အင်ဂျင်ချက်မီးလင်း ရသော အကြောင်းများ


အင်္ဂျင်ချက်မီး လင်းရခြင်းမှာ ယခုခေတ်မော်ဒယ်မြင့် ကားများတွင် မော်တော်ယာဉ်အင်္ဂျင်အားElectronic Control Uint ခေါ် ဆင်ဆာများကွန်ပျူတာစနစ်များဖြင့် အင်္ဂျင်၏ လုပ်ဆောင်ချက်များ မှန် / မမှန်ကိုစောင့်ကြည့် ထိန်းချုပ်ပါသည်။

ထိုသို့ စောင့်ကြည့်ထိန်းချုပ်ရာတွင်အင်္ဂျင်၏ ပုံမှန်ရှိသင့်သည့် အချက်အလက်များမှန် မမှန်ကို ECU Box မှ စောင့်ကြည့် လျှက်ရှိပြီး

• ဆင်ဆာများ

• အင်္ဂျင်၏လုပ်ဆောင်ချက် မမှန်ခြင်း

• ရေအပူမမှန်ခြင်း

• အင်္ဂျင်ဝိုင်ပုံမှန်မရှိခြင်း

• အင်္ဂျင်စက်သံမမှန်ခြင်း

• ဂီယာလုပ်ဆောင်ချက်များ ချို့ယွင်းချက်ရှိသောအခါ အင်္ဂျင်ချက်မီး လင်း ပါသည်။

အင်္ဂျင်၏ အာရုံခံဆင်ဆာတစ်ခ ုဖြစ်သော

MAF (Mass Air Flow) လေအဝင်အာရုံခံဆင်ဆာ သည် အင်္ဂျင်၏ ပစ္စတင်သို့ အင်းတက် (Intake) ဘားများမှ လေစုပ် ယူသော ပမာဏနှင့် လေအပူချိန်ကို ECU သို့ သတင်းပို့ပါသည်။ အင်ဂျင်ကွန်ထရိုးဘောက်မှMAF မှ ပေးပို့သော လေ ပမာဏနှင့် လေအပူချိန် တို့ကိုလက်ခံရယူကာ အင်္ဂျင်၏ အခြား ဆင်ဆာများမှ ပေးပို့သော အချက်အလက်များနှင့် အတူ တွက်ချက်ကာ အင်္ဂျင်အား ဆီပေးခြင်း၊မီးမြှင့်ပေးခြင်း ဗားတိုင်ပင်မြင့်ပေးခြင်း တို့ကို ဆောင်ရွက်ပါသည်။ထိုသို့ ပုံမှန်ဆောင် ရွက်ရာတွင် MAF ၏ ရှိသင့် ရှိထိုက်သော အတိုင်းအတာများမှာအင်္ဂျင်စလိုး (Idle Speed) တွင် အင်္ဂျင်အား အလိုက် မည်မျှရှိရမည်၊အင်္ဂျင်အပတ်ရေ ၂၀၀၀ တွင် ဘယ်မျှရှိရမည်ကိုသူ့သတ်မှတ်ချက်အတိုင်း ရှိပြီးသားဖြစ်ပါသည်။

MAF ၏ လုပ်ဆောင်ချက်များမှာ သတ်မှတ် ဘောင်အတွင်း ပုံမှန်ရှိနေပါကအင်္ဂျင် ကွန်ထရိုးဘောက်သည် အချက်အလက် များအား လက်ခံကာ ပုံမှန်ဆီပေးမီးမြှင့်ပေး အလုပ်ကိုလုပ်ဆောင်ပါသည်။ထိုကဲ့သို့ MAF ဆင်ဆာ၏ ပုံမှန် ပေးပို့ချက်များမှ သတ်မှတ်ဘောင်အတွင်းမရှိတော့ဘဲနည်းသွားခြင်းသော်၎င်း၊များသွားခြင်းသော်၎င်းဖြစ်လာပါကအင်္ဂျင်ကွန်ထရိုးဘောက်သည် W (Warning) ဟုခေါ်သော မီးကြိုးလေးမှတဆင့်မီးပေးပို့ကာ ဒိုင်ခွက်အတွင်းရှိ အင်္ဂျင်ချက်မီး ကိုလင်းစေပါသည်။ ဥပမာ တိုယိုတာ 1500cc အင်္ဂျင်တွင်အင်္ဂျင်စလိုးအပတ်ရေ ၆၅၀ မှ ၇၅၀ အတွင်းတွင်1.75 မှ 2.5 gm/sec ရှိနေပါက ပုံမှန်ဖြစ်နေသော်လည်း အင်းတက် လေအဝင်လိုင်းတွင် ဟာနေသောကြောင့် 3.0 အထက်တွင်ပြနေပါက MAF မှပေးပို့သော အချက်အလက်သည် များနေပြီးအင်္ဂျင်အပတ်ရေ ၆၅၀ မှ ၇၅၀ တွင် ဝင်ရောက်ရမည့် လေထက်များနေသဖြင့် အင်္ဂျင်ချက်မီးကို လင်းစေပါသည်။

