ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုတွေဖြစ်လာရင် သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေက အောက်ဖော်ပြပါ အချက်တွေပေါ်မူတည်ပြီး မှားတဲ့ယာဉ်ကို သတ်မှတ် အရေးယူတာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုတစ်ခုဖြစ်လာရင် အတိုက်ခံရတာ ၊ တိုက်မိတာတွေ အပေါ်မှာမူတည်ပြီး အမှန်၊အမှားဆုံး ဖြတ်ကြတာမဟုတ်ဘဲ လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းချိုးဖောက်မှုအပေါ်ကိုသာ ကြည့်ပြီးအမှန်၊အမှား သတ်မှတ်အရေးယူတာဖြစ်ပါတယ်။
"ဂ" ကွေ့ချိုးကွေ့တဲ့ယာဉ်နှင့် ရှေ့နောက်တည့်တည့်မောင်းနှင်လာတဲ့ယာဉ် တိုက်မိတဲ့အခါ ယာဉ်ကြောမရှင်းဘဲ "ဂ"ကွေ့ချိုးကွေ့တဲ့ယာဉ်က တာဝန်ရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် "ဂ"ကွေ့ဖြတ်ကွေ့တဲ့ယာဉ်က အမှားဖြစ်ပါတယ်။လမ်းဘေးမှာပါကင်ထိုးထားရာမှ(သို့မဟုတ်)ခြံဝန်းအတွင်းမှ ထွက်လာတဲ့ယာဉ်(သို့မဟုတ်)လမ်းသွယ်အတွင်းမှထွက်လာတဲ့ယာဉ်က လမ်းမကြီးပေါ်မောင်းနှင်လာတဲ့ယာဉ်ကို ဦးစားပေးရမှာဖြစ်ပါတယ်။တကယ်လို့ ဖော်ပြပါယာဉ်အမျိုးစားသုံးခုထဲက တစ်ခုခုက လမ်းမကြီးပေါ်ကမောင်းနှင်လာတဲ့ ယာဉ်နဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့ရင်တော့ အဲသည်ယာဉ်သုံးမျိုးကသာတာဝန်ရှိပြီး ယင်းတို့အမှာလို့သတ်မှတ် အရေးယူသွားမှာဖြစ်ပါတယ်။
မီပွိုင့်မရှိတဲ့လမ်းဆုံလမ်းခွတွေမှာ တစ်ဘက်မျက်နှာချင်းဆိုင်ယာဉ်ကြောမှ မောင်နှင်လာတဲ့ယာဉ်ကိုမကြည့်ဘဲ ဘယ်ဘက်ချိုးကွေ့မိရာမှ ယာဉ်တိုက်မှုဖြစ်ခဲ့ရင်တော့ ယာဉ်ကြောမရှင်းဘဲချိုးကွေ့တဲ့ ယာဉ်ကတာဝန်ရှိမှာဖြစ်ပြီး ယင်းယာဉ်အမှားလို့ သတ်မှတ် အရေးယူမှာဖြစ်ပါတယ်။ရှေ့မှမောင်နှင်နေတဲ့ယာဉ်ကို ကျော်တက်ရာမှ မျက်နှာချင်းဆိုင်တစ်ဘက် ယာဉ်ကြောပေါ်ရောက်ရှိပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရင်တော့ ကျော်တက်တဲ့ ယာဉ်ကအမှားလို့သတ်မှတ်အရေးယူမှာဖြစ်ပါတယ်
ရှေ့ကမောင်နှင်နေတဲ့ယာဉ်ကို ကပ်ပြီးကျော်တက်ရာက ယာဉ်တိုက်မှုဖြစ်ခဲ့ရင်လည်း ကျော်တက်တဲ့ယာဉ်ကို သာအမှားလို့သတ်မှတ်ပြီး အရေးယူခံရမှာဖြစ်ပါတယ်။ရှေ့ကမောင်းနှင်နေတဲ့ယာဉ်ကို နောက်ကယာဉ်ကတိုက်မိပါက နောက်ကတိုက်မိတဲ့ ယာဉ်ကိုသာ အမှားလို့သတ်မှတ် အရေးယူမှာဖြစ်ပါတယ်။
လမ်းမနှင့်လမ်းသွယ်ဆုံတဲ့ လမ်းဆုံတွေမှာလမ်းသွယ်က မောင်းတဲ့ယာဉ်က လမ်းမပေါ်ကယာဉ်ကို ဦးစားပေးရမှာဖြစ်ပါတယ်။ တကယ်လို့ အဲသည်လိုလမ်းဆုံတွေမှာ ယာဉ်တိုက်မှုဖြစ်ခဲ့ရင်တော့ လမ်းသွယ်က ထွက်လာတဲ့ ယာဉ်ကအမှားလို့သတ်မှတ်ပြီးအရေးယူခံရမှာဖြစ်ပါတယ်။
ဖော်ပြပါအချက်တွေပေါ်မူတည်ပြီး ယာဉ်တိုက်မှုတစ်ခုရဲ့ ဘယ်ယာဉ်မောင်းကြောင့် ယာဉ်တိုက်မှုဖြစ်တယ်၊ ဘယ်ယာဉ်မောင်းက လမ်းစည်းကမ်းချိုးဖောက်တယ်၊ ဘယ်ယာဉ်မောင်းမှာ တာဝန်ရှိတယ်ဆိုတာ ကို အဓိကထားဆုံးဖြတ်ပြီး မှားယွင်းတဲ့ ယာဉ်မောင်းကို အရေးယူတာဖြစ်ပါတယ်။