အဝါရောင် အလှတရားနဲ့ အထူးထုတ်မိုဒယ် ပြိုင်ကား 2019 LC Yellow Edition

Toyota ရဲ့ ဇိမ်ခံကားအမှတ်တံဆိပ် Lexus ဟာ ဇိမ်ခံ ပြိုင်ကားမိုဒယ်တစ်ခုဖြစ်တဲ့ LC ကို ၂၀၁၅ ခုနှစ်ကမှ စတင်ထုတ်လုပ် ဈေးကွက်တင်ခဲ့ပါတယ်။

ကိုယ်ပိုင်ဟန် ရှိတဲ့ Lexus LC မိုဒယ်ဟာ နေ့စဉ်သုံးစူပါပြိုင်ကား တစ်စီးဖြစ်သလို ခရီးဝေးမောင်းပြိုင်ကားအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သိပ်မကြာခင်ကတော့ Lexus ဟာ LC အတွက် အထူးထုတ်မိုဒယ်တစ်ခုကို ဖန်တီး ထုတ်လုပ်လိုက်ပါတယ်။ အဲဒါကတော့ LC Yellow Edition ဖြစ်ပြီး အောက်တိုဘာလတုန်းက ကျင်းပခဲ့တဲ့ ပါရီကားပြပွဲမှာ ပွဲထုတ်ပြသခဲ့ပါတယ်။

Yellow Edition ဆိုတဲ့ အမည်ဟာ အဝါရောင်ကိုယ်ထည်ကို ရည်ညွှန်းမှည့်ခေါ်ထားတာဖြစ်ပေမဲ့ ကားကိုယ်ထည်မှာ တခြားဒီဇိုင်းအပြင်အဆင်တွေ ထပ်တိုးမွမ်းမံထားသလို ကားအတွင်းခန်း၊ ဇိမ်ကျသက်သာမှု၊ ထိန်းသိမ်းမောင်း နှင်နိုင်စွမ်းနဲ့ စက်စွမ်းရည်တို့ကိုလည်း ထပ်တိုးအဆင့် မြှင့်တင်ထားပါတယ်။ Yellow Edition ကို LC 500 မှာရော LC 500h မှာပါ ရရှိနိုင်ပါတယ်။

ကားရဲ့ဈေးနှုန်း ကိုတော့ အတိအကျမသိရသေးပေမဲ့ LC 500 ရဲ့ဈေး ဟာ အမေရိကန်ဒေါ်လာ ၉၂,ဝဝဝ နဲ့အထက်ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေကတော့ LC 500 Yellow Editionဟာ ဒေါ်လာ ၁၀၅,၀၀၀ ဝန်းကျင်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 2018 Lexus LC Yellow Edition ပြိုင်ကားမိုဒယ်သစ်တွေကို ဒီနှစ်ရဲ့ ဆောင်းဦး ရာသီမှာ စတင်ဈေးကွက်တင်ရောင်းချမှာ ဖြစ်ပါတယ်။

LC ပြိုင်ကားတွေရဲ့ ကိုယ်ပိုင်ဟန်နဲ့ အလန်းစား ကိုယ်ထည်ဒီဇိုင်းကိုပဲ အခြေခံထားတဲ့ LC Yellow Edition ရဲ့ ကိုယ်ထည်မှာ အထူးခြားဆုံး ကွဲပြား သွားကတော့ ကားကိုယ်ထည်အရောင်ပါပဲ။Yellow Edition ဆိုတဲ့အမည်အတိုင်း ကိုယ်ထည်ကို Flare Yellow ခေါ် လှပတဲ့ အဝါရောင်အဖြစ် ဖန်တီးဆေးခြယ် ထားပြီး မြင်သူတကာရဲ့ အမြင်အာရုံကို ဆွဲဆောင် ဖမ်းစားနိုင်ပါတယ်။ ကားမျက်နှာပြင်တစ်ခုလုံးဟာ အဝါရောင်ဖြစ်ပေမဲ့ အရမ်းလည်း မတောက်ပလွန်း၊ မှိန်လည်း မမှိန်လွန်းဘဲ သရက်သီးတစ်လုံးလို လှပတဲ့ ဝါဝင်းဝင်းအရောင်အသွေးမျိုး ပိုင်ဆိုင်ထားပါတယ်။