အင်္ဂျင်ချက်မီးမှာ ကားဝပ်ရှော့များတွင် ပြုပြင်ချိန်များတွင် ဆင်ဆာများ ဝါယာရိန်းများ ဖြုတ်ထားချိန်ပြီး ပြန်တတ်ချိန် တွင် လည်း လင်း တတ်ပါသည်။ ထိုကဲ့သို့ အင်္ဂျင်ချက်မီးမျိုးမှာ Scanner စက်ဖြင့်Reset လုပ်ကာဖျောက်လို့ရသော်လည်း...

• မော်တော်ယာဉ် မောင်းနှင်ရင်းသော်၎င်း၊

• စက်နိုးချိန်လင်းလျှင်သော်၎င်း၊

• ကားမောင်းနေချိန် အမြဲလင်းနေလျှင်သော်၎င်း

ပုံမှန်မဟုတ်သဖြင့် နီးစပ်ရာ ကျွမ်းကျင်သောကားဝပ်ရှော့များတွင် သွားရောက်စစ်ဆေးကာ အင်္ဂျင်ချက်မီးလင်းသော ပြစ်ချက်ကို ပြုပြင်ပြီး၍Reset လုပ်မှသာ ချက်မီးငြိမ်းကာ ပုံမှန်ပြန်ဖြစ်မည် ဖြစ်ပါသည်။ကျွန်တော်အား မိတ်ဆွေများမှ အမြဲမေးနေကျဖြစ်သောအင်္ဂျင်ချက်မီး လင်းနေလို့ဘာကိုပြုပြင်ရမလည်း ဟူသော မေးခွန်း မှာဘာကိုပြုပြင်ရမည်ဆိုတာ ကျွန်တော်နှင့်တစ်ကွကျွမ်းကျင်သော မက္ကင်းနစ်များမှာ ဖြေဆိုတတ်မည် မဟုတ်ပါ...စက်ဖြင့် စစ်ကြည့်၍ Error code ထွက်လာမှ သာလျှင် ဘာတွေ ဘာကိုပြင်ရမည်ဆိုတာကိုသာ ပြောနိုင်မှာဖြစ်ပါသည်။အထက်ပါမေးခွန်းအောက်များတွင် တွေ့နေကျ ဖြစ်သောအင်္ဂျင်ချက်မီးလင်းရင်ပလပ်လဲလိုက်ပါလားလေစစ်လဲလိုက်ပါလား

လောင်စာဆီစစ်လဲလိုက်ပါလား ဆိုသောအဖြေများမှာ သေချာ မသိမကျွမ်းကျင် သောကြောင့် ဝင်ရောက်ဖြေဆိုကြ ခြင်း ဖြစ်ပါသည်။အင်္ဂျင်ချက်မီးလင်းရသော ပြစ်ချက်ကုတ်များမှာများစွာရှိပေရာ ကားတစ်စီးနှင့် တစ်စီး ပြစ်ချက်ကုတ် မတူပါက အထက်က ပြောသော အရာများ လုပ်သော်လည်း ပျောက်မည် မဟုတ်သလို ငွေ နှစ်ခါကုန် ဖြစ်တတ်ပါသည်။အင်္ဂျင်ချက်မီးလင်းနေ၍ ဆက်မောင်း၍ ရလားဟူသော မေးခွန်းမျိုးမှာလည်း ဖုန်းဖြင့်မကြာခဏ မေးတတ်သော မေးခွန်း မျိုးဖြစ်ပါသည်။အင်္ဂျင်ချက်မီးလင်းသောပြစ်ချက်များတွင်ကားဆက်မောင်း၍ ရသောပြစ်ချက်များရှိသလိုဆက်မောင်းရန် မသင့်သော ပြစ်ချက်များလည်းရှိပါသည်။ဆက်မောင်းရန်မသင့်သော ပြစ်ချက်များမှာ

> ရေအပူချိန်များ၍ လင်းသောပြစ်ချက်များ

> အင်္ဂျင်ဝိုင်နည်း၍ ခမ်း၍ ပြလာသောပြစ်ချက်များ

> စက်သံကြမ်း (Knock) ၍ ပြလာသောပြစ်ချက်များ

> ချာဂျင်အဝင်မမှန်သောကြောင့်ပြသောပြစ်ချက်များ မှာ ဆက်မောင်းရန် မသင့်တော်ပါ...

