အီးဗီ ကားမောင်းနေစဉ် ဘက်ထရီထုပ် အထုပ်လိုက် ပြုတ်ကျ [Video]


အီးဗီ ကားမောင်းနေစဉ် ဘက်ထရီထုပ် အထုပ်လိုက် ပြုတ်ကျ [Video]

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဇွန်လ ၃၀ ရက်နေ့တွင် CarNewsChina မီဒီယာသည် ကားမောင်းနေစဉ် အီးဗီ၏ ဘက်ထရီထုပ် အထုပ်လိုက် ပြုတ်ကျသည့် ဗီဒီယိုကို ရရှိခဲ့သည်။

ဗီဒီယိုတွင် အငှားယာဉ်နှင့် တက္ကစီလုပ်ငန်းအတွက် ရည်ရွယ်ထားသည့် လျှပ်စစ်ကား  Cao Cao 60 မှ ဘက်ထရီထုပ် ပြုတ်ကျသည်။
.
Cao Cao 60 သည် ဘက္ထရီထုပ် မပါဘဲ စက္ကန့်အနည်းငယ် ဆက်လက်မောင်းနှင်ပြီး မရပ်မီ မီတာ ၂၀ ခန့်အကွာတွင် ဘက်ထရီထုပ် ပြုတ်ကျ ကျန်ရစ်ခဲ့သည်။
မီးထလောင်ခြင်း မရှိပါ။ 
 စီချွမ်ပြည်နယ် ချန်ဒူးမြို့ 2nd Ring Road မှာ ဖြစ်ပွားခဲ့သည်။
.
Cao Cao Auto သည် Geely Holding လက်အောက်ရှိ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ယခုနှစ် မတ်လတွင် စတင်ထုတ်လုပ်ခဲ့သည်။


Geely ၏ Cao Cao 60

Cao Cao 60 EV သည် Cao Cao Auto အမှတ်တံဆိပ်အောက်တွင် ပထမဆုံးကားမော်ဒယ်အဖြစ် တရုတ်နိုင်ငံ၌ မတ်လ ၃၀ ရက်က စတင်‌ ရောင်းချခဲ့သည်။

Cao Cao 60 သည် အငှားယာဉ်လုပ်ငန်းကဏ္ဍအတွက် ရည်ရွယ်ထားသည်။ အငှားယာဉ်လုပ်ငန်းများကိုသာ ရောင်းချသည်။
ဈေးနှုန်းမှာ ယွမ် ၁၁၉,၈၀၀ (17,500 USD) ဖြစ်ပြီး ခရီးတာ ၄၁၅ ကီလိုမီတာ ရသည်။ အားအပြည့် ဘက်ထရီကို အလုံးလိုက် လဲသည့်စနစ် ကျင့်သုံးသည်။ ၆၀ စက္ကန့် (၁ မိနစ်)ဖြင့် လဲပေးနိုင်မည်ဟု  Geely က ကားမိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။ 

ဘက်ထရီ အလုံးလိုက်လဲသောစနစ် ကျင့်သုံးသည့် NIO ၏ နောက်ဆုံးပေါ် ဘက်ထရီလဲလှယ်ရုံများသည် ဘက်ထရီတစ်လုံး ဖြုတ်လဲရန် ၃ မိနစ်ခန့် ကြာသည်။ 

 

 


 
 Ruilan Auto ဟုခေါ်သော နောက်ထပ် Geely အမှတ်တံဆိပ်သည် Cao Cao 60 ကားများကို ထုတ်လုပ်‌ေပးသည်။ 
 
Cao Cao  သည် အငှားယာဉ် လုပ်ငန်းအတွက် သီးသန့်ထုတ်သော တရုတ်နိုင်ငံ၏ ပထမဆုံးသော စွမ်းအင်သစ်သုံး မော်တော်ယာဉ် New Energy Vehicle NEV ဖြစ်သည်ဟု Geely က မိတ်ဆက်ပေးခဲ့သည်။
(တရုတ်အစိုးရ၏ NEV သတ်မှတ်ချက်တွင် EV, PHEV, FCEV တို့အားလုံး အကျုံးဝင်သည်)

Source carnewschina

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 18267 times