အစီးရေ ငါးရာပဲ ထုတ်လုပ်မယ့် KIA ရဲ့ အထူးထုတ်ဇိမ်းခံဆီဒန်ကား


 

တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ KIA ဟာ  ဆီဒန်ပုံစံနဲ့ ခပ်ဆင်ဆင်တူတဲ့ Fastback ကိုယ်ထည်ပုံစံ ဇိမ်ခံကားမိုဒယ် Stinger ကို ၂၀၁၇ ခုနှစ်ကမှ ထုတ်လုပ်ဈေးကွက်တင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ကားဒီဇိုင်းဆုတစ်ခု အပါအဝင် တခြားဆုတွေလည်းရရှိထားတဲ့ Stinger မိုဒယ်ရဲ့ စွမ်းဆောင်ရည်အသားပေးတဲ့ GT ဗားရှင်းတွေကိုလည်း ထုတ်လုပ်ထားတဲ့ ကားအမျိုးအစားလဲ ဖြစ်ပါတယ်။

*ကားအင်ဂျင်နဲ့စွမ်းဆောင်ရည်ကတော့ Stinger GT2 AWD အတိုင်း မြင်းကောင်ရေ ၃၆၅ ကောင်အားနဲ့အထက် တိုက်ရိုက်ဆီဖျန်းစနစ်သုံး 3.3 liter V6 Twin-tubro ဓာတ်ဆီအင်ဂျင်

 *ကားရဲ့ ဂီယာကတော့ Auto ဂီယာ ရှစ်ချက်ကားဘီးလေးဘီးလုံးဆီသို့ ပိုလွှတ်မောင်းနိုင် ဖြစ်ပြီးတော့ ၄ ဒသမ ၇ စက္ကန့်အတွင်းမှာ 0 မိုင်ကနေ တစ်နာရီမိုင် ၆၀ နှုန်းဖြင့်မောင်းနိုင်ခြင်း

 *ဆီဒန်ကားကိုယ်ထည်ပုံစံနဲ့ Coupe ကားဒီဇိုင်း ကို ခပ်လျောလျော ပုံစံ ၊ ကားနောက်ဘက်ဒီဇိုင်းကို ပေါင်းစပ်ထားတဲ့ Stinger GT2 Atlantica စား ထိပ်တန်း Trim Level ဖြစ်တဲ့ Stinger GT2 ကို အခြေခံ ဖွဲစည်းထားခြင်း

*Stinger မိုဒယ်ဟာ အဆင်မြင့်လှပတဲ့ Fastback ပုံစံ ကိုယ်ထည်အချိုးအစားနဲ့တူအောင်ပြုလုပ်ထားခြင်း

*ခရီးသည် ၅ယောက် စီနင်းနိုင်ပြီး Stinger GTဇိမ်းခံဆီဒန်ကားဖြစ်ပြီး အဆင့်မြင့်တဲ့ Espresso Brown ခေါ်အညိုရောင် Nappa Leather ကို အသုံးပြုထားခြင်း

*ပတ်ဝန်ကျင်တစ်ခုလုံးကို မြင်သာစေတဲ့ Around View Monitor 2 ၊ ကြိုးမဲ့ဖုန်းအားသွင်း changer 3 နဲ့ အပုူပေးနိုင်တဲ့ ကားနောက်ခန်းထိုင်ခုံတို့ ပါဝင်ခြင်း


*2019 KIA Stinger GT Atlantica ဇိမ်းခံကားမိုဒယ်ဈေးကို အတိအကျမသိရသေးပေမယ့် Stinger GT 2 ရဲ့ ဈေးဟာ အမေရိကန်ဒေါ်လာ ၅၂,၃ဝဝ နဲ့ အထက်ဖြစ်ပိုများနိုင်ခြင်း ခန့်မှန်း*KIA stinger GT ရဲ့ အနီးစပ်ဆုံး ပြိုဘက်တွေကတော့ Audi A5 Sportback ၊ Mercedes C-Class ၊ BMW 3 Series GT နဲ့ BMW 4 Series Gran Coupe တို့ ဖြစ်ပါတယ်။

Read 732 times