မြန်မာပြည်ရောက်ရှိလာတဲ့ Brand News Car ( KIA 2018)


KIA ၏ လှပဆန်းသစ် ဆွဲဆောင်မှုရှိသည့် ဒီဇိုင်း၊ အကောင်းဆုံး အရည်အသွေးရှိသော Feature များ၊ စွမ်းဆောင်ရည်ကောင်းမွန်သည့် အင်ဂျင်စနစ်နှင့် ထိပ်တန်းလုံခြုံရေးစနစ်များ ပေါင်းစပ်ပါဝင်သည့် 2018 Rio ကားအမျိုးအစားသည် မိသားစုများ၊ လူငယ်၊ လူလတ်ပိုင်းအရွယ် ကား ချစ်သူများအတွက် အသင့်တော်ဆုံးရွေးချယ်မှုဟု ဆိုရပါမည်။

ယုံကြည်မှု အပြည့်ဖြင့် လမ်းမထက်တွင် အသုံးပြုနိုင်မည့် KIA Rio ၏ ထူးခြားချက်များစွာကို သိရှိလိုသည့် မြန်မာနိုင်ငံရှိ KIA ပရိသတ်များတွက် 2018 KIA Rio ကားမိုဒယ်အသစ်နှင့် မိတ်ဆက်လိုက်ပါသည်။

အပြင်ဘက်အပြင်အဆင်

ဆွဲဆောင်မှုရှိပြီး Aerodynamic ဆန်သည့် ကားကိုယ်ထည်ဖြင့်အဓိက ဖန်တီးထားသော 2018 KIA Rio ၏ အပြင်ဘက် ဒီဇိုင်းသည် အကောင်းဆုံး စွမ်းဆောင်နိုင်မှုနှင့် စိတ်လှုပ်ရှားဖွယ် Life Style ကို အပြည့်အဝဖော်ဆောင်ပေးမည်ဖြစ်သည်။ KIA ၏ သင်္ကေတ ဖြစ်သည့် Radiator Grille ဒီဇိုင်းကို ကားအရှေ့ဘက်တွင် ဆွဲဆောင်မှုရှိစွာ တွေ့မြင်ရမည်ဖြစ်ပြီး လေစီးကြောင်း များသည် Lower Intake ကို ဖြတ်သန်း၍ အင်ဂျင်သို့ အအေးပေးစနစ်ရရှိနိုင်ပါသည်။

ညမြင်ကွင်းများအတွက် အထူးကြည်လင် တောက်ပသည့် အလင်းကို ရှင်းလင်းစွာ ပြသပေးမည့် Bi-Projection စနစ် ရှေ့မီးကြီးများလည်း ပေါင်းစပ်ထားပါသည်။ ရှေ့လေကာမှန်ကြီးတွင် တပ်ဆင်

ထားသည့် Aero Blade Wiper များသည် အရှိန်မြင့် မောင်းနှင်ချိန်၌လည်း ရေများကို ကောင်းစွာ ရှင်းလင်းပေးမည်ဖြစ်သည်။ လှပ၍ များစွာအဆင်ပြေမှုရှိသည့် ကားကိုယ်ထည်တွင် ၁၅ လက်မ စတီးခွေ၊ ၁၅ လက်မ အလွိုင်း ခွေ၊ ၁၆ လက်မ အလွိုင်းခွေ၊ ၁၅ လက်မ အလွိုင်းခွေစသည်တို့ကို စိတ်တိုင်းကျ ရွေးချယ်တပ်ဆင်နိုင်ပါမည်။ ကားနောက်ဖုံးသည် လွယ် ကူစွာဖွင့်/ပိတ်နိုင်သည့်ပုံစံဖြစ်ပြီး Rear Combination Lamps ၊ Rear Spoiler တို့လည်း အလားတူ ပါဝင်ကြပါသည်။

