မာဇဒါသရီး(Mazda 3) ကားတွေမှာ ဖြစ်တတ်တဲ့ပြဿနာ  ဆယ်ချက်


ဂျပန်အခြေစိုက် မာဇဒါကားကုမဏီက ထုတ်လုပ်တဲ့မာဇဒါ သရီး (Mazda 3) ကားကို  အသုံးပြုတဲ့ယာဉ်ပိုင်ရှင်အချို့ရဲ့ကွန်ပလိန်းတွေကို စုစည်းပြီး မာဇဒါသရီး မှာ ဖြစ်တတ်တဲ့ ပြဿ နာအချို့ကို ဖော်ပြပါတယ်။

၁။  အသက်ကယ်လေအိတ် မီးလင်းတာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၂ မော် ဒယ်အထိ မာဇဒါသရီးကို ကီလိုတစ်သိန်း ခွဲမောင်းနှင်ပြီး တဲ့အခါ  အဖြစ်များပါ တယ်။ ထိုင်ခုံခါးပတ်အာရုံခံကိရိယာ (pretensioner sensor) နဲ့ ချိတ် ဆက်ထားတဲ့ ဝါယာရင်းစနစ်ချို့ယွင်းတာကြောင့် အဲဘက်မီး (Airbag warning light) လင်း တာ အဖြစ်များပါတယ်။ အဲ ဘက်မီးလင်းနေတာဟာ အဲဘက်စနစ်အတွင်း တစ်ခုခု ချို့ယွင်းနေ တာကို ညွှန်ပြနေတာဖြစ်ပြီး ပြင်းထန်တဲ့ယာဉ်တိုက်မှု ဖြစ်ရင် အသက်ကယ်လေအိတ်ပွင့်မလာ တဲ့အတွက် အကာအကွယ်မပေးနိုင်ပါဘူး။ ကွန်ပျူတာထိုးစစ်ပြီး  ချို့ယွင်းတဲ့အစိတ်အပိုင်း ကို ပြုပြင်တာ ဒါမှမဟုတ် အသစ်လဲလှယ်တာတွေ ပြုလုပ်ရပါမယ်။

 

၂။ တုန်ခါတာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၄ မော် ဒယ်အထိ ကီလိုတစ်သိန်းမောင်းနှင်ပြီးတဲ့အခါ အဖြစ်များ ပါတယ်။ များသောအား ဖြင့် တစ်နာရီ ၅၅ မိုင်နှုန်းအထက် မောင်းနှင်တဲ့အခါ ကားရဲ့ကိုယ် ထည်က တုန်ခါလာတာမျိုးပါ။ တာယာလေးလုံးစလုံးမှာ  ချို့ယွင်းချက်မရှိဘဲဖြစ်နေတတ်တာပါ။

 

၃။ ရက်တဲအသံထွက်တာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၄ မော် ဒယ်အထိ ကီလိုတစ်သိန်း မောင်းနှင်ပြီး တဲ့အခါ အဖြစ်များ ပါတယ်။ မောင်းနှင်ပြီး တဲ့အခါ ကားအောက်ပိုင်း နောက်နားဆီက  အရာဝတ္ထုတစ်ခုနဲ့တစ်ခု   ရိုက်ခတ်တဲ့အသံ (rattling noise)ထွက်နေတတ်တာပါ။ကြမ်းတမ်းတဲ့လမ်းတွေမှာ မောင်းနှင်ရင် ပိုပြီး သိသာပါတယ်။ ယာဉ်နောက်ပိုင်းမှာရှိတဲ့ stabilizer bar linkချို့ယွင်းတာအဖြစ် များပါ တယ်။

 

၄။ ဘရိတ်ချို့ယွင်းတာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၄ မော် ဒယ်အထိ ကီလိုတစ်သိန်းမောင်းနှင်ပြီးတဲ့ မာဇဒါသရီးမှာ  အဖြစ်များပါတယ်။ နောက်ဘရိတ်တွေက တကျွီကျွီအသံ မြည်လာတာပါ။  ဘရိတ်ပက် (brake pad) နဲ့  ဘရိတ်ရိုတာ (brake rotor) တွေမှာ ပြဿနာရှိနေတာပါ။

 

