ရန်ကုန်မြို့မှာ အကြီးကျယ်ဆုံးမော်တော်ယာဉ်အရောင်းပြပွဲကြီး ဖြစ်တဲ့ CarsDB Auto Show Yangon 2018


CarsDB Auto Show ပွဲကြီးမှာ လာရောက်သူတိုင်းကို တခြား event တွေနဲ့မတူပဲ ထူးထူးခြားခြား အတွေ့အကြုံတွေနဲ့ ကားသစ်ကြီးတွေ တစ်ပတ်ရစ်ကားတွေကို အမျိုးအစားစုံစုံလင်လင်နဲ့ ရာင်းချပြသပေးသွားမှာဖြစ်ပါတယ်။

အခုလို ကားတွေတင်အစုံအလင်ဝယ်ယူနိုင်မှာမဟုတ်ဘဲ လူကြီးမင်းတို့ကားတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အာမခံတွေကိုလည်း တစ်နေရာတည်းမှာပဲ အချိန်ကုန်မခံ အလုပ်ရှုပ်မခံဘဲ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။

CarsDB Auto Show ပွဲကြီးမှာ ကားလုပ်ငန်းများ ၊ ယာဉ်အပိုပစ္စည်းများအပြင် အရစ်ကျ ဝယ်ယူနှင့်အတူ ကားအာမခံလုပ်ငန်းများ ၊ CarsDB Auto Show ပွဲကြီးလာရောက်သူများအတွက် စမ်းသပ်မောင်းခွင့် Test Drive အစီအစဉ်မာျး ၊ ကံစမ်းမဲအစီအစဉ်များ အပြင် ဖြော်ဖြေရေးအစီအစဉ် တို့ ပါဝင်မှာ ဖြစ်ပါတယ်။ပွဲလာရောက်သူတိုင်းကို အမောပြေ အချိုရည် အခမဲ့ ဝေပေးသွားအုံးမှာလဲ ဖြစ်ပါတယ်။

အခုဖော်ပြထားသလို ပွဲကိုလာရောက်သူတွေအတွက်ပေးသွားမယ့် ဝန်ဆောင်မှုတွေက တော်တော်လေးကိုစုံလင်တဲ့အတွက် CarsDB Auto Show Yangon 2018 ပွဲကြီးကိုလာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကျင်းပမည့် နေ့ရက် - ၂၀၁၈ နိုဝင်ဘာ (၁၇) မှ နိုဝင်ဘာ (၁၉) ရက်နေ့ထိ

ကျင်းပမည့် အချိန် - မနက် ၁၀ နာရီမှ ည ၉ နာရီထိ

ကျင့်ပမည့် နေရာ - သုဝဏ္ဏဘူမိ Event Park

Read 527 times