အတွင်းခန်းအပြင်အဆင်

2018 KIA Rio ၏ အတွင်းခန်းသည် အထူးလှပသေသပ်ကျယ်ဝန်းသည်စွာ ခင်းကျင်းထားပါသည်။ အသုံးပြုသူနှင့် လိုက်လျောညီထွေဖြစ်စေမည့် ထိန်းချုပ်စနစ်များကို နေရာတကျပြုလုပ်ထားပြီး ခလုတ်များအားလုံး လွယ်ကူစွာအသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။ ယာဉ်မောင်းအတွက် အထူးထောက်ပံ့ပေးနိုင်ရန် ဒီဇိုင်းထုတ်ဖန်တီးထားသည့် Supervision Cluster 3.5 inch LCD Display ကို မီတာဒိုင်ခွက်တွင် ထည့်သွင်းပြီး ယင်းမှတစ်ဆင့် သတင်းအချက်အလက်၊ ထောက်ပံ့မှုစနစ်များ အားလုံးကို အလွယ် တကူ ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သည်။

စတီယာရင်တွင် Voice Control ၊ Audio Control စသည့် Function များစွာ ပါရှိပါသည့်အပြင် နည်းပညာ မြင့် ပါဝင်ပစ္စည်းများစွာကိုလည်း 2018 KIA Rio တွင် စုံလင်စွာထည့် သွင်းထားပါသည်။ အဓိကပါဝင်သည့် Feature များမှာ Smart Key with Easy Keyless Entry ၊ Auto Defog System ECM စနစ်သုံး နောက်ကြည့်မှန် ၊ Rain Sensor ၊ Full Auto Temperature Control ၊ Adjustable Seatbelt Anchor ၊ Rear USB Charging Parts ၊ Sunroof စသည်တို့ ပါဝင်ကြပါသည်။ ထိုင်ခုံများကို Artificial Leather ဟူ၍ ရွေးချယ်နိုင်ပြီး ခရီးသည်ငါးဦး အဆင်ပြေစွာစီးနင်းနိုင်ရန် ခင်းကျင်းထားကာ ဒုတိယထိုင်ခုံတန်းကိုလည်း ၆၀း၄၀ အချိုးခေါက်သိမ်းနိုင်ပါသည်။

ဖျော်ဖြေဆိုင်ပါဝင်မှုများအဖြေင့် Bluetooth with Hands-free Access 7 inch Color Touch Screen Audio ၊ Auxiliary And USB နှင့် Android Auto Apple CarPlay စသည်တို့လည်း ထည့်သွင်းထားပါသည်။ အင်ဂျင်နှင့်ဂီယာစနစ် 2018 KIA Rio တွင် အင်ဂျင်နှစ်မျိုးထည့်သွင်းထားပါသည်။ ၎င်းတို့မှာ 1.4L Engine ၊ ဓာတ်ဆီအင်ဂျင်နှင့် 4-Speed Auto ဂီယာ စနစ်တို့ကို တွဲဖက်

တပ်ဆင်ထားပါသည်။အင်ဂျင်များသည် MPI အင်ဂျင်စနစ်များ ဖြစ်ကြပါသည်။

လုံခြုံရေး

2018 KIA Rio တွင် အထူးအဆင့်မြင့်လုံခြုံရေး Feature များစွာ ပါဝင်ပြီး ကားကိုယ်ထည်၌ Advanced High Strength Steel (AHSS) ကို ၅၁ ရာခိုင်နှုန်းကျော်အထိ အသုံးပြုထားကာ အဆိုပါ AHSS သည် အထူးတောင့်တင်းခိုင်မာမှုရှိသည့် စတီးအမျိုးအစားဖြစ်သည်။အလားတူ Hot Stomped Component openrops များကိုလည်း Stress Area ရှစ်ခု၌ ထည့်သွင်းထား၍ ထိခိုက်မှုအား အထူးကာကွယ်ပေးမည်ဖြစ်သည်။ ထို့အတူ နည်းပညာမြင့်လုံခြုံရေးစနစ်များဖြစ်ကြသည့် အသက်ကယ်လေအိတ်ေ့ခြာက်လုံး ၊ Anti-lock Braking System(ABS) ၊ Parking Distance Warning Reverse (PDW-R) စသသည်တို့ ပါရှိပါသည်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

2018 KIA Rio ကို အမေရိကန်ဒေါ်လာ ၂၅,၅၀၀(USD 25,500)ဈေးနှုန်း သတ်မှတ်၍ Super Seven Stars မှ တာဝန်ယူရောင်းချပေးနေပြီး အာမခံ အနေဖြင့် ငါးနှစ်/ကီလိုမီတာ တစ်သိန်း(5 years/ Km 100,000) သတ်မှတ်ပေးထားပါသည်။

Read 651 times