အဲဒီအရောင်အသွေးဟာ LC Yellow Edition ရဲ့ ကိုယ်ထည်ကို ထူးခြားလှပစေတာမှန်ပေမဲ့ ကိုယ်ထည် မှာ ထပ်တိုးထည့်သွင်းပေးထားတဲ့ လေခွင်းအားအစိတ်အပိုင်းတွေရဲ့အလှတရားကြောင့်လည်း ပါဝင်ပါတယ်။ အဓိကကတော့ ကာဗွန်ဖိုင်ဘာသားနဲ့ ပလတ်စတစ် ကို ပေါင်းစပ်ဖန်တီးထားတဲ့ အနောက်ဘက် လေပြင် အားထိန်း တောင်ပံပါပဲ။ အဲဒီတောင်ပံဟာ ရှိရင်းစွဲ လှပပြီးသား Coupe ပြိုင်ကားရဲ့ အလှကို ပိုပြီးပေါ်လွင်စေပါ တယ်။ ဒါ့ပြင် အပေါ်ယံအမြင်ထက် ပိုအရေးပါတာက တော့ မြန်နှုန်းမြင့်သွားလာနေချိန်မှာ ကားကို တည်တည် ငြိမ်ငြိမ် မောင်းနှင်အသုံးပြုနိုင်အောင် ထောက်ကူပေး တဲ့အချက်ပါပဲ။

တစ်နာရီ မိုင်ငါးဆယ်ကျော်လာတဲ့ အမြန် နှုန်းမျိုးရောက်လာတဲ့အခါ လေပင့်အားထိန်းတောင်ပံ ဟာ အလိုအလျောက် လှုပ်ရှားလုပ်ဆောင်ပေးမှာဖြစ်ပါ တယ်။ ပြေပြစ်လှပတဲ့ ၂၁ လက်မအရွယ် အလွိုင်းဘီးတွေကလည်း LC Yellow Edition ရဲ့ စွမ်းအားပြည့်ဝ ဖျတ်လတ်ဟန်ပေါက်တဲ့ ကိုယ်ထည်ရုပ်ထွက်ကို ပိုပြီး ပြည့်စုံသွားစေပါတယ်။LC Yellow Edition ပြိုင်ကားသစ်မှာ ဓာတ်ဆီ လောင်စာသုံး LC 500 နဲ့ ဟိုက်ဘရစ်စွမ်းအင်သုံး LC 500h အပေါ်မူတည်ပြီး အင်ဂျင်ကွာခြားမှုရှိပါတယ်။

စွမ်းဆောင်ရည်ပိုကောင်းတဲ့ LC 500 Yellow Edition မှာဆိုရင် မြင်းကောင်ရေ ၄၅၁ ကောင်အား 5.0 Liter V8 အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၁၆၈ မိုင်နှုန်း ဖြစ်ပြီး ၄ ဒသမ ၄ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့် တင်နိုင်ပါတယ်။ ဒါ့ပြင် ကုမ္ပဏီရဲ့ အဆိုအရ Yellow Edition မိုဒယ်တွေကို အကောင်းဆုံး ကိုင်တွယ်ထိန်း သိမ်း မောင်းနှင်နိုင်အောင် ဖန်တီးတည်ဆောက်ပေး ထားပါတယ်။

ကားအတွင်းခန်းမှာတော့ Semi-Aniline Leather တွေကို ဖောဖောသီသီ အသုံးပြုထားပြီး အတွင်းခန်းတစ်ခုလုံးကို အနက်ရောင်၊ အဖြူရောင်၊ အဝါရောင်တို့နဲ့ အလှဆုံး ရောစပ်ဖန်တီးထားပါတယ်။ အတွင်းခန်း အရောင်အသွေးဟာ ကားကိုယ်ထည် အရောင်လောက် သက်ဝင်လှပမှုမရှိပေမဲ့ Lexus ရဲ့ နာမည်ရပြီးသား ဇိမ်ကျသက်သာမှုကို မထိခိုက်စေပါ ဘူး။ ကားတံခါးအတွင်းပေါင်မှာ Alcantaraနဲ့ ဖန်တီး ပြုလုပ်ထားတဲ့ အဝါရောင်ဧရိယာကို ထူးခြားလှပစွာတွေ့မြင်ရမှာပါ။ ကားတံခါးအောက်ခံပေါင်မှာတော့ Lexus sooo 30|cpouches LC Limited Edition ဆိုတဲ့အဝါရောင်စာလုံးလေးတွေကို ခတ်နှိပ် တပ်ဆင်ပေးထားပါတယ်။

Automobile

Read 678 times