ကားမောင်းနေရင်း ဘရိတ်ချွတ်ယွင်းခဲ့ရင် လုပ်ဆောင်သင့်တဲ့အချက် ၁၀ ချက်


ယာဉ်မောင်းနေစဉ် ဆင်ခြေလျှောလမ်းလိုအနေအထား ပစောက်ကွေ့၊ တံတောင်ဆစ်ချိုးကွေ့တွေနေနေတဲ့ အနေအထားမျိုးမှာ ရုတ်တရက် ဘရိတ်ဖမ်း လို့ မမိတော့ဘူးဆိုရင်ယာဉ် မောင်းသူအနေနဲ့တုန်လှုပ်သွားမှာပါပဲ၊ ဘရိတ်ချွတ်ယွင်းတာဟာ ကြောက်လန့် တဲ့စိတ်ကို ဖြစ်စေပြီး ဆုံးဖြတ်ချက် မှားတဲ့ အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒါ ကြောင့် ကားမောင်းနေရင်း ဘရိတ်ချွတ်ယွင်းခဲ့ရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နိုင်ဖို့ အရေး ကြီးပါတယ်။

(၁) ကြောက်စိတ်တွေ မဝင်ပါစေနဲ့။

ကြောက်စိတ်မွှန်ပြီးလွန်လွန်ကဲကဲလုပ်ဆောင်မိတာတွေကကြီးမားတဲ့အန ္တရာယ်ကို ဖြစ်စေတယ်။ သည်အချိန်မှာ စိတ်တည်ငြိမ်စေဖို့က အရေးကြီးဆုံးဖြစ်တယ်။

(၂) သင့်ခြေထောက်ရဲ့လှုပ်ရှားမှုကို ရပ်တန့်ထားပြီး Cruise Control System ခလုတ်ကို ပိတ်ပါ။

ခရုစ်ကွန်ထရိုးစနစ်ဖွင့်ထားတာကသတ်မှတ်အမြန်နှုန်းနဲ့အလိုအလျောက် မောင်းနှင်တာဖြစ်တယ်။ ဒါကြောင့် ဘရိတ် စနစ်ချွတ်ယွင်းတာနဲ့ ခရုစ်ကွန်ထရိုးစနစ်ကို အသေအချာပိတ်ရပါမယ်။  ခလုတ်ပိတ် ပြီးပြီးချင်း ခြေထောက်က ဘရိတ်ကို ထိထားရပါမယ်။

(၃) ဘရိတ်ကို ဘယ်လိုနင်းရမလဲ။

ဘရိတ်နင်းတာက ကြမ်းပြင်ဆီကို ညင်ညင်သာသာနင်းတာမျိုးဖြစ်စေပြီး ဘရိတ်ဆီ စီးဆင်းတာကို ကျဆင်းစေတယ်။ ဘရိတ်စနစ်ရဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေတယ်။ အဲဒါဟာ မာစတာဆလင်ဒါ ဒါမှမဟုတ် ဒရမ်၊ ကလစ်ပါး(master cylinder or drums or calipers) တစ်ခုခု ချွတ်ယွင်းတာြ ဖစ်နိုင်ပါတယ်။ ယာဉ်မောင်းသူအနေနဲ့ ဘရိတ်ရဲ့တွန်းအား (pumping the brakes) နဲ့ ဘရိတ် ဖိအားကို ပြန်လည်တည်ဆောက်နိုင်တာဖြစ်တယ်။ခြေထောက်ကဘရိတ်ကိုခပ်ပြင်း ပြင်းဖိနင်းထားပြီးမရွှေ့မရွေ့လျားစေဘဲနေတာကဘရိတ်ခြေနင်းရဲ့အောက်မှာပိတ်ဆို့တာမျိုး ဖြစ်စေပါတယ်။

(၄) ရပ်တန့်နိုင်ဖို့ ဘရိတ်ကို ဖိအားပေးတာ။

အချိန်အတိုင်းအတာတစ်ခုအထိ ဘရိတ်ကို ဖိတွန်းထားတာက ဘရိတ်စနစ်ရဲ့ လုံလောက်တဲ့ ဖိအား (enough pressure) ကို ရရှိပြီး ရပ်တန့်မှုကို ဖြစ်စေပါတယ်။

