လာမည့်နှစ်တွင် ယာဉ်အိုဟောင်း စနစ်ဖြင့် မော်တော်ယာဉ်တင်သွင်း 925 Recondition ကားများအတွက် ၂၀၁၆၊ ၂၀၁၇ မိုဒယ် နှစ်ခုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ ခုနှစ်အတွက် မော် တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မို ဒယ်သတ်မှတ်ချက်တွင် ယာဉ်အို/ ဟောင်းစနစ်ဖြင့် ၂၀၁၆ မိုဒယ်မှ ရောက်ရှိခုနှစ်ဖြစ်သည့် ၂၀၁၉ မိုဒယ်အတွင်း တင်သွင်းခွင့်ပေးမည်ဖြစ်ရာ Brand New ကားများအ တွက် ၂၀၁၈၊ ၂၀၁၉ မိုဒယ်နှင့် Recondition ကားများအတွက် ၂၀၁၆၊ ၂၀၁၇ မိုဒယ်အတွင်း တင် သွင်းခွင့်ပေးမည်ဟု သတ်မှတ်ထား သည်။ သို့ဖြစ်၍ Zero Kilo ကားများမဟုတ်သည့် Usedi Recondition ကားများကို စလစ်ကပ်ပြီး တင်သွင်းမည် ဆိုပါက ၂၀၁၆၊ ၂၀၁၇ မိုဒယ် နှစ်ခုသာ တင်သွင်း ရမည်ဖြစ်သည်။
“ယာဉ်အိုဟောင်းအစီအစဉ် နဲ့ မော်တော်ယာဉ်တင်သွင်းခွင့်ပါ မစ်လျှောက်မယ်ဆိုရင် Recondition ကားတွေက ၂၀၁၆၊ ၂၀၁၇ မိုဒယ်နှစ်မျိုးကိုပဲ လျှောက်ထားခွင့် ပြုမှာဖြစ်ပါတယ်၊ ၂၀၁ရ မိုဒယ် အထက်က Brand New ကားတွေ အတွက်ဖြစ်ပါတယ်”ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
Recondition ကားများကို ယာဉ်အို/ ဟောင်းစနစ်ဖြင့် မဟုတ် ဘဲ ဖရီးပါမစ်ဖြင့် တင်သွင်းမည်ဆို ပါက ၂၀၁၇ မိုဒယ်တစ်မျိုးတည်း ကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်သည်။
တစ်ဦးချင်း အစီအစဉ်ဖြင့် လူစီးကားများ တင်သွင်းရာတွင် ၂၀၁၇ မိုဒယ်မှ ၂၀၁၉ မိုဒယ်အတွင်း တင်သွင်းခွင့်ရမည်ဖြစ်ပြီး ၂၀၁၈၊ ၂၀၁၉ မိုဒယ်ကားများကို တင်သွင်းမည်ဆိုပါက Brand New ကားများသာ တင်သွင်းခွင့် ပြုမည်ဖြစ်သည်။
ထို့ပြင် ယာဉ်အို / ဟောင်းစနစ်ဖြင့် Recondition လုပ်ငန်းသုံးကားများကို တင်သွင်း မည်ဆိုပါကလည်း ၂၀၁၅ မိုဒယ် မှ ၂၀၁ရ မိုဒယ်အတွင်းသာ ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။