမှာ မကျွမ်းကျင်လို့ပဲဖြစ်စေ၊ ပြုပြင်မှုမသေချာတာတွေကြောင့်ကား ပေါက်ကွဲမှု နဲ့မီးလောင်ကျွမ်းမှုတွေကိုဖြစ်ပေါ်နိူင်ပါတယ်။

Read 777 times