သင့်ကားအတွက် ဘယ်လိုအင်ဂျင်ဝိုင်ကို ရွေးချယ်မလဲ


အင်ဂျင်ဝိုင်ကိုအသုံးပြုတဲ့အခါ ကားထုတ်လုပ်တဲ့ေ နရာကသတ် မှတ်ေ ပးလိုက်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲဖို့နဲ့သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်းမှာ အင်ဂျင်ဝိုင်လဲလှယ်ဖို့လိုအပ်ပါတယ်။

ကားဟောင်းပြန်ဝယ်တာဖြစ်လို့ အချက်အ လက်တွေမပါတော့ဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ လမ်းညွှန်မှုနဲ့ဆောင် ရွက်သင့်ပါ တယ်။

အင်ဂျင်ဝိုင်ကို အင်ဂျင်ရဲ့အတွင်းပိုင်း အစိတ်အပိုင်းအချင်းချင်းပွတ်တိုက်ရာမှာပျက်စီးမှု အနည်းဆုံးနဲ့ချောမွေ့အောင်လည်ပတ်နိုင်ဖို့ ချောဆီအဖြစ်အသုံးပြုတာဖြစ်တယ်။ ပွတ်တိုက်တဲ့ ဖြစ်စဉ်ရဲ့အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်းတစ်လျှောသန့်စင်အောင်ဆေးကြောပေးတယ်။အင်ဂျင်အတွင်း ပေါက်ကွဲလို့ ဖြစ်လာတဲ့အပူကိုလျော့ကျအောင်အအေးခံပေးတယ်။ သတ္ထုမျက်နှာြ ပင်တွေရဲ့ ပွတ်တိုက်မှုကိုလျော့ကျစေပြီး သံချေးမတက်အောင်လည်း ကာကွယ်ပေးတယ်။

ဘယ်လိုအပူချိန်မျိုးမှာမဆိုလည်ပတ်နေတဲ့ အစိတ်အပိုင်းတွေကြားမှာလုံလောက်တဲ့ အင်ဂျင် ဝို င်ဖြတ်သန်းစီးဆင်းဖို့လုံလောက်တဲ့စေးပျစ်မှုရှိရပါမယ်။ အင်ဂျင်ဝိုင်ကအရမ်းကျဲနေရင်ပေါက်ကွဲ ခန်းအတွက် အလုံပိတ်စနစ်ကိုလျော့ကျစေပြီး အရမ်းပျစ်ပါကလည်း အေးတဲ့အချိန်မှာ စီး ဆင်း မှုနှေးကွေးစေပါတယ်။

အင်ဂျင်ဝိုင်ရဲ့ သဘောကအပူချိန်များရင်ကျဲသွားပြီး အပူချိန်နည်းရင်စေးပျစ်သွားပါတယ်။

အင်ဂျင်တစ်ခုလုံး မောင်းနှင်ရာမှာဖြစ်နိုင်တဲ့ အမြင့်ဆုံး အပူချိန်နဲ့ အနိမ့်ဆုံးအပူ ချိန်နှစ် မျိုးအတွက် ခံနိုင်ရည်ရှိတဲ့ အရည်အသွေးမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ Society of Automotive Eng- ineers (SAE) အဖွဲ့ရဲ့ SAE J 300 Oil Classification System အဖွဲ့ရဲ့အရ အင်ဂျင် ဝိုင်ရဲ့အရည် အသွေးပေါ်မူတည်ပြီး အတန်းအစားခွဲခြားပါတယ်။ဥပမာအနေနဲ့ SAE 10W,SAE 30, SAE 15 W40 အမျိုးမျိုးကွဲပြားပါတယ်။ အဲဒါကသတ်မှတ်ရာမှာသုံးတဲ့ အပူချိန်နဲ့ နည်း စနစ်အတိုင်း တိုင်းတာကရရှိတဲ့ ဂရိတ်အပေါ်မှာမူတည်ပြီးသတ်မှတ် တာ ဖြစ်တယ်။

