McLaren ကားများအနက် အမြန်ဆုံးဖြစ်သည့် Speedtail မိုဒယ်ကို ၁ဝ၆ စီးသာ ရောင်းချ


ဗြိတိသျှပြိုင်ကားကုမ္ပဏီ Mc-Laren က ထုတ်လုပ်မည့် Hyper GT ကားအမျိုးအစား Speedtail မိုဒယ်မှာ ဗြိတိန်ပေါင်စတာလင် ၂ ဒသမ ၁ သန်းအထိ ဈေးနှုန်းရှိသော်လည်း ကြိုတင်မှာယူသူ များသဖြင့် အရောင်းချထားပြီးဖြစ်ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

Related image

၁၉၉၀ ပြည့်လွန်နှစ်များက McLaren F1 ပြိုင်ကား ပုံစံအတိုင်း ထုတ်လုပ်မည့် Speedtail သည် 4.0L Twin-turbo V8 အင်ဂျင်ကို လျှပ်စစ်မိုတာများနှင့် တွဲဖက်အသုံးပြုထားသည့် Petrol-electric Hybrid System ကြောင့် မြင်းကောင်ရေ ၁,၀၃၅ ကောင်အားအထိ ထုတ်ပေး နိုင်ပြီး သုညမိုင်မှ တစ်နာရီလျှင် ၁၈၆ မိုင် အရှိန်နှုန်းရရန် အချိန် ၁၂ ဒသမ ၈ စက္ကန့်သာ ကြာမြင့်သည်။

Related image

အမြင့်ဆုံး တစ်နာရီ မိုင် ၂၅၀ နှုန်း မောင်းနိုင်သောကြောင့် McLaren ထုတ် လူစီးကားများအနက် အမြန်ဆုံး ဖြစ်လာမည်ဟု သိရပါတယ်။ McLaren Speedtail ကားတွင် စုစုပေါင်း ထိုင်ခုံသုံးခုံသာပါရှိကာ မောင်းသူထိုင်ခုံမှာ ဂျက်တိုက်လေယာဉ်ခေါင်းခန်းကဲ့သို့ အလယ်တွင်ရှိပြီး ဘေးဘက်နောက်ကြည့်မှန်များအစား မြင်ကွင်းကျယ်ကင်မရာများ တပ်ဆင် ထားသည်။

Related image

ရှေ့ဘီးခွေများတွင် လေစီးဆင်းမှုကောင်းရန် Fixed-cover ပါပြီး ဝယ်သူတောင်းဆိုပါက ထို Fixed- cover ကို ဖြုတ်ပေးသွားမည်ဖြစ်မှာ ဖြစ်ပါတယ်။ ထို့ပြင် ကားရှေ့စက်ဖုံးအောက်တွင် ခရီးသည်သုံးဦး၏ အဝတ အိတ်များထည့်ရန် နေရာဖန်တီးပေးထားသည်။

Related image

McLaren Speedtail ကားမိုဒယ်ကို စုစုပေါင်း ၁၀၆ စီးသာ ထုတ်လုပ်သွားမည်ဖြစ်ကာ တစ် လျှင် အခွန်ဆောင်ပြီး ဗြိတိန်ပေါင်စတာလင် ၂ ဒသမ ၁ သန်း ကျ ၊ မည်ဖြစ်သည်။ McLaren Speedtall ကို လာမည့် ၂၀၁၉ ခုမှ နှစ်ကုန်ပိုင်းတွင်မှ စတင် ထုတ်လုပ်သွားမည်ဟု သိရသည်။

Read 689 times