(၅) ဂီယာကို လျှော့ချပေးပါ။

ဂီယာကို လျှော့ချပေးတာကအင်ဂျင်လည်ပတ်နှုန်းကို လျှော့ချပေးပြီးကားရဲ့အမြန်နှုန်းကို လျှော့ချတာဖြစ်တယ်။ အော်တိုဂီယာဖြစ်ရင် နံပါတ်တစ်မှာ ထားတာ များပါတယ်။ မန်နျူရယ်မှာတော့ ကား ရဲ့ အမြန်နှုန်းနှေးသွားတဲ့အထိ ဂီယာကို အ ဆင့်ဆင့်ပြောင်းလဲရပါမယ်။

(၆) Emergency Brake အသုံးပြုပါ။

Emergency Brake ခေါ်ပါကင်ဘရိတ်(parking brake)ကိုအသုံးပြုပြီးကားကိုရပ်တန့်နိုင်ပါ တယ်။ အဲသည်အခါ မှာပုံမှန်ထက်အချိန်ပိုကြာပြီးမှ ရပ်တန့်ပါ တယ်။ အဲသည်ဘရိတ်ကို အသုံးပြု တဲ့အခါ ရှေ့ကိုဆွဲတာပဲဖြစ်ဖြစ် နောက်ကိုတွန်းတာပဲဖြစ်ဖြစ် ဖြည်းဖြည်းနဲ့မှန်မှန်သာ ပြုလုပ်သင့်ပါတယ်။

(၇) သတိထားကြည့်ရှုပြီး ဆက်မောင်းပါ။

ကားရဲ့ ရှေ့ပတ်ဝန်းကျင်မြင်ကွင်းကိုအထူးသတိပြုမောင်းနှင်ရပါမယ်။ကြီးမားတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ဖြတ်သွား ဖြတ်လာတွေ၊အန္တရာယ်ဖြစ်စေနိုင်တဲ့အတားအဆီးတွေကိုလှည့်ပတ်လမ်း ကြောင်းပြောင်းပြီး မောင်းနှင်ရပါမယ်။

(၈) သတိပေးပါ။

ကားရဲ့ အန္တရာယ်အချက်ပြမီးကို ဖွင့်ထားပါ။ ကိုယ့်မှာ ပြဿနာရှိနေတာ အခြားယာဉ်တွေသိရှိစေဖို့ ဟွန်းတီးပြီး အချက်ပြသတိပေးတာကိုလည်း အဆက် မပြတ်ပြုလုပ်သင့်ပါတယ်။

(၉) လမ်းကြောရဲ့ တစ်ဖက်စီ

မြန်နှုန်းမြင့်နေတဲ့ ကားရဲ့အရှိန်ကို လျှော့ချဖို့ လမ်းရဲ့ဘယ်ညာတစ်ဖက်စီကို ပါးပါးနပ်နပ်နဲ့ လှည့်ပတ်မောင်းနှင်တာက ပွတ်အားကိုဖြစ်စေပြီး ကားရဲ့ အမြန်နှုန်းကို လျှော့ချစေတာဖြစ်တယ်။ အမြန်နှုန်း က သိပ်မြင့်မားနေရင် အရှိန်လွန်တိမ်းမှောက်နိုင်လို့ ဂရုစိုက်မောင်းနှင်ရပါမယ်။

(၁၀) ယာဉ်ရဲ့အရှိန်ကို လျှော့ချပါ။

မြန်နှုန်းမြင့်မောင်းနှင်နေစဉ်မှာဘရိတ်စနစ်ကိုအသုံးပြုလို့မရတော့ဘူးဆိုရင်အမြန်ဆုံးဘယ်လိုရပ်တန့်ရမလဲဆိုတာကိုပဲစဉ်းစားရပါမယ်။အရေးပေါ်ဘရိတ်တို့လို ခေတ်မီနည်းစနစ်တွေကအသုံးမတည့်တော့ဘူးဆိုရင် အဲသည်နည်း စနစ်တွေ ကိုယ့်ရဲ့ကားမှာ မပါရှိခဲ့ဘူးဆိုရင် ဘီးလေးဘီးရဲ့ ကားလမ်းရဲ့ပွတ်တိုက်အားများများသုံးပြီးကားရဲ့အရှိန်လျှော့ချရပ်တန့်နိုင်ဖို့သဘာဝနည်းလမ်းတွေကိုပဲ အသုံးပြုရပါမယ်။အဲသည်အတွက် လမ်းဘေးမှာရှိတဲ့ မြက်ခင်းတွေ၊ ခြုံပုတ်ငယ်တွေရှိတဲ့ ဆီကို အထူးဂရုစိုက်ပြီး ဆင်းသက်မောင်းနှင်သင့်ပါတယ်။

အောင်ထွန်းဦး 

Read 1469 times