ရေအပူချိန်များ၍ အင်္ဂျင်ချက်မီး လင်းသော ပြစ်ချက်ဖြစ်လျှက်ဂရုမစိုက်ဘဲ ဆက်လက်မောင်းနှင်ပါကရေဆူကာ ဂက်စ ကက်ပြတ်ခြင်း၊အင်္ဂျင်အပူချိန်များကာ ထိုးရပ်ခြင်း တို့ဖြစ်ကာအင်္ဂျင်ပျက်စီးတတ်ပါသည်။အင်္ဂျင်ဝိုင်နည်း၍ ခမ်း၍ အင်္ဂျင်ချက်မီးလင်းသောပြစ်ချက်ဖြစ်နေလျှက် ဆက်လက်မောင်းနှင်ပါကဘယ်ရင်ပျော်ကာအင်္ဂျင်ပျက်စီးပြီး ထိုးရပ်တတ်ပါသည်။စက်သံကြမ်း( Knock) ၍ လင်းသောပြစ်ချက် ဖြစ်လျှက် ဆက်လက်မောင်းနှင်ပါကလည်း ကွန်နတင်းခေါက်နေခြင်း၊ပစ္စတင်စား၍ အစင်းဖြစ်နေခြင်းဖြစ်ပါကလမ်းတွင် အင်္ဂျင်ထိုးရပ်တတ်ပါသည်။

ချာဂျင်အဝင်မမှန်သောကြောင့် ပြသောပြစ်ချက်မှာ ချာဂျင်အနည်းငယ်ဝင်နေပါက ဘက္ထရီအိုးပုံချာဂျင်မီးအနီလေး မပြတ တ်ပါ။ထိုအချိန်တွင် ဆက်လက်မောင်းနှင်သွားပါကအဲယားကွန်း၊ ရှေ့မီးကြီးများဖွင့်ကာ မောင်းနှင်သွားချိန်တွင် ဘက္ထရီအား ကုန်ကာ ထိုးရပ်တတ်ပါသည်။ကျန် ပြစ်ချက်များဖြစ်သော ဆီနည်းခြင်း၊ဆီများခြင်း၊ ဆင်ဆာများမမှန်ခြင်း၊ဂီယာပြစ်ချက်များကြောင့်လင်းခြင်းသည်လည်းဆက်လက်မောင်းနှင်၍ ရသော်လည်းအခန့်မသင့်ပါက ထိုးရပ်တတ်ပါသေးသည်။ထိုပြစ်ချက်များကြောင့် ထိုးရပ်ပါက စက်ပြန်နိုး၍ရပါက ဆက်လက်မောင်းနှင်၍ ရပါသည်။အင်္ဂျင်ချက်မီးလင်းလာပါက မိမိကားအား

• ရေဆူခြင်း ရှိ မရှိ၊

• အင်္ဂျင်အပူချိန် လိုအပ်သည်ထက် ပိုပူနေခြင်း ရှိ မရှိ၊

• အင်္ဂျင်ဝိုင် ရှိ မရှိ၊

• စက်သံကြမ်း မကြမ်း၊

• စက်သံ မှန် မမှန် တို့ကို ပထမဦးစွာ မဖြစ်မနေ စစ်ဆေးသင့်ပါသည်။ရေအပူချိန်ပုံမှန်၊ အင်္ဂျင်အပူချိန်ပုံမှန်၊အင်္ဂျင်ဝိုင်ပုံမှန်ရှိ၊ စက်သံမကြမ်း၊ စက်သံမှန်ပါက ဆက်လက်မောင်းနှင်ပြီး နီးစပ်ရာ ကျွမ်းကျင်သောဝပ်ရှော့တွင် အင်္ဂျင်ချက်မီး လင်းနေကြောင်း ဝင်ရောက်ပြသစစ်ဆေးသင့်ပါသည်။

မက္ကင်းနစ်မှ မိမိကားအားစစ်ဆေးပြီးချိန်တွင်ဆက်လက်မောင်းနှင်၍ ရသေးကြောင်း၊ယခုချက်ချင်း ပြင်သင့်သည့် ပြစ်ချက် ဖြစ်ကြောင်းကို ရှင်းပြပေးပါက မက္ကင်းနစ်နှင့် တိုင်ပင်ဆွေးနွေးကာ စစ်ဆေး ပြုပြင် သင့်ပါကြောင်း ရေးသား လိုက်ရပါသည်။

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Read 3076 times