၅။  အင်ဂျင်ချက် မီးလင်းတာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၂ မော်ဒယ်အထိ ကီလိုနှစ်သိန်းနီးပါး မောင်းနှင် ပြီးတဲ့အခါ  အဖြစ် များပါတယ်။  အင်ဂျင် ချက် မီးလင်းတဲ့ကားတွေကို ကွန်ပျူတာထိုးစစ်တဲ့အခါ သာမိုစတက် (thermostat) အလုပ်မလုပ်တာကို ညွှန်ပြတာ များ ပါတယ်။ သာမိုစတက်အလုပ်မလုပ် တဲ့ အတွက် အင်ဂျင်အပူရှိန်မြင့်တက်ပြီး အင် ဂျင်ချက် မီးလင်းလာပါတယ်။ သာမို စတက်အသစ်  လဲလှယ်ရမှာဖြစ်တယ်။ Powertrain Control Module (PCM) အတွက် ဆော့ဖ်ဝဲအပ်ဒိတ် (software update) လုပ်ဖို့လည်း လိုအပ်ပါတယ်။

 

၆။ ရှေ့ဘရိတ်တွေက အသံမြည်တာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၀ မော်ဒယ်အထိ ကီလိုတစ်သိန်းမောင်းနှင်ပြီးတဲ့ အခါ  အဖြစ်များ ပါတယ်။ ရှေ့ဘရိတ်တွေဆီက ပွတ်တိုက်ကြိတ်ချေတဲ့အသံမျိုးတွေ ကြားရတာပါ။  ဘရိတ်နင်း မထားဘဲ အသံတွေ ထွက်နေတတ်ပါတယ်။ Wheel hub မှာ ပြဿနာရှိနေတာဖြစ်နိုင်ပြီး brake rotor နဲ့ caliper bracket ပွတ်တိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Wheel hub ကို စစ်ဆေးပြုပြင်တာ ဒါမှမဟုတ် လိုအပ်ရင် အသစ်လဲလှယ်ရမှာဖြစ်တယ်။

 

၇။ စက်နှိုးလို့မရတာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၁ မော် ဒယ်အထိ ကီလိုတစ်သိန်းခွဲ မောင်းနှင်ပြီးတဲ့အခါ အဖြစ်များ ပါတယ်။ အဲဒါက ရာသီဥတုအလွန်အေးတဲ့အခါ စက် စတင်နှိုးလို့ မရနိုင်တာပါ။  ဘက်ထရီေ ကာင်းမွန်နေပေမဲ့လည်း အေးတဲ့ရာသီတွေမှာ စက်နှိုးရခက်ခဲပါတယ်။

 

၈။ အင်ဂျင်တုန်ခါပြီး အသံမြည်တာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၀ မော်ဒယ်အထိ ကီလိုတစ်သိန်း မောင်းနှင်ပြီးတဲ့အခါ  အဖြစ်များ ပါတယ်။   အင်ဂျင်နဲ့ ကိုယ်ထည်အကြား တည်ငြိမ်ခိုင်မြဲအောင် ထိန်းချုပ်ပေးတဲ့ engine mount ချို့ယွင်းတာပါ။အင်ဂျင်အလွတ်လည်ပတ်ရင်တောင်အင်ဂျင်ကတုန်ခါတာ၊ ခေါက်သံမြည်တာတွေ ဖြစ်နိုင်ပါတယ်။

 

၉။  ပါဝါဆီ ယိုစိမ့်တာ

၂၀ဝ၄ မော်ဒယ်ကနေ ၂၀၁၂ မော် ဒယ်အထိ ကီလို ၇၀,ဝဝဝ မောင်းနှင်ပြီးတဲ့အခါ အဖြစ်များ ပါတယ်။ ပါဝါဆီ ယိုစိမ့်တဲ့အတွက် စတီယာရင်ကို  အားစိုက်ပြီး  အသုံးပြုရတတ်ပါတယ်။ စစ်ေ ဆးပြုပြင်ပြီး သတ်မှတ်ထားတဲ့ပါဝါဆီကို သတ်မှတ် ထားတဲ့ပမာဏ ပြည့်မီအောင် ထပ် မံဖြည့် တင်းရပါမယ်။

 

၁၀။ ကလစ်သံမြည်တာ

၂၀ဝ၄၊ ၂၀ဝ၅၊ ၂၀ဝ၇ မော်ဒယ် မာဇ ဒါသရီးကို ကီလို ၅၀,ဝဝဝ မောင်းနှင်ပြီး တဲ့အခါ အဖြစ် များပါတယ်။ များသောအားဖြင့် ဂီယာပြောင်းတဲ့အခါတွေမှာ ကလစ်သံ (clicking noise) မြည်ပါတယ်။ အဲဒါဟာ CV axle shaft နဲ့ wheel hub တို့ရဲ့ကြားမှာ စလစ် (stick- slip) ဖြစ်နေတာပါ။ အဲသည်နှစ်ခုကြားမှာ ရှိတဲ့ ဝါရှာ (washers) တွေကို အနေအထား မှန်ေ အာင် ပြုပြင်ရမှာဖြစ်တယ်။

အောင်ထွန်းဦး(Kumudra)

Read 753 times