အမေရိကန်မှာ အရောင်းရဆုံး ဆီဒင် တိုယိုတာကမ်မရီ မျိုးဆက်သစ်ကို ဟိုက်ဘရစ်ဖြင့်သာ ထုတ်လုပ်မည်


အမေရိကန်မှာ အရောင်းရဆုံး ဆီဒင် တိုယိုတာကမ်မရီ မျိုးဆက်သစ်ကို ဟိုက်ဘရစ်ဖြင့်သာ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အမေရိကန်တွင် ရောင်းအားအကောင်းဆုံး ဆီဒင်ကား Toyota Camry ၏ နောက်မျိုးဆက်သစ်ကို  ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ် အမျိုးအစား တစ်မျိုးတည်းသာ ထုတ်လုပ်ပါသည်။

 2025 Camry သည် ၂.၅ လီတာ ဓာတ်ဆီအင်ဂျင်ကို လျှပ်စစ်မော်တာ မောင်းနှင်စနစ်နှင့် ပေါင်းစပ်ထားသည်။ ရှေ့ဘီးယက်နှင့် ၄ ဘီးယက် ဗားရှင်း နှစ်မျိုး ထုတ်လုပ်မည်ဟု တိုယိုတာက ပြောကြားသည်။ 

လက်ရှိမျိုးဆက်တွင် ဆလင်ဒါ ၄ လုံးနှင့် ၆ လုံး အင်ဂျင်တပ်ဆင်ထားသည့် အင်ဂျင်ကား အမျိုးအစားကို ထုတ်လုပ်သော်လည်း မျိုးဆက်အသစ်တွင် ဟိုက်ဘရစ် အမျိုးစားတစ်မျိုးတည်းကိုသာ ထုတ်လုပ်မည် ဖြစ်သည်။

ကမ်မရီ ပထမဆုံးမျိုးဆက် မော်ဒယ်ကို လွန်ခဲ့သော နှစ်ပေါင်းလေးဆယ် ၁၉၈၃ ခုနှစ်တွင် စတင်ရောင်းချခဲ့ပါသည်။ 


လော့စ်အိန်ဂျလိစ်မှာ ကျင်းပသည့် လော့စ်အိန်ဂျလိစ် ကားပြပွဲ မတိုင်ခင်မှာ Toyota က အလယ်အလတ် အရွယ်အစား ကမ်မရီ ဆီဒင် နဝမမြောက် မျိုးဆက်ကို ထုတ်ဖော်ပြသခဲ့ပါသည်။


 

ကမ်မရီ လက်ရှိမျိုးဆက်နှင့် မျိုးဆက်သစ်တို့ကို နှိုင်းယှဉ် ဖော်ပြအပ်ပါသည်။
 

 

ဘေးဘက်အမြင်

ပုံဟောင်း

 

ပုံသစ်


ရှေ့တည့်တည့်အမြင်

ပုံဟောင်း

 

ပုံသစ်


တံဆိပ် အပြောင်းအလဲ

 

 

 

 

 

လျှပ်စစ်မော်တာဖြင့်လည်း မောင်းနှင်ကြောင်း အသိပေးသည့် အပြာစက်ဝိုင်းနှင့် "HEV" ("Hybrid Electric Vehicle") တံဆိပ်တို့ကို ယာဉ်နောက်ဘက်တွင် တပ်ဆင်ပေးထားသည်။ 


ဒက်ရှ်ဘုတ်

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

 

 

 

 

 

Read 2402 times