ဟောလိဝုဒ်မင်းသမီး Cameron Diaz အသုံးများသော Toyota Prius


သူ့၏ ရုပ်ရည် ရူပကာကြောင့်လည်း လူသိများထင်ရှားပါသည်။

ဖက်ရှင်မိုဒယ်ဘဝမှ လျှမ်းလျှမ်းတောက်အောင်မြင်သော မီလျံနာဟောလိဝုဒ်မင်းသမီးဘဝကို တက်လှမ်းနိုင်ခဲ့သည့် အသက် ၄၃ နှစ်အရွယ် အမေရိကန်မင်းသမီးချော ကမ်မရွန်းဒီးယက်ဇ်သည် ဟောလိဝုဒ်က နာမည်ကျော်လူချမ်းသာများနေထိုင်ရာ ဘီဗာလီဟေးလ်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးတစ်ဆောင်ဝယ်ယူခဲ့သည်မှလွဲ၍ အသုံးအဖြုန်းမကြီးတက်သော မီလျံနာမင်းသမီးတစ်လက်ဟု ဆိုနိုင်ပါသည်။

သူဒ နေ့စဉ်သွားလာရေးအတွက် စီးတော်ယာဉ်အဖြစ် Mercedes E350 နှင့် အနက်ရောင် Maserati Quattroporte တို့ကဲ့သို့ အဖိုးတန်ဇိမ်ခံကားများကို ပိုင်ဆိုင်ထားသော်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ယောက်ဖြစ်သည့် ဒီးယက်ဇ်သည် လေထုညစ်ညမ်းမှုနည်းပါးသည့် Toyota Prius ကဲ့သို့ နာမည်ကျော်ဟိုက်ဘရစ်ကားလေးတစ်စီးကိုပဲ မကြာခဏအသုံးပြုလေ့ရှိပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေလိုသောသူ၏ သဘောထားအရ နောက်ထပ်ဝယ်ယူထားသော ကားတစ်စီးမှာ နာမည်ကျော် လျှပ်စစ်စွမ်းအင်သုံးဇိမ်ခံကား Tesla Model S ပဲ ဖြစ်ပါသည်။

၂၀၀၉ ခုနှစ်ခန့်က ဒီးယက်ဇ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပညာပေးအနေဖြင့် Cameron Diaz Saves The World ဆိုသော ငါးမိနစ်စာ ဗီဒီယိုလေးကို ရိုက်ကူးခဲ့ပါသည်။

ထိုဗီဒီယိုထဲတွင် ဒီးယက်ဇ်နှင့် အမျိုးသမီးအဖော်တစ်ယောက်သည် သူ၏ ဟိုက်ဘရစ်ကားလေးကိုနိုင်ငံအနှံ လှည့်လည်မောင်းနှင်သော ပုံစံမျိုးပါဝင်ပါသည်။

သူ၏ မြောက်မြားလှသော ရုပ်ရှင်ဇာတ်လမ်းများထဲတွင် အက်ရှင်နှင့် သည်းထိတ်ရင်ဖိုရုပ်ရှင်များလည်း ပါဝင်ပြီး တစ်ချို့ဇာတ်လမ်းများတွင် ဒီးယက်ဇ်သည် လူစားမထိုးဘဲ ကိုယ်တိုင်စွန့်စားသရုပ်ဆောင်သကဲ့သို့ ကားမောင်းနှင်စွန့်စားခန်းတစ်ချို့တွင်လည်း ကိုယ်တိုင်မောင်းနှင်ခဲ့ပါသည်။

၂၀၁၀ ပြည့်နှစ်ခန့်က Knight and Day ရုပ်ရှင်ဇာတ်လမ်းကို အတူတကွ တွဲဖက်သရုပ်ဆောင်ခဲ့ကြသော ကမ်းမရွန်းဒီးယက်ဇ်နှင့် ဟောလိဝုဒ်မင်းသားကြီး တွမ်ခရူ့စ်တို့သည် ဇာတ်လမ်းထဲတွင် ကားစွန့်စားမောင်းနှင်ခန်းများကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း တကယ့်လက်တွေ့တွင် စွန့်စားရဲသူများဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။

 

Read 633 times