ကိုယ်စီးနေတဲ့ကားလေး ရေဆေးခုံသွားတင်ပြီးပြန်လာတော့ နောက်ခန်းထဲကနေ တံခါးဖွင့်မရဖြစ်နေတတ်ပါတယ်။ နောက်ခန်းကားတံခါးဖွင့်ပြီး Child Lock ခလုပ်ကလေးကို မတော်တဆ ထိပြီးလော့ကျတတ်ပါတယ်။
ဘာမှတော့မဟုတ်ဘူး မသိတဲ့သူတွေအတွက် ကားတံခါးလုပ်တဲ့ဆိုင်ကိုသွားပြီး ပြေးပြီးပြရတာတို့ သဘောကောင်းတဲ့ဆိုင်ကတော့ ပြပေးလိုက်ပါတယ်။ ညစ်တဲ့ဆိုင်နဲ့တွေ့ရင်တော့ ပိုက်ပိုက်ထွက်ပြီ ? အမှုမဲ့အမှတ်မယ့် အဲ့ Child lock ခလုပ်ကလေးကို မသိဘဲ စိတ်အနှောက်ယှက်ဖြစ်တဲ့သူတွေ ခုချိန်ထိပါပဲ။
အဲ့လိုမဖြစ်ရအောင် နောက်ခန်းကားတံခါးဖွင့်လိုက်ရင် ပုံထဲကအတိုင်း ခလုပ်ကလေးကိုတွေ့ရပါမယ် အပေါ်ဆိုပုံမှန် အောက်ရောက်နေရင် lock ပါ သူအလုပ်လုပ်ပုံက lockချထားရင်အထဲကနေ တံခါးဖွင့်မရပါဘူး အပြင်ကဖွင့်ပေးမှရပါတယ်။
ဘာအတွက်ထည့်ပေးလဲဆိုရင် ကလေးတွေအတွက်ပါ။ ကလေးတွေကျောင်းလိုက်ပို့တာတို့,အပြင်သွားတာတို့ ကားမောင်းနေလို့ သူတို့ကိုအာရုံမစိုက်နိုင်တဲ့အခါ, ကလေးထိန်းမပါရင် အဲ့ခလုပ်ကလေးကိုချထားရင် ကလေးတွေ ကားသွားနေရင် ဆော့ပြီးတံခါးမဖွင့်နိုင်အောင် Safety အတွက်ထည့်ပေးထားတာပါ။
ဒီမှာကတော့ ကားပုံမှန်စီးသူတွေ ရေဆေးပြီးပြန်လာတဲ့အခါ ဆိုင်ကကားရေသုတ်ရင်း အဝတ်နဲ့ညှိပြီး ခလုပ်အောက်ကျတတ်ပြီး တံခါးဖွင့်မရတဲ့ပြဿနာ ခဏခဏဖြစ်ပါတယ်။ အဲ့အတွက် အပြင်ကတံခါးလေးဖွင့်ပြီး ခလုပ်ကလေးအပေါ်ပြန်တင်လိုက်ရင် ပုံမှန်ဖြစ်သွားပါပြီ။
တချို့ကားဆရာတွေကတော့ နောက်ကလူက child lock ကျနေတဲ့ဘက်ကဆင်းရင် မောင်းတဲ့သူကဆင်းပြီးဖွင့်ပေးရဲ့အခါမျိုး ကြုံဖူးကျမယ်ထင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကားတံခါးက အတွင်းကဖွင့်မရလို့ပါ။