ကားလိုင်စင်သက်တမ်းတိုးမယ့်သူတွေ ဘာတွေယူဆောင်သွားရမ လဲ ဆိုတာတွေကို ဖော်ပြပါတယ်။
မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မော်တော်ယာဉ်အာမခံစာအုပ် နဲ့ သက်တမ်းတိုး သွားရောက်လုပ်ဆောင်မယ့် သူရဲ့နိုင်ငံသားစိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်မိတ္တူတစ်စုံ ယူဆောင်သွားရပါမယ်။
မိမိသက်တမ်းတိုးမယ့် ရုံးမှာအာမခံတစ်ခါတည်းဆောင်လို့မရရင် သက်ဆိုင်ရာအာမခံရုံးမှာ အာမခံကြေးအရင်ပေးဆောင်ရပါမယ်။ ကားသက်တမ်းတိုးဖို့ ရုံးကိုရောက်တာနဲ့ သက်တမ်းတိုးဖောင် အခမဲ့ထုတ်ယူရပါမယ်။ ခဲခြစ်ယာဉ်စစ်ရပါမယ်။
ခဲခြစ်ယာဉ်စစ်ဆီမှာ ကားကိုစစ်ဆေးပြီးတဲ့အခါ ယာဉ်စစ်ဆေးတဲ့ အေအီး (AE) ထံမှာလက် မှတ် ထိုးရပါမယ်။
မှန်မှာကပ်ရမယ့် အာမခံစတေကာကိုငွေသွင်းထုတ်ယူရပါ မယ်။ စတေကာ ကပ်ပြီး ရင် ကားဓာတ်ပုံရိုက်ဖို့ ငွေသွင်းပြီး ဓာတ်ပုံရိုက်ရပါမယ်။ဓာတ်ပုံရိုက်ပြီး ငွေသွင်းခန်းဝင်ရမယ်။
ဘီးခွန်မြို့ဝင်ကြေးပါ တစ်ခါတည်းသွင်းရပါတယ်။ ငွေတွက်ပြီး ဦးစီးမှူး လက်မှတ် ထိုးပြီး တာ နဲ့ငွေခန်းမှာငွေသွင်းရပါမယ်။ငွေခန်းမှာ ငွေသွင်းပြီးတာနဲ့ ဝှီးတက်နဲ့ မှတ်ပုံတင်စာအုပ်ကို သက်ဆိုင်ရာအခန်းမှာထုတ်ယူနိုင်ပါပြီ။