ကားမောင်းသူများ သိထားသင့်သည့် ဝါယာရင်းနှင့် ဖြူစ်


ကားတွင် သွယ်တန်းထားသော ဝါယာကြိုးများကို မိမိဘာသာမိမိ မပြင်ခြင်းမှာ အကောင်းဆုံးဖြစ်ပါဘဲ။

ဖြူစ်လဲခြင်းလောက်သာ မိမိကိုယ်တိုင်ပြုလုပ်သင့်ပါတယ်။ ဖြူစ်ကလည်း ပြတ်ခဲလှပါတဲ့ အရာတစ်ခုပါဘဲ။ ပြတ်ပြီဆိုလျှင် သူနှင့်ပတ်သတ်သော ဝါယာလိုင်းတွင် ပြဿနာရှိနေတက်ပါတယ်။ ထိုအခါမျိုးတွင် နားလည်တက်ကျွမ်းသောသူများတွင် သွားရောက်ပြုပြင်သင့်ပါတယ်။

 

ဖြူစ်များကို တစ်နေရာတည်းတွင် စုစည်းပေးထားပြီး ဖြူစ်ဘောက်စ်ဖြင့် ထားရှိပေးထားပါတယ်။ ဖြူစ်ဘောက်စ် ထားပေးနေကျနေရာမှာ စက်နှိုးသော သော့ပေါက်နားက ဒတ်ရှ်ဘုတ်နေရာ၏ အောက်နားမှာ ဖြစ်တယ်။

 

ဖြူစ်ဘောက်စ် အဖုံးကို ဖွင့်ပြီး အကြည်သားဖြင့်လုပ်ထားသော ဖြူစ်ကို ပြတ်မပြတ်စစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ပြတ်သည်ဆိုလျှင်လည်း လဲရပါမယ်။ လတ်တလောအခြေအနေမျိုးတွင် လဲစရာမရှိသေးပါက ဖြူစ်၏ သတ္တုတံနှစ်ခုကို ဆက်သွယ်ပေးပြီး ယာယီပြုပြင်မှု ပြုလုပ်ပေးနိုင်ပါတယ်။ ယာယီဆိုသည်မှာ ခေတ္တခဏသာအတွက်သာဖြစ်ပြီး အမြန်ဆုံး ဖြူစ်အသစ်တစ်လုံး ဝယ်ပြီး လဲထည့်ရပါမယ်။

 

ဖြူစ်၏ အိမ်က အရောင်များခွဲပြီး လုပ်ထားပါတယ်။ လဲလှယ်သည့်အခါ အရောင်တူရန်ထက် အမ်ပီယာခံနိုင်ရည်တန်ဖိုး တူရန်သာ အရေးကြီးပါတယ်။ ဖြစ်နိုင်ပါက အရောင်တူ တန်ဖိုးတူသော ဖြူစ်အိမ်ကို လဲလှယ်ပေးဖို့လိုပါတယ်။ ယာဉ်သုံးဖြူစ်ကို ဘလိတ်ဖြူစ် blade fuse ဟု ခေါ်ပါတယ်။၎င်းဖြူစ်တွေကို အလွယ်တကူ ဖြုတ်တက်လို့ရပါတယ်။ အသုံးများသည့် ဖြူစ် သုံးမျိုးရှိတယ်။

 

အရွယ်အစားအရပြောမည်ဆိုလျှင် မက်စီဘလိတ်ဖြူစ် Maxi blade fuse က အကြီးဆုံးဖြစ်တယ်။ စံသတ်မှတ်ချက်အရ အကျယ် ၂၉.၂ မီလီမီတာ၊ အထူ ၈.၅ မီလီမီတာ၊ အလျား ၃၄.၃ မီလီမီတာ (အပေါက်ထဲထိုးမည့် သတ္တုသားအပါအဝင်) ရှိတယ်။ အမေရိကန်တွင်ထုတ်လုပ်သော ကားမိုဒယ် ၉၀% ဝန်းကျင်မှာ မက်စီဘလိတ်ဖြူစ်ကို တပ်ဆင်ထားကြခြင်းဖြစ်ပါတယ်။

 

နောက်ဖြူစ်တစ်မျိုးမှာ စတင်းဒတ် အေတီအို ဘလိတ်ဖြူစ် ဖြစ်ပါတယ်။ အေတီအို ဆိုခြင်းက ယာဉ်နည်းပညာအဖွဲ့အစည်း (Automotive Technology Organization) ကို ဆိုလိုပါတယ်။ အေတီအို သတ်မှတ်ချက်စံအရွယ်အစားအရ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အကျယ် ၁၉.၁ မီလီမီတာ၊ အထူ ၅.၂ မီလီမီတာ၊ အလျား ၁၉.၃ မီလီမီတာ (အပေါက်ထဲထိုးရမည့် သတ္တုသားအပါအဝင်) ရှိပါတယ်။

 

ဖြတ်တောက်ပေးမည့် အမ်ပီယာသတ်မှတ်ချက်များအတွက် အရောင်သတ်မှတ်ချက်ကိုပါ ပြဌာန်းပေးထားပါတယ်။ လိမ္မော်ရောင်က ၅ အမ်ပီယာ၊ အနီက ၁၀ အမ်ပီယာ၊ အပြာက ၁၅ အမ်ပီယာ၊ အဝါက ၂၀ အမ်ပီယာ၊ ပယင်းရောင် သို့မဟုတ် အကြည်သားရောင်က ၂၅ အမ်ပီယာနှင့် အစိမ်းတို့က ၃၀ အမ်ပီယာဖြစ်ပါတယ်။

 

မီလီဘလိတ်ဖြူစ်က စတင်းဒတ် အေတီအိုဖြူစ်အတိုင်းသာ ဖြစ်ပါတယ်။ အမ်ပီယာအရောင် သတ်မှတ်ချက်က အစ တူနေပါသည်။ ကားအင်ဂျင်ပိုင်းတွင် မက်စီဘလိတ်ဖြူစ်နှင့်အတူ တွဲသုံးပါတယ်။

ဒိုဂျေဆန်း

Read 3811 times