လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်း ချမှုလုပ်ငန်းကဏ္ဍတွင်
Fordi Daew၀၀၊ Suzuki နှင့် Scania အမှတ်တံဆိပ်များဖြင့် မော်တော်ကား တပ်ဆင်ထုတ်လုပ်ရောင်း ချမှုလုပ်ငန်းကို နိုင်ငံပေါင်းခြောက်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၆၄၀ ကျော်အထိ ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက် မှုဇုန်တွင် ဂျပန်နိုင်ငံ Suzuki (Myanmar) Motor Co., Ltd က ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေါ်လာခုနစ်သန်းမြှုပ်နှံ Suzuki sayosos Ecoscooduse တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။
Osposopood Khaing Khaing Sang Da Group Co., Ltdက ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေပြည်သာမြို့နယ်၊ သာ ဓုကန်စက်မှုဇုန်၃၊ ၄တွင် ဒေါ်လာနှစ်သန်း ကျော်မြှုပ်နှံကာ မော်တော်ယာဉ်ထုတ်လုပ် ခြင်းနှင့်ရောင်းချခြင်း လုပ်ကိုင်လျက်ရှိသည်။ မလေးရှားကုမ္ပဏီ Tan Chong Mo -tor (Myanmar) Co., Ltdက ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်လှိုင်သာယာစက် မှုဇုန်(၁)နှင့် ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန် နယ်မြေတို့တွင် Nissan အမှတ်တံဆိပ်မော်တော်ကားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ကို ဒေါ်လာသန်း ၅၆ဝ နီးပါးမြှုပ်နှံကာ လုပ် ကိုင်လျက်ရှိသည်။
စင်ကာပူကုမ္ပဏီ SC AUTO(Myan - mar)Company Limited ကဖက်စပ်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း Scania အမှတ် တံဆိပ် ခရီးသည်တင်ယာဉ်များတပ်ဆင် ထုတ်လုပ်ရောင်းချခြင်း၊ပြုပြင်ခြင်းနှင့် ထိန်း သိမ်းရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။
စင်ကာပူကုမ္ပဏီ CAPITAL MOTO -RS Limited က ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် Fordအမှတ်တံဆိပ်မော်တော် ယာဉ်များထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့)စက်မှုဇုန်တွင်လည်းကောင်း၊ ဟောင်ကောင်ကုမ္ပဏီ Gold AYA Motors Inter -national Group Co., Ltdက ဖက်စပ်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် မန္တလေးတိုင်းဒေသ ကြီးအတွင်း ဒေါ်လာ ၁၅သန်းကျော်မြှုပ်နှံ၍ လည်းကောင်း၊ စင်ကာပူကုမ္ပဏီ Shwe Dae -han Motors Co,.Ltdက ရာနှုန်းပြည့်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုနှင့် သာဓကုန်စက်မှုဇုန် ၌ ဒေါ်လာ ၁၀ သန်းနီးပါးမြှုပ်နှံ၍ လည်းကောင်း မော်တော်ယာဉ်နှင့် မော်တော်ဆိုင် ကယ်များ ထုတ်လုပ်ရောင်းချခြင်းနှင့်ရောင်း ချပြီးနောက်ပိုင်းဝန်ဆောင်မှုပေးခြင်း လုပ် ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည်။
မလေးရှားကုမ္ပဏီ Go Excellent (Myanmar) Co., Ltd ကဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုမြို့တွင် ဒေါ်လာ ခုနစ်သန်းကျော်မြှုပ်နှံကာ မော်တော်ယာဉ်တပ် ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်လျက် ရှိသည်။ ကိုးရီးယားကုမ္ပဏီ Daewoo Bus My -anmar Co, Ltdက ဖက်စပ်နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း ဒေါ်လာ ငါးသန်းနီးပါးမြှုပ်နှံကာ ခရီးသည်တင် မော်တော်ယာဉ်များတပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ် လုပ်တပ်ဆင်ရောင်းချခြင်းလုပ်ငန်းကဏ္ဍ တွင် စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့က ဒေါ် လာ သန်း ၆၄ဝကျော်မြှုပ်နှံကာ ဝင်ရောက် လုပ် ကိုင်နေခြင်းဖြစ်သည်။