သင့်ရဲ့ကား အင်ဂျင်အပူမလွန်ကဲစေဖို့ ဒါတွေကို သတိပြုစစ်ဆေးပါ


များသောအားဖြင့်တော့ မော်တော်ကား အင်ဂျင်တစ်လုံး Over Heatingဖြစ်တယ်ဆိုတာကို ကုန်တင်ကားကြီး တွေ၊ ခရီးသည်တင် အဝေးပြေးကားတွေမှာပဲ ဖြစ်ကြတယ်လို့ ထင်ကြသလို အိမ်စီးကားဆိုရင်တောင်မှ ခရီးဝေး မောင်းချိန်မှပဲ ဖြစ်နိုင်တယ်လို့ ထင်ကြတယ်။ 

တကယ်တမ်းကတော့ အိမ်စီးကားငယ်လေးတွေအနေနဲ့ မြို့တွင်းထဲမှာ ခရီးတိုလေး မောင်းနှင်သွား လာနေရင်း လည်း Over Heatingလို့ ခေါ်တဲ့ အပူလွန်ဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။ ဟုတ်ပါပြီ၊ ဒါဆို Over Heatingဘာ ကြောင့် ဖြစ်ရတာပါလဲ။

အကြောင်းကတော့ အင်ဂျင်စနစ်နဲ့ အတူ တစ်ဆက်တည်းရှိတဲ့ အင်ဂျင်အအေးခံ စနစ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင် ခြေ များပါတယ်။ အဆိုပါ အအေးခံစနစ်က အင်ဂျင်အတွင်းပိုင်းမှာ ပေါက်ကွဲမှုကြောင့်ရော တစ်မိနစ်ကို အကြိမ် ရေ ထောင်နဲ့ချီပြီး လည်ပတ်နေတဲ့ အင်ဂျင်အတွင်းခန်း အစိတ်အပိုင်းတွေကြောင့်ရော မြင့်တက်လာတဲ့ အပူချိန် ကို စွန့်ထုတ်ပေးတဲ့ အပိုင်း ဖြစ်ပါတယ်။ ဒေသအခေါ်ကတော့ Over Heatingလို့ မခေါ် ဘဲ Heat တက် တယ် လို့ ခေါ်ကြပါတယ်။

မော်တော်ကားတွေရဲ့ Dashboardမှာ အင်ဂျင်အပူချိန်ကို ဖော်ပြပေးနေပြီး တချို့က အဆိုပါ အချက်ပြမီးကို သတိမထား မိတာကြောင့် တကြောင်း၊ အရေးကြီး အနေအထားကြောင့် တစ်ကြောင်း၊ ဆက်လက် မောင်းနှင်သွားတတ်ကြပြီး ရလဒ် ကတော့ ရေတိုင်ကီထဲမှာ ရှိနေတဲ့ ရေတွေဆူပြီး ရေနွေးငွေ့တွေ ပန်းထွက်လာသည်ထိအောင် ဖြစ်တတ်ကြပါတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ အင်ဂျင် Block တွေမှာ ညှော်နံ့ထွက်လာမယ်၊ ကားထိုးရပ်သွားမယ်၊ ရေပိုက်ေ တွ ပေါက်ကုန်မယ်၊ ဒီအတွက် ရေနွေးတွေ ပေါက်ပြဲနေရာတွေကနေ ပန်းထွက်လာမယ်၊ နောက်ပြီး ပုံမှန် အပူချိန် ပြန်ရော က်သွားသည့်တိုင်အောင် အဆိုပါ ရေပိုက်တွေ ပေါက်ကုန်တာကြောင့် စက်ပြန်နှိုးလို့ ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပြင်းထန် မယ် ဆိုရင် Engine Headကိုတောင် ကွဲသွားစေနိုင်ပြီး ဒါဆိုရင်တော့ အကြီးစား ပြင်ဆင်မှုအထိ လုပ်ဆောင်ရတော့မှာ ဖြစ် ပါတယ်။ တကယ်လို့ Engine Headကွဲသည်ထိအောင် ဖြစ်သွားပြီ ဆိုရင်တော့ ဆီလိုင်းနဲ့ ရေလိုင်းကြားက Gasketတွေ ပြတ်ပြီး ဆီ၊ရေ ရောသွားနိုင်ပါတယ်။

ဒီနေရာမှာ အင်ဂျင် Over Heatingဖြစ်ရတဲ့ အကြောင်းက အထက်မှာ ပြောခဲ့သလို အချက်ပြမှုကို သတိမထား မိတာေ ကြာင့် ဖြစ်နိုင်သလို အအေးခံစနစ်မှာ အစကတည်းက ချို့ယွင်းချက် ရှိတာမျိုး၊ ဥပမာ ရေတိုင်ကီမှာ ရေပမာဏ အလုံအေ လာက် မရှိတာမျိုးကြောင့်လည်း ဖြစ်နိုင်သလို ခရီးတိုလေးအတွင်း အင်ဂျင် အပူချိန် အတက်မြန်ရတဲ့ အကြောင်းရင်း ကေ တာ့ အင်ဂျင်ဝိုင် အဆင့်မမီတာကြောင့် အဖြစ်များပါတယ်။

အင်ဂျင်ဝိုင် များလာတာကြောင့် အရည်ကျတာမျိုးကြောင့် ဖြစ်စေ၊ အင်ဂျင်ဝိုင်း ဖိအား များတာကြောင့် ဖြစ်စေ၊ ထည့်သွင်း အင်ဂျင်ဝိုင် ပမာဏ မပြည့်မီတာကြောင့် ဖြစ်စေ အချက်ပြမီး လင်းလာမှာ ဖြစ် သလို အဆိုပါ အချက်ပြမီး ပြလာပြီ ဆိုရင်ေ တာ့ ကားကို ချက်ချင်း ရပ်လိုက်ပြီး စစ်ဆေးသင့်သလို လိုအပ် မယ် ဆိုရင် အနားပေးတာ ဖြစ်စေ၊ အင်ဂျင်ဝိုင် အသစ် လဲ လှယ်လိုက်တာ ဖြစ်စေ လုပ်ဆောင်ပြီးမှ ပြန်လည် မောင်းနှင်ဖို့ သင့်မှာပါနော်။ ကားတစ်စီးရဲ့ Over Heatingဖြစ်ရပ်ဟာ အင်ဂျင် တစ်ခုလုံးကို ပျက်စီး စေနိုင လောက်အောင် သက်ရောက်စေနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

လင်းထက်(ဧရာဝတီ)

Read 1529 times