နှစ်မျိုးခွဲခြား

API (American Petroleum Institute) က အင်ဂျင်ဝိုင်ကို S နဲ့ Ser-vice Category ဆိုပြီး နှစ်မျိုးထပ်ခွဲပါတယ်။ S ဆိုတာက Ser-vice Category ဖြစ်ပြီး ဓာတ်ဆီအင်ဂျင်တွေမှာ အ သုံးပြုပါတယ်။ C ဆိုတာက Commercial Category ဖြစ်ပြီး ဒီဇယ်အင် ဂျင်အတွက် သုံးပါ တယ်။ဒါကြောင့် ဓာတ်ဆီအင်ဂျင်အတွက်ထုတ်လုပ်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို S စာလုံးေ ရှ့မှာထားပြီး SI, SL, SM နဲ့ SNဆိုပြီးသတ်မှတ်ပါတယ်။ဒီဇယ်အင်ဂျင်အတွက်ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင် အမျိုးအစားကိုC စာလုံးရှေ့မှာထားပြီး CF, CF-2, CF-4, CG-4 ဆိုပြီးသတ်မှတ် ပါ တယ်။

အင်ဂျင်ဝိုင်ပုံးပေါ်မှာ API Certific-ation Mark or Starburst နဲ့ API Service Symbol or API Donut တို့ပါရှိမှသာ အဲသည်အင်ဂျင်ဝိုင်ဟာ နိုင်ငံတကာသတ်မှတ်တဲ့ အရည်အသွေးပြည့်မီ တဲ့ အင်ဂျင်ဝိုင်ဆိုတာ အာမခံနိုင်ပါတယ်။အကြိမ်ကြိမ်သန့်စင်ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်ကိုတော့ synthetic oil လို့ ခေါ်ပါတယ်။ အဲဒါက မြင့်မားတဲ့အပူချိန်မှာအင်ဂျင်ဝိုင်အရမ်းကျဲသွားတာ၊ နိမ့် တဲ့အပူချိန်မှာအရမ်းပျစ်သွားတာတွေကိုကာကွယ်ပါတယ်။ ဒါကြောင့်အေးလွန်းတဲ့ ရာသီရှိတဲ့ေ ဒသတွေမှာအသုံးများပါတယ်။

လောင်စာဆီမှာ ဆာလဖာပါဝင်မှုရှိ နေရင် TBN (Total Base Number) အင်ဂျင်ဝိုင်ကို အ သုံးပြုသင့်ပါတယ်။ အဲသည်အင်ဂျင်ဝိုင်မှာပါဝင်တဲ့ အယ်လ်ကာလီကွန်ပေါင်းနဲ့ ဆာလဖျူရစ် အက် စစ်တွေ ဓာတ်ပြယ်စေတဲ့အတွက် အင်ဂျင်အစိတ်အပိုင်းတွေပျက်စီးတာကို လျော့ကျေ စမှာဖြစ်တယ်။အင်ဂျင်ဝိုင်မှာ အယ်လ်ကာလီပါဝင်မှုကို TBN နဲ့သတ်မှတ်ပါတယ်။ အယ်လ် ကာ လီကွန်ပေါင်းပါဝင်မှုများလေTBNတန်ဖိုးမြင့်လေဖြစ်ပြီးအက်စစ်ကိုဓာတ်ပြယ်စေနိုင်မှုလေဖြစ်တယ်။

အင်ဂျင်ဝိုင်အမျိုးမျိုးရဲ့ ကွဲပြားမှုတွေကိုလေ့လာကြည့်တာနဲ့ ဘာကြောင့် အင်ဂျင်အမျိုးအ စားအ လိုက်အသုံးပြုရတဲ့ အင်ဂျင်ဝိုင်အမျိုးအစားကွဲပြားရသလဲဆိုတာသိသာပါတယ်။ ယာဉ်ပိုင်ရှင် တွေအနေနဲ့ တွေ့ရာအင်ဂျင်ဝိုင်ကိုအလွယ်ဝယ်ယူသုံးစွဲတာထက် အင်ဂျင်ကျွမ်း ကျင်တဲ့ပညာ ရှင်တွေနဲ့ ညှိနှိုင်းဝယ်ယူအသုံးပြုတာက ပိုကောင်းပါတယ်။

 အောင်ထွန်းဦး

Read 1402 times