ကားအပိုပစ္စည်းအသစ်များတင်သွင်း ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ သွင်းကုန်လိုင်စင်လျှောက်ထားစရာမလိုဘဲ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်တော့သောကြောင့် ယခင်ထက် တင်သွင်းခြင်းလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး အချိန်နှင့်ငွေ ပိုမိုသက်သာလာနိုင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
သို့သော် သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ကားအပိုပစ္စည်းများကိုတင်သွင်းမည် ဆိုပါက ဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက် ၉ ခုကို လိုက်နာရမည် ဖြစ်ကြောင်း သိရပါတယ်။ တင်သွင်းလာသည့် ကားအပိုပစ္စည်းများသည် brand new ဖြစ်ရမည်ဖြစ်ပြီး သွင်းကုန်ကြေညာလွှာတွင် ထည့်သွင်းထားသော အချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရပါတယ်။
ကြေညာလွှာ တင်သွင်းသူများအနေဖြင့် ကားအပိုပစ္စည်းများ တင်သွင်းလာပါက ကြိုတင်စစ်စစ်ဆေးရန် မလိုအပ်တော့သောကြောင့် Import Declaration များ၏ Ca-tegory of Carg နေရာတွင် “Im-ports of goods to be cleared under SCA Section 29”
အား ရွေးချယ်ရန်မလိုဘဲ ကြေညာလွှာတင်သွင်းနိုင်ကြောင်း သိရပါတယ်။
ဆယ်စုနှစ်များစွာအကြာ ပိတ်ဆို့မှုများကို ကျော်လွန်ခဲ့ပြီးနောက် ကားတင်သွင်းခြင်း ပေါ်လစီများကို ဖြေလျော့ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကားအပိုပစ္စည်းဈေးကွက်နှင့် ဆားဗစ်ဆိုင်များသည် တိုးပွားလာခဲ့ကြောင်းနှင့် ယခုကဲ့သို့ ဝန်ကြီးဌာန၏ လုပ်ဆောင် ချက်ကို ကြိုဆိုကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားခဲ့ပါတယ်။