ဂီယာနဲ့ပတ်သက်တဲ့ ထရန်စမစ်ရှင်းတင်ပရေချာ မီးလင်းတဲ့ပြဿနာ


ဂီယာနဲ့ပတ်သက်တဲ့ (Tr-ansmission Temperature Warning) မီးလင်းနေရင် ဂီယာဆီကပုံမှန်ထက်ပိုပူနေပြီး ဂီယာအုံတစ်ခုလုံး အပူလွန်ကဲလာလို့ ဖြစ် ပါတယ်။

အဲသည် မီးလင်းနေရင် ဂီယာဆီပမာဏနဲ့ ကူးလင့်(coolant)လယ်ဗယ် ကို ချက် ချင်းစစ်ဆေးရပါမယ်။အခုနောက်ပိုင်းတင်သွင်းလာတဲ့ ကားတွေရဲ့ အော်တိုဂီယာဟာ ကွန်ပျူတာနဲ့ ထိန်းကျောင်းတဲ့စနစ်တွေပါလာပါတယ်။ ဂီယာဆီအချိန်မှန်လဲလှယ်တာနဲ့ ဂီ ယာပျက်စီးစပြုနေတာတွေကိုသတိထားဖို့အထူးလိုအပ်ပါတယ်။

ကားကို စတင်မောင်းနှင်တာနဲ့ နောက်ကျန်ခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ဆီအစက်အပေါက် ကျတဲ့ အနေအထားမျိုးရှိမရှိကြည့်မိဖို့လိုပါတယ်။ ဂီယာအုံက အရည်ယိုတာဖြစ်နေရင်ဂတ်စကက် ဒါမှမဟုတ် အွိုင်းဆီးလ်တွေစားနေတာဖြစ်နိုင်ပါတယ်။ ဂီယာတံချောင်နေတာ၊ ဂီယာစက် သွားချော်နေတာ၊ အင်ဂျင်၊ ဂီယာ၊ ဝင်ရိုးအထိုင်တွေချောင်နေတာတို့ ဖြစ်နိုင်ပါတယ်။

အော်တိုဆိုရင်တော့ ဂီယာချိန်းတာက မသိမသာပြောင်း သွားတာမျိုးမဟုတ်ဘဲ သိသိသာ သာ ခံစားရရင်တော့ ပြဿနာရှိပါတယ်။ တုန်ခါတဲ့အသံမျိုး ကြားရရင်တော့ကျွမ်းကျင်သူနဲ့ပြသဖို့ လိုအပ်နေပြီ ဖြစ်တယ်။ အော်တိုဂီယာမှာ park ကနေ drive ကိုပြောင်းတဲ့အခါ ချက်ချင်း မေ ရာက်တာလည်းဖြစ်တတ်ပါတယ်။မန်နျူရယ်မှာ ဂီယာပြောင်းပေမဲ့ကားသွားနှုန်း ပိုတက်မလာရင် ကလပ်စားနေတာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ဝပ်ရှော့မှာ ချက်ချင်းပြသသင့်ပါတယ်။

အောင်ထွန်းဦး(Kumudra)

